Популярное

Музыка Кино и Анимация Автомобили Животные Спорт Путешествия Игры Юмор

Интересные видео

2025 Сериалы Трейлеры Новости Как сделать Видеоуроки Diy своими руками

Топ запросов

смотреть а4 schoolboy runaway турецкий сериал смотреть мультфильмы эдисон
dTub
Скачать

ကျားဖြန့် တိုက်ဖျက်ရေး စစ်တပ်ကိုသင်ခန်းစာပေးလိုက် တဲ့ KNU | People's Spring

Автор: People's Spring

Загружено: 2025-12-07

Просмотров: 53676

Описание:

ကျားဖြန့် တိုက်ဖျက်ရေး စစ်တပ်ကိုသင်ခန်းစာပေးလိုက် တဲ့ KNU

နေ့သစ်/People's Spring

အာဏာသိမ်းစစ်တပ်နဲ့ ကရင်နယ်ခြားစောင့်တပ်(BGF)တို့ရဲ့ကျားဖြန့် တိုက်ဖျက်ရေး ဆိုပြီးလုပ်ကိုင်နေတာတွေ နဲ့ ကရင်အမျိုးသားအစည်းအရုံး(KNU)ရဲ့ ကျားဖြန့်နှိမ်နင်းရေးလုပ်ရပ်တွေ အကွာခြားကြီးကွာခြားပုံကို အခုတပါတ်ပြောပြပါမယ် ။

စစ်တပ်နဲ့ BGF တို့က ပြီးခဲ့တဲ့အောက်တိုဘာလကစပြီး KK Park ကကျားဖြန့်လုပ်ငန်းတွေကို နှိမ်နင်းတယ်ဆိုပြီး လုပ်ကိုင်နေသူတွေကိုထွက်ပြေးခိုင်း ၊သူဌေးတွေကိုနေရာပြောင်းပေးပြီး အဆောက်အအုံတွေကို မိုင်းခွဲဖျက်ဆီးနေပါတယ်။ အောက်တိုဘာလကနေ ဒီနေ့အထိ အဆောက်အအုံတွေကို ဆက်တိုက်မိုင်းခွဲဖြိုချနေပါတယ်။ ဒီဇင်ဘာ လဆန်းအထိ အဆောက်အအုံ ၂၉၇ လုံးကိုဖောက်ခွဲဖျက်ဆီးခဲ့တယ်လို့ စစ်အုပ်စုကထုတ်ပြန်ထားပါတယ် ။

ဒါအပြင် ကျားဖြန့်လုပ်ငန်းအများစုရှိတဲ့ ရွှေကုက္ကိလ်မြို့သစ်က အဆောက်အအုံ ၁၆၁ လုံးကိုလည်း ချိတ်ပိတ်ထားတယ်လို့ စစ်တပ်ကဆိုပါတယ် ။

ကျားဖြန့်လုပ်ကိုင်သူတွေအသုံးပြုတဲ့ မိုဘိုင်းလ်ဖုန်းတွေ ၊ကွန်ပျူတာတွေ စတဲ့ဆက်စပ်ပ္စည်းတွေကိုလည်း လမ်းကြိတ်စက်တွေနဲ့ကြိတ်ပြီး ဖျက်ဆီးပြနေပါတယ် ။

ဒါကြောင့် စစ်တပ်နဲ့ BGF က ကျားဖြန့်နှိမ်နင်းရေးလုပ်တာဟာ ကျားဖြန့်တွေနဲ့ပတ်သက်တဲ့ သက်သေတွေဖျောက်ဖို့ကြိုးစားနေတာလို့ဝေဖန်မှုတွေကျယ်လောင်စွာထွက်ပေါ်လာပါတယ် ။

အဲဒီအချက်ကို အားကောင်းစေတာကကျားဖြန့်လုပ်ကိုင်တဲ့ အဓိကတာဝန်ရှိသူတွေကိုထွက်ပြေးခိုင်းပြီး ဖမ်းမမိပဲ အောက်ခြေဝန်ထမ်းတွေကိုသာ အဖမ်းပြ ပြန်လွှတ်ပေးနေတဲ့အခြေအနေဖြစ်ပါတယ်။

အာဏာသိမ်းဒုခေါင်းဆောင် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းကိုယ်တိုင်က ကျားဖြန့်လုပ်ငန်းတွေက သိမ်းဆည်းရရှိတဲ့ မိုဘိုင်းဖုန်းတွေ ၊ ကွန်ပျူတာနဲ့ ဆက်စပ်ပစ္စည်းတွေကို ဖျက်ဆီးဖို့အမိန့်ပေးထားတယ်လို့ ထိုင်းသတင်းဌာနအချို့က ဖော်ပြပါတယ် ။ မဖျက်ဆီးရင် အရေးယူခံရမယ်လို့လည်းဆိုပါတယ် ။

