မောင်တောခရိုင်မှာ နယ်ခြားစောင့်တပ်ဖွဲ့ဝင် သုံးထောင်ကျော်ခန့်သေဆုံး
Автор: Border News Agency
Загружено: 2024-11-19
Просмотров: 718253
မောင်တောခရိုင်မှာ နယ်ခြားစောင့်တပ်ဖွဲ့ဝင် သုံးထောင်ကျော်ခန့်သေဆုံး
Border News Agency
မောင်တော၊နိုဝင်ဘာ ၁၉။
အာရက္ခအဆုံးအဖြတ်စစ်ပွဲမှာ မောင်တောခရိုင်မှ နယ်ခြားစောင့်တပ်ဖွဲ့ဝင်သုံးထောင်ကျော်ခန့်ထိ သေဆုံးသွားခဲ့တယ်လို့ နယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင်တွေနဲ့မိသားစုဝင်တွေက အတည်ပြုပြောကြပါတယ်။
အဲဒီရသေ့တောင်၊ဘူးသီးတောင်၊မောင်တော မြို့နယ်ရှိနယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင်အားလုံးဟာ အာရက္ခတပ်တော်ရဲ့ထိုးစစ်ဆင်တိုက်ခိုက်တာတွေခံခဲ့ကြရပါတယ်။
အဲဒီအထဲက လက်နက်ချအညံ့မခံကြသူအားလုံးသေဆုံးဒဏ်ရာရခဲ့ကြတယ်လို့ နယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင်တွေနဲ့မိ သားစုဝင်တွေက ဆိုကြပါတယ်။
အဲဒီနယ်ခြားစောင့်တပ်ဖွဲ့ဝင်တွေဟာ စစ်သားတွေရဲ့အမိန့်ပေးတဲ့အတိုင်း တိုက်ခိုက်သူတွေ သေဆုံးခဲ့ကြတာဖြစ်ပါတယ်။
အဲဒီအထဲက ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ထွက်ပြေးခဲ့ကြသူတွေ အသက်ချမ်းသာရာရသွားခဲ့ကြပါတယ်။
နောက်ပြီး အာရက္ခတပ်တော်ဆီမှာ လက်နက်ချတွေ အသက်ချမ်းသာရာရသွားခဲ့ကြတယ်လို့ နယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင်တွေနဲ့မိသားစုဝင်တွေက ဆိုကြပါတယ်။
မောင်တောဒေသမှာ နယ်ခြားစောင့်ရဲ တပ်ဖွဲ့ ၁၀ ရင်းနဲ့နယ်မြေရုံး ၁၁ ရုံးရှိပါတယ်။အဲဒီအပြင် နယ်မြေရဲစခန်း ၁၂နဲ့နယ်စပ်ခြံစည်းရိုးကင်းစခန်း ၁၂ ခုရှိပါတယ်။နောက်ထပ် ချောင်း၀ကင်းစခန်း ၂၇ ခုနဲ့ကင်းစခန်း ၁၂၉ ခုရှိပြီးစုစုပေါင်း ၂၀၁ နေရာဖြစ်ပါတယ်။
အဲဒီနေရာတွေကို နယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင်ခုနှစ်ထောင်ခန့်နဲ့နယ်ခြားစောင့်ရဲကွပ်ကဲမှုအဖွဲ့မှူးရုံးက ဆောင်ရွက်ခဲ့ကြတာဖြစ်ပါတယ်။
အဲဒီနယ်ခြားစောင့်တပ်ရင်းတွေဟာ မောင်တောမြို့နယ်မှာရှစ်ရင်းရှိပြီးဘူးသီးတောင်မြို့နယ်မှာနှစ်ရင်းရှိခဲ့ပါတယ်။
ရသေ့တောင်မြို့နယ်မယူကမ်းဒေသမှာတော့ ကင်းစခန်းတွေသာရှိခဲ့ပါတယ်။အဲဒီနေရာတွေက နယ်ခြားစောင့်ရဲတပ် ဖွဲ့ဝင်အများစု သေဆုံးဒဏ်ရာရရှိခဲ့ကြပါတယ်။
အဲဒီနယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင်ခုနှစ်ထောင်ခန့်ထဲက နှစ်ထောင်နီးပါးဟာ အာရက္ခတပ်တော်(AA)ဆီမှာလက်နက် ချအညံ့ခံအလံဖြူထောင်အဖမ်းခံထားကြရပါတယ်။
နောက်ထပ်တစ်ထောင်နီးပါးဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ထွက်ပြေးခဲ့ကြသလိုစစ်တွေမြို့သို့ နှစ်ရာကျော်ခန့်ထွက် ပြေးလွှတ်မြောက်သွားကြပါတယ်။
မောင်တောမြို့နယ်မှာ အမှတ် ၅ နယ် ခြားစောင့်ရဲတပ်ရင်းသာကျန်ပြီး အရာ ရှိရှစ်ဆယ်ခန့်အပါ အဝင်နယ်ခြားစောင့်တပ်ဖွဲ့ဝင် ခြောက်ရာသုံးဆယ်ခန့်သာရှိပါတယ်။
ဒါပေမယ့် အာရက္ခတပ်တော်ရဲ့ထိုးစစ်ဆင်တိုက်ခိုက်မှုကြောင့် သေဆုံးဒဏ် ရာရရှိသူတွေများနေကြပါတယ်။
အဲဒါကြောင့် လက်နက်ချအညံ့ခံအလံဖြူထောင်ကြဖို့ မိသားစုဝင်တွေ တော င်းဆိုနေကြပါတယ်။
ဒါပေမယ့် စစ်ကောင်စီတပ်အရာရှိကြီးတွေကတော့ အောက်ခြေတပ်ဖွဲ့ဝင်တွေကို ထိုးကျွေးအသေခံတိုက်နေကြတယ်လို့ ဆိုကြပါတယ်။
Myanmar Edtion Website bordernewsagency.com
English Edtion Website Bordernewsagency.net
Telegram https://t.me/bordernews
Facebookfacebook.com/bordernewsagency
Twittertwitter.com/BNANewsAgency
/ @bordernewsagency
@AAInfoDesk @A̹̔ @aljazeeraenglish @ProthomAlo @abcnewsaustralia @ArakanTimes914 @bordernewsagency @AIT-image @tahtahsharingaboutthailand @BBCNewsBurmese @dhammaboxmyanmar @B̈̇ @ByTheWay-r2m @MrBeast @mahabuddha9868 @mahabuddha9868 @FridayNightsFunkin @colorstv @TheDailyStarNews @KidsDianaShow @LayWaddyFM.ARAKAN @laywadimedia @radiofoortitube @aljazeeraenglish @HtooEainThinOfficial @g̈̇ @myanmarnownews @BBCNewsBurmese @mizzimanewsTV @MPANewsChannel @mahabuddha9868
Доступные форматы для скачивания:
Скачать видео mp4
-
Информация по загрузке: