V/O: Ye' Kaung Audio channel

ကျွန်တော်တို့ရဲ့ ချန်နယ်ဟာ စိတ်ဝင်စားဖွယ်၊ စွန့်စားခန်းများနဲ့ မြန်မာမုဆိုးဝတ္ထုဇာတ်လမ်းကောင်းများကို မူရင်းအရသာမပျက် တင်ဆက်ပေးနေတဲ့ နေရာပဲ ဖြစ်ပါတယ်။ဝတ္ထုများကို ဖတ်ပြတဲ့အခါမှာ စာရေးဆရာရဲ့ မူလရေးသားချက် စကားလုံးတွေ၊ စာလုံးပေါင်းသတ်ပုံတွေနဲ့ စာကြောင်းဖွဲ့စည်းပုံတွေကို တစ်လုံးတစ်ပါဒမှ ပြင်ဆင်ခြင်း မပြုဘဲ အတိအကျ ဖတ်ကြားတင်ဆက်သွားမှာ ဖြစ်ပါတယ်။ စာရေးဆရာရဲ့ မူရင်းလက်ရာကို လေးစားတဲ့အနေနဲ့ လုံးဝပြင်ဆင်မှု မပြုထားဘဲ မူလအတိုင်း ဖတ်ပြတဲ့အခါမှာ ခေတ်အဆက်ဆက် အရေးအသားပုံစံ ကွာခြားမှုများကြောင့်သော်လည်းကောင်း၊ ဒေသဆိုင်ရာ အသုံးအနှုန်းများကြောင့်သော်လည်းကောင်း၊ တစ်ခါတစ်ရံ နားထောင်ရသူအတွက် စာကြောင်းအချို့က အနည်းငယ် နားလည်ရခက်တာမျိုး အဆင်မပြေမှု၊ အနည်းငယ် တိုက်မိခိုက်မိတာမျိုးတွေ ဖြစ်ပေါ်နိုင်တာကိုတော့ နားဆင်သူ ပရိသတ်ကြီးအနေနဲ့ နားလည်ပေးဖို့အတွက် ကြိုတင်မေတ္တာရပ်ခံချင်ပါတယ်။ အဆိုပါ အခက်အခဲ၊ အဆင်မပြေမှုများအတွက် ခွင့်လွှတ်နားလည်ပေးဖို့၊ သည်းခံပေးဖို့ လေးစားစွာ တောင်းပန်အပ်ပါတယ်။စာရေးဆရာရဲ့ အနှစ်သာရကို မပျက်ဘဲ ခံစားနားဆင်နိုင်ကြပါစေလို့ ဆန္ဒပြုရင်း၊ ဇာတ်လမ်းများစွာကိုနားဆင်နိုင်ပါပြီခင်ဗျာ။