ပုပ္ပားကို ဝန်းရံထားသော တောင် ၉လုံး နှင့် ပုပ္ပား မှ ပလ္လင် ၉ ဋ္ဌာန
Автор: maw win ko
Загружено: 2023-09-10
Просмотров: 459
ပုပ္ပားတောင်သည် မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ပုဂံမြို့၏ တောင်ဘက် ပုပ္ပားမြို့အနီး တည်ရှိသည်။ ပုပ္ပားမြို့လေးသည် UNESCO စာရင်းဝင်ကမ္ဘာ့ အမွေအနှစ်တစ်ခုဖြစ်သော ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေဖြစ်သည်။စံကားဝါမြေဆီသို့ သွားရာလမ်းတစ်လျှောက်၌ အညာမြေ၏ အငွေ့အသက် ဖြစ်သော လွမ်းမောဖွယ်ရာ ထန်းတောများကို မြင်တွေ့ရမည်ဖြစ်ပြီး ထန်းသမားတို့၏ဘဝဓလေ့တို့ကိုလည်း ဝင်ရောက်လေ့လာခံစားနိုင်ပါသည်။ အဆိုပါ ထန်းတောတို့တွင် အညာမြေ၏အနှစ်သာရဖြစ်သည့် ထန်းရည်ချိုနှင့် ဘူးသီးကြော်တို့၏ လိုက်ဖက်လှသောအရသာကို မြည်းစမ်းနိုင်သည်။ ထို့အပြင် ထန်းလျက်ပြုလုပ်ပုံ အဆင့်ဆင့်ကိုလည်း စူးစမ်းလေ့လာနိုင်မည်ဖြစ်ပြီး ထန်းလျက်အမျိုးမျိုးနှင့် သန့်ရှင်းလတ်ဆတ်သော ထန်းသီးဆန်၊ ထန်းမြစ်တို့ကိုလည်း အညာပြန်လက်ဆောင်အဖြစ် ဝယ်ယူနိုင်မည်ဖြစ်ပါသည်။
ထိုမှတစ်ဆင့် ခရီးဆက်လာပြီး ရာသီဥတုအနည်းငယ်ပြောင်းလဲလာ၍ အေးစိမ့်စိမ့်လေးဖြစ်လာသည်နှင့်တစ်ပြိုင်နက် ပုပ္ပား မြို့အနီးသို့ ရောက်ရှိလာပြီဖြစ်ကြောင်း သိနိုင်ပါသည်။
ပုပ္ပားမြို့သည်မြေပြန့်ဒေသတွင်ရှိသော်လည်း အနီးအနားရှိမြို့များနှင့်နှိုင်းယှဉ်လျှင် အမြင့်ပိုင်းတွင် တည်ရှိနေသောကြောင့် အေးမြသောရာသီဥတုကို ခံစားရသည်။ ပုပ္ပားတောင်တက်လမ်းတစ်လျှောက်တွင် သစ်တောများပေါများလှသောကြောင့် အေးမြသောအအေးဓာတ်ကိုခံစားရမည်ဖြစ်သည်။
ပုပ္ပားဟူသောစကားလုံးသည် ပုပ္ပဟူသောပါဠိစကားမှဆင်းသက်လာပြီး “ပန်း” ဟူ၍ အဓိပ္ပာယ် သက်ရောက်ပါသည်။ စံကားဝါမြေ ရွှေပုပ္ပားတွင် စံကားဝါပန်းများပွင့်ချိန်၌ ရွှေတောင်ကြီး အလားပင် စံကားဝါပန်းများဖြင့် ဝင်းဝါမွှေးကြိုင်နေတတ်ပြီး အထူးသဖြင့် တန်ခူး၊ ကဆုန်၊ နယုန်လတို့ တွင် အများဆုံးပွင့်လေ့ရှိသည်။ ပုပ္ပားတောင်ဟုဆိုရာတွင် ၄၉၈၁ ပေ အမြင့်ရှိသော ပုပ္ပားတောင်မကြီးနှင့် ရှေးခေတ်အခါက မီးတောင်ဖြစ်ပေါ်နေစဉ်အတွင်း၌ တည်ရှိခဲ့သော ချော်ရည်တိုင် (ယခုခေတ် တန်ခိုးကြီးဘုရားများတည်ထားကိုးကွယ်ရာတောင်ကလပ်) ဟူ၍ရှိသည်။ ပုပ္ပားတောင်ကလပ်မှာ ၂၄၁၇ ပေ အမြင့်ရှိပြီး ပုပ္ပားတောင်မကြီးပေါက်ကွဲ ရာမှ ပဲ့ထွက်လာသောအစိတ်အပိုင်းဖြစ်သည်ဟု ဆိုကြသည်။ ပုပ္ပားနှင့်ပတ်သက်၍ပုပ္ပားတောင်မှ သံသတ္တုမထွက်ခြင်း၊ မြေအိုး/မြေခွက်ပြုလုပ်ခြင်းဖြင့် မကြီးပွားနိုင်ခြင်း၊ သဘာဝစိမ့်စမ်းရေများ ပေါများခြင်း၊ မြွေဆိုးမရှိခြင်း၊ ဆေးဖက်ဝင်အပင်များပေါများခြင်း စသည့် အံ့ဖွယ်များလည်းရှိသည်ဟု ဆိုကြသည်။
Доступные форматы для скачивания:
Скачать видео mp4
-
Информация по загрузке: