Популярное

Музыка Кино и Анимация Автомобили Животные Спорт Путешествия Игры Юмор

Интересные видео

2025 Сериалы Трейлеры Новости Как сделать Видеоуроки Diy своими руками

Топ запросов

смотреть а4 schoolboy runaway турецкий сериал смотреть мультфильмы эдисон
dTub
Скачать

တရုတ်ရဲ့ ဖိအားကို တန်ပြန်နိုင်စွမ်း တော်လှန်ရေးအင်အားစုတွေထံမှာ ရှိနေလား - BBC News မြန်မာ

Автор: BBC News မြန်မာ

Загружено: 2024-10-12

Просмотров: 1429398

Описание:

တရုတ်အစိုးရရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် တိန့်ရှီကျွင