နေ့စဉ်ခွန်အား ESTERMOE@KOREA

အားလုံးပဲမင်္ဂလာပါ^^ ကျမရဲ့ YouTube Channel အားပေးမှုအတွက်ကျေးဇူးတင်ပါတယ်။ကျမသည်ခရစ်ယာန်အခေါ်အဝေါ်အမှုတော်ဆောင်သူတောမဟုတ်ပါဘူး။ကျေးဇူးတော်ကြောင့် ကျမ်းစာကို အစဉ်လိုက်နေ့တိုင်း ( SUNDAY ) တရက်လွဲလို့ဖတ်ဖြစ်ပါတယ်။ နေ့စဉ်ဆင်ခြင်ဖတ်ခဲ့သောကျမ်းပိုဒ်တွေကို " နေ့စဉ်ခွန်အား " pageမှာတော ကျမနားလည်သိသလောက်ပြန်ရှင်းပြခြင်းနှင်ကျမဘဝလက်တွေ့ သက်သေတွေကို ရေးလေ့ရှိပါတယ်။နောက်ပြီး ကိုးရီးယားနိုင်ငံမကပဲ ကမ္ဘာအသင်းသားအများဆုံးဘုရားကျောင်းတစ်ခုအပါအဝင်ဖြစ်သော full gospel church ရဲ့သင်းအုပ်ဆရာတော်ယုံဂီချို ရဲ့တရားဟောဒေသနာတွေ၊သူဘဝရဲ့လက်တွေ့ဖြစ်ရပ်မှန်သက်သေခံခြင်းစသည်တို့ကိုလည်း အပတ်တိုင်းတင်ပေးသွားပါမယ်။ရန်ကုန်မှာကတည်းကဆရာကြီးရဲ့တရားဟောချက်တွေကိုခွန်အားယူလာသူဖြစ်တယ်။လက်ရှိမှာတော ကျမလည်းအသင်းဝင်တယောက်ဖြစ်ပါပြီ။ အကြောင်းအမျိူးမျိူးကြောင့်ကျမ်းစာမဖတ်ဖြစ်တဲ့မိတ်ဆွေတွေအတွက် ကျမနှင့်အတူနေ့စဉ်ကျမ်းပိုဒ်တွေကိုဆင်ခြင်ရင်းခွန်အားယူကြရအောင် ဖိတ်ခေါ်ပါရစေနော်။အရောက်တိုင်းဘုရားသခင်ကောင်းကြီးပေးပါစေ။