ဒါပေမယ့် မြေပြင်မှာ အမှန်တကယ်ဖြစ်ပျက်နေတာတွေကတော့ စစ်တပ်နဲ့ BGF က ကျားဖြန့်ရုံတွေ အဖမ်းပြ ဖျက်ဆီးမယ်ဆိုရင် ကျားဖြန့်သူဌေးတွေက အရင်ကြိုသိပြီး အခြားနေရာကို စစ်တပ်လက်အောက်ခံ လက်နက်ကိုင်အဖွဲ့တွေကို ငွေများစွာပေးပြီး ကြိုတင်ရှောင်တိမ်းပြီးဖြစ်နေကြတာဖြစ်ပါတယ်။ ဒါကြောင့် KK Park ၊ရွှေကုက္ကိုလ်ကနေ ငွေပေးပြီး လက်နက်ကိုင်အဖွဲ့တွေကရွေ့ပြောင်းပေးလိုက်တဲ့အရေအတွက်ဟာမနည်းသလို နေရာတွေလည်း စုံပါတယ် ။

ကရင်ပြည်နယ်က နယ်စပ်တွေ အပြင် ရန်ကုန်လိုနေရာအထိပါ ငွေပေးပြီးရွေ့ပြောင်းသွားတဲ့သူတွေရှိတယ်လို့ စုံစမ်းသိရပါတယ် ။ဘုရားသုံးဆူဘက် ၊ဘားအံ့ဘက် ကနေ ရန်ကုန်အထိရောက်ကုန်တာပါ ။ဒါကြောင့် စစ်အုပ်စုလုပ်တဲ့ကျားဖြန့် နှိမ်နင်းရေးက နယ်စပ်မှာရှိတဲ့ ကျားဖြန့်လုပ်ငန်းကို တနိုင်ငံလုံးပြန့်နှံ့သွားအောင် တုတ်နဲ့ထိုးလိုက်သလိုပါဖြစ်စေတယ်လို့ မြဝတီဒေသက ကျားဖြန့်လုပ်ငန်းတွေကိုစောင့်ကြည့်နေသူအချို့ကပြောပါတယ် ။

ဒါ့အပြင် စစ်အုပ်စုက KK Park ၊ ရွှေကုက္ကိုလ်မှာကျားဖြန့်အဓိက လုပ်ကိုင်နေသူတွေဆိုပြီး တရုတ်နိုင်ငံသား ၈၀ လောက်ကို နေပြည်တော်ကိုပို့ဖို့စီစဉ်နေတယ်လို့ သိရပါတယ်။ တကယ်တော့ အဲဒီဖမ်းဆီးထားသူတွေထဲမှာ ကျားဖြန့်လုပ်ငန်းတွေကို အဓိက ကြိုးကိုင်နေသူတွေမပါပဲ အောက်ခြေအဆင့်ဝန်ထမ်းတွေ ၊မလည်မဝယ်တွေသာဖြစ်တယ်လို့ ဖြစ်စဉ်ကိုသိသူအချို့ကပြောပါတယ်။

"အယောင်ပြ နေပြည်တော် ပို့မယ့် အယောက် ၈၀ ကလည်းကျားဖြန့်တော့ကျားဖြန့်ပဲ ထမင်းချက်၊ဟင်းချက် မလည်မဝယ်တွေများတယ်"လို့ အမည်မဖော်လို့တဲ့သတင်းရင်းမြစ်တဦးကပြောပါတယ်။

ဒါပေမယ့် စစ်တပ်ကတော့ ကျားဖြန့်နှိမ်နင်းရေးလုပ်နေတယ်ဆိုတဲ့ ပုံရိပ် နိုင်ငံတကာကိုပြချင်လို့ အဆောက်အအုံတွေကိုဆက်တိုက်ဗုံးခွဲပြနေပါတယ် ။အခုတကြိမ်က ၂၀၂၅ နှစ်ဆန်းပိုင်းမှာ တရုတ်အစိုးရဖိအားကြောင့် တရုတ်-ထိုင်း-မြန်မာသုံးနိုင်ငံပေါင်းပြီး မီးဖြတ် ၊အင်တာနက်ဖြတ် ၊စက်သုံးဆီဖြတ်ပြီး လူဖမ်းပွဲလုပ်ခဲ့တုန်းကအခြေအနေတွေနဲ့မတူတော့ပါဘူး။

အထူးသဖြင့် စစ်တပ်က ကျားဖြန့် တိုက်ဖျက်ရေးမှာ အမေရီကန် အစိုးရပါဝင်လာတာကို စိုးရိမ်နေတာဟာ မဖုံးနိုင်မဖိနိုင်အခြေအနေဖြစ်ပါတယ် ။ အမေရီကန် အစိုးရက အွန်လိုင်းငွေလိမ်လုပ်ငန်းနှိမ်နင်းရေး အထူးတပ်ဖွဲ့(Scam Centre Strike Force-SCSF) ဖွဲ့စည်းပြီး လုပ်ငန်းတွေစတင်နေကြောင်းကြေညာပြီကတည်းက စစ်အုပ်စု ပြာယာခတ်နေတာဖြစ်ပါတယ်။ ဒီလုပ်ငန်းတွေကို ဘယ်သူတွေလုပ်ပြီး အကာအကွယ်ပေးနေတာလဲဆိုတော့ စစ်တပ်လက်အောက်ခံ BGF ၊ စစ်တပ်နဲ့အပစ်ရပ်ထားပြီး အစဉ်အဆက် စစ်တပ်နဲ့နီးစပ်တဲ့ DKBA တို့ဖြစ်နေပြန်ပါတယ်။

United States Institute of Peace(USIP)ရဲ့ အစီရင်ခံစာတွေအရ BGF ဟာကျားဖြန့်လုပ်ငန်းတွေကနေ နှစ်စဉ် ဒေါ်လာသန်းရာနှင့်ချီ ရရှိနေတယ်လို့ဖော်ပြပါတယ်။ BGF ဟာ စစ်ကောင်စီရဲ့ ကွပ်ကဲမှုအောက်မှာ ရှိပါတယ် ။ဒါကြောင့် BGF အဖွဲ့ ဝင်ငွေရဲ့ ၅၀ ရာခိုင်နှုန်းလောက်ကို စစ်တပ်ကို ခွဲဝေပေးတယ်လို့အစီရင်ခံစာတွေက ဆိုပါတယ် ။

ဒါကြောင့် စစ်အုပ်စုဟာကျားဖြန့်နှိမ့်နင်ရေးခေါင်းစဉ် နဲ့ ကျားဖြန့်သက်သေတွေဖျောက်ဖျက်နေတာလို့ ပြည်တွင်းပြည်ပ စောင့်ကြည့်သူတွေကပြောပါတယ် ။

နိုင်ငံတကာ ရာဇဝတ်မှုခင်းများ ကိုင်တွယ်ရေး ကမ္ဘာလုံးဆိုင်ရာ အဖွဲ့ ဖြစ်တဲ့ GI-TOC က အကြီးတန်း ပညာရှင်ဖြစ်တဲ့ ဂျေဆင်တာဝါ ကတော့ စစ်တပ်လက်အောက်ခံလက်နက်ကိုင်အဖွဲ့တွေအကာအကွယ်ပေးထားတဲ့ကျားဖြန့်လုပ်ငန်းတွေအားလုံးရဲ့နောက်ကွယ်မှာ အာဏာသိမ်းစစ်တပ်ရှိနေတာဖြစ်တယ်လို့ Channel 4 News ကိုပြောပါတယ်။ ကျားဖြန့်လုပ်ငန်းတွေကို အကာအကွယ်ပေးလည်ပတ်စေတာဟာ စစ်အုပ်စုအတွက် ဒေါ်လာဘီလံယံနဲ့ချီတဲ့ ငွေတွေရဖို့အတွက် အဓိကမက်လုံးဖြစ်စေတယ်လို့ ဂျေဆင်တာဝါကသုံးသပ်လိုက်ပါတယ်။ ။

𝗣𝗲𝗼𝗽𝗹𝗲'𝘀 𝗦𝗽𝗿𝗶𝗻𝗴

  / subscribe  
𝗬𝗼𝘂𝗧𝘂𝗯𝗲 -    / @peoplespring  
𝗙𝗮𝗰𝗲𝗯𝗼𝗼𝗸 -   / ludunwayoo  
𝗪𝗲𝗯𝘀𝗶𝘁𝗲 - https://www.ludunwayoo.com/
𝗧𝗲𝗹𝗲𝗴𝗿𝗮𝗺 - https://t.me/peoplespring

#ludunwayoo #လူထုနွေဦး #PS #People*sSpring #myanmar #NewsMedia #media #politics #international #trending #new #update #info #newsfeed #dailynews #newsupdate #breakingnews #myanmarnews #updatenews #PSA

ကျားဖြန့် တိုက်ဖျက်ရေး စစ်တပ်ကိုသင်ခန်းစာပေးလိုက် တဲ့ KNU  | People's Spring

Поделиться в:

Доступные форматы для скачивания:

Скачать видео mp4

  • Информация по загрузке:

Скачать аудио mp3

Похожие видео

Khit Thit သတင်းဌာန၏ ဒီဇင်ဘာ ၇ ရက် နေ့လယ်ပိုင်း ရုပ်သံသတင်းအစီအစဉ်

Khit Thit သတင်းဌာန၏ ဒီဇင်ဘာ ၇ ရက် နေ့လယ်ပိုင်း ရုပ်သံသတင်းအစီအစဉ်

FERRANDO TORRES Z HAT-TRICKIEM, BRAMKOWE SHOW, BARCA STRZELA 5 GOLI, W TYM 4 DO PRZERWY | SKRÓT

FERRANDO TORRES Z HAT-TRICKIEM, BRAMKOWE SHOW, BARCA STRZELA 5 GOLI, W TYM 4 DO PRZERWY | SKRÓT

Mogok–Momeik: Junta Camp Captured Despite China’s Pressure

Mogok–Momeik: Junta Camp Captured Despite China’s Pressure

Jeden z najlepszych filmów z Jackie Chanem | Ocena 5+ | Lektor PL

Jeden z najlepszych filmów z Jackie Chanem | Ocena 5+ | Lektor PL

DVB Digital မနက် ၁၁ နာရီ သတင်း (၇ ရက် ဒီဇင်ဘာလ ၂၀၂၅)

DVB Digital မနက် ၁၁ နာရီ သတင်း (၇ ရက် ဒီဇင်ဘာလ ၂၀၂၅)

🔴 UFC 323: Post-Fight Press Conference

🔴 UFC 323: Post-Fight Press Conference

Khit Thit သတင်းဌာန၏ ဒီဇင်ဘာ ၇ ရက် မနက်ပိုင်း ရုပ်သံသတင်းအစီအစဉ်

Khit Thit သတင်းဌာန၏ ဒီဇင်ဘာ ၇ ရက် မနက်ပိုင်း ရုပ်သံသတင်းအစီအစဉ်

မန္တလေးဆန္ဒပြပွဲ အားပေးလို့ဆိုပြီး စျေးချိုအနီး ဆိုင်တွေကို စစ်အုပ်စု ဖျက်ဆီး | People's Spring

မန္တလေးဆန္ဒပြပွဲ အားပေးလို့ဆိုပြီး စျေးချိုအနီး ဆိုင်တွေကို စစ်အုပ်စု ဖျက်ဆီး | People's Spring

အဘ ဘုရားရောက် မြသပိတ်ပျောက် (660) (Part-1) (7.12.25) #seinthee #revolution #စိန်သီး #myanmar

အဘ ဘုရားရောက် မြသပိတ်ပျောက် (660) (Part-1) (7.12.25) #seinthee #revolution #စိန်သီး #myanmar

ЕС готовит

ЕС готовит "РЕПАРАЦИОННЫЙ КРЕДИТ" для Украины без риска для Бельгии! | Наше время

Саудовская Аравия кинула Путина с нефтедобычей. Михаил Крутихин

Саудовская Аравия кинула Путина с нефтедобычей. Михаил Крутихин

MPA နေ့လယ် ၁၂ နာရီသတင်း (၇ ရက်၊ ဒီဇင်ဘာ၊ ၂၀၂၅)

MPA နေ့လယ် ၁၂ နာရီသတင်း (၇ ရက်၊ ဒီဇင်ဘာ၊ ၂၀၂၅)

Nazistowski Okręt Podwodny W Głębinach | Odnaleziony Wraz Ze Swoją Załogą 80 Lat Później

Nazistowski Okręt Podwodny W Głębinach | Odnaleziony Wraz Ze Swoją Załogą 80 Lat Później

Я купил мини-экскаватор из Китая и ЭТО пришло!

Я купил мини-экскаватор из Китая и ЭТО пришло!

Спокойная классика | Бах, Бетховен, Шопен, Дебюсси, Лист, Мендельсон, Моцарт, Сати, Шуман

Спокойная классика | Бах, Бетховен, Шопен, Дебюсси, Лист, Мендельсон, Моцарт, Сати, Шуман

ПОДОЛЯК на FREEДОМ:Мирный трек–итоги переговоров делегаций во Флориде и Москве.FREEДOM.3 грудня 2025

ПОДОЛЯК на FREEДОМ:Мирный трек–итоги переговоров делегаций во Флориде и Москве.FREEДOM.3 грудня 2025

ပထမအချီမှာတင် အနိုင်ရပြီး ဂျိုရှူအာဗန် ချန်ပီယံဖြစ်ပြီ....🇲🇲🇲🇲🇲🇲

ပထမအချီမှာတင် အနိုင်ရပြီး ဂျိုရှူအာဗန် ချန်ပီယံဖြစ်ပြီ....🇲🇲🇲🇲🇲🇲

Is Myanmar's Business Market Hiding a DARK SECRET?

Is Myanmar's Business Market Hiding a DARK SECRET?

© 2025 dtub. Все права защищены.



  • Контакты
  • О нас
  • Политика конфиденциальности



Контакты для правообладателей: [email protected]