The Mandalay TV
The Mandalay TV မှ ကြိုဆိုပါတယ်
ဒီချန်နယ်လေးဟာ မန္တလေးမြို့ရဲ့သက်ဝင်လှုပ်ရှားမှုတွေအရောင်အသွေးစုံလင်တဲ့လူမှုဘဝတွေနဲ့ စိတ်လှုပ်ရှားစရာ ဇာတ်လမ်းတွေကိုစူးစမ်းလေ့လာချင်သူလူငယ်တွေအတွက်သီးသန့်ဖန်တီးထားတဲ့ချန်နယ်ဖြစ်ပါတယ်။ကျွန်တော်တို့ရဲ့ ချန်နယ်မှာ မန္တလေးရဲ့ လမ်းမတွေပေါ်က လူငယ်တွေရဲ့ အတွေးအမြင်နဲ့ သူတို့ရဲ့ ရိုးသားတဲ့ခံစားချက်တွေ၊ မန္တလေးရဲ့ နာမည်ကြီး အစားအသောက်တွေ၊ ဆိုင်ကောင်းတွေနဲ့ လူငယ်တွေကြိုက်တဲ့ ခေတ်ပေါ်စားစရာတွေကို လိုက်လံမြည်းစမ်းရင်း ဗဟုသုတတွေ၊ အတွေ့အကြုံတွေ မျှဝေပေးသွားပါမယ်။နောက်ထပ်လဲ ဘဝမှာ စိန်ခေါ်မှုတွေကို ရင်ဆိုင်နေရတဲ့ လူငယ်တွေအတွက် စိတ်ဓာတ်ခွန်အားဖြစ်စေမယ့်ဗီဒီယိုတွေနဲ့ အောင်မြင်တဲ့ လူငယ်တွေရဲ့ အကြံပြုချက်တွေကိုလည်းတင်ဆက်ပေးမှာပါ။ The Mandalay TV ဟာ မန္တလေးမြို့ကို ချစ်မြတ်နိုးတဲ့၊ ခေတ်မီတဲ့ အတွေးအခေါ်တွေရှိတဲ့ လူငယ်တွေအတွက် ဖျော်ဖြေရေး၊ ဗဟုသုတနဲ့ စိတ်ဓာတ်ခွန်အားတွေကို တစ်နေရာတည်းမှာ ရရှိနိုင်မယ့် ပလက်ဖောင်းတစ်ခု ဖြစ်ပါတယ်။မန္တလေးရဲ့ ထူးခြားတဲ့အငွေ့အသက်ကိုခံစားရင်းမန္တလေးရဲ့ လူနေမှုဘဝကိုသိမြင်ဖို့အတွက် ကျွန်တော်တို့ရဲ့ ချန်နယ်ကို Subscribe လုပ်ထားဖို့ မမေ့နဲ့နော်!