ကျားဖြန့်လုပ်ငန်းတွေကနေ ဖမ်းမိတဲ့ မြန်မာ ၁၃၀၀ ကျော်ကို ပြန်လွှတ်ပေး
Автор: Federal FM Radio
Загружено: 2025-12-02
Просмотров: 802
ကျားဖြန့်လုပ်ငန်းတွေကနေ ဖမ်းမိတဲ့ မြန်မာ ၁၃၀၀ ကျော်ကို ပြန်လွှတ်ပေး
ဖက်ဒရယ် FM | ဒီဇင်ဘာလ ၂ ရက်
မြဝတီမြို့နယ်၊ မင်းလက်ပံကျေးရွာက ကျားဖြန့်လုပ်ငန်းခွင်တွေကနေ ဖမ်းဆီးရမိခဲ့တဲ့ အခြေခံလုပ်သား မြန်မာ ၁၃၀၀ ကျော်ကို မြဝတီကနေ ပြန်လွှတ်ပေးလိုက်တယ်လို့ ကရင်အမျိုးသားအစည်းအရုံး (KNU) စစ်ရေးသတင်းရင်းမြစ်ထံကနေ သိရပါတယ်။
ပြီးခဲ့တဲ့ နိုဝင်ဘာလ ၂၇ ရက်၊ နေ့လယ်ပိုင်းအချိန်လောက်မှာ ပြန်လွှတ်လိုက်တာဖြစ်တယ်လို့ သိရပါတယ်။
“နိုဝင်ဘာ ၂၇ ရက်၊ နေ့လယ်ပိုင်းအချိန်လောက်က ဒီဝန်းထဲလာလုပ်နေတဲ့ မြန်မာနိုင်ငံသား ဆောက်လုပ်ရေးလုပ်သားတွေ ပြီးလို့ရှိရင် တချို့အခြေခံဝန်ထမ်းတွေ သန့်ရှင်းရေး၊ လုံခြုံရေးဝန်ထမ်းတွေနဲ့ အချို့သော Scamming လုပ်ငန်းတွေမှာ လုပ်ကိုင်တဲ့သူတွေကိုတော့ ကျွန်တော်တို့ မြဝတီဘက်ကို ပြန်လွှတ်ပေးလိုက်တယ်ပေါ့။ ဒီဝန်းထဲမှာတော့ ဆက်မထားတော့ဘူး။ ကိုယ့်အစီအစဉ်နဲ့ကိုယ် ပြန်ကြတယ်ပေါ့” လို့ သူက ပြောပါတယ်။
KNU ရဲ့ ဒီနေ့ထုတ်ပြန်တဲ့ ထုတ်ပြန်ချက်အရလည်း မြန်မာနိုင်ငံသား ၁၃၃၃ ယောက် လွှတ်ပေးခဲ့တယ်လို့ သိရပါတယ်။
ကျားဖြန့်လုပ်ငန်းခွင်တွေကနေ ဖမ်းဆီးရမိတဲ့ လုပ်သားတွေထဲက ၁၀၀၀ ကျော်ကို KNU က ထိုင်းနိုင်ငံကနေတဆင့် မိခင်နိုင်ငံအသီးသီးကို ပြန်ပို့ခဲ့ပြီး လက်ရှိမှာ ၁၂၀၀ နီးပါး ကျန်ရှိနေသေးတယ်လို့ သိရပါတယ်။
အဲဒီအထဲက ၁၈၀ နီးပါးကတော့ မိခင်နိုင်ငံအသီးသီးကို ပြန်နိုင်ရေး ထိုင်း-မြန်မာနယ်စပ် သောင်ရင်းမြစ်ကမ်းမှာ စောင့်ဆိုင်းနေကြပါတယ်။
ရုပ်သံ - FFM
#ကျားဖြန့် #မြန်မာလုပ်သား #KNU #ပြန်လွှတ် #FederalFM #FFM #WhatIsHappeningInMyanmar #FreeAllJournalists
Доступные форматы для скачивания:
Скачать видео mp4
-
Информация по загрузке: