Khit Thit သတင်းဌာန၏ ဩဂုတ် ၈ ရက် မနက်ပိုင်း ရုပ်သံသတင်းအစီအစဉ်
Автор: Khit Thit Media
Загружено: 2025-08-07
Просмотров: 535855
Khit Thit သတင်းဌာန၏ ဩဂုတ် ၈ ရက် မနက်ပိုင်း ရုပ်သံသတင်းအစီအစဉ်
By ရန်ကုန်ခေတ်သစ်
ဒီကနေ့ ဩဂုတ် ၈ ရက် မနက်ပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့
မြန်မာအကြမ်းဖက်စစ်တပ်က အမေရိကန်အစိုးရနဲ့ ဆက်ဆံရေးပြန်လည်တည်ဆောက်ရန် DCI Group ကို ၁ နှစ်ကို ဒေါ်လာ ၃ သန်းနဲ့ စာချုပ်ချုပ်ဆို ငှားရမ်းလိုက်ကြောင်း အမေရိကန်အခြေစိုက် ပြည်သူ့ ဆက်ဆံရေးနဲ့ PR ကုမ္ပဏီသတင်းတွေကို အစဉ်တစိုက်ဖော်ပြနေတဲ့ O'Dwyer က သတင်းရေးသားဖော်ပြပါတယ်။
ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့မှာ တော်လှန်ရေးတပ်ဖွဲ့နဲ့ပတ်သက်သူတွေကို PSMS စနစ်နဲ့ စစ်ဆေးဖမ်းဆီးဖို့ စစ်ကောင်စီလက်အောက်ခံ တောင်ကြီးမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးရုံးက ညွှန်ကြားထားတယ်လို့ ဒေသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်ကို ပြောပါတယ်။
ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၊ ဝေါလေဗျူဟာကုန်းနဲ့ ထီသဲလယ်စခန်းမှာ တိုက်ပွဲပြင်းထန်နေပြီး စစ်တပ်က လေကြောင်းတိုက်ခိုက်မှုတွေ လုပ်ဆောင်နေတယ်လို့ ထိုင်း-မြန်မာနယ်စပ် စစ်ရေးသတင်း ရင်းမြစ်တွေက ပြောပါတယ်။
ရန်ကုန်တိုင်းအတွင်းရှိ အများပြည်သူပိုင် ပန်းခြံ၊ ပလပ်မြေ၊ ရေကန်နေရာတွေကို ကြံ့ဖွတ်ပါတီက ပါတီပိုင်မြေအဖြစ် စစ်တပ်နဲ့ပူးပေါင်းကာ သိမ်းယူနေတယ်လို့ မြေသိမ်းဆည်းမှုတွေကို ကြုံတွေ့နေ ရသူတွေက ပြောတဲ့ သတင်းအပါအဝင် မနက်ခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။
Доступные форматы для скачивания:
Скачать видео mp4
-
Информация по загрузке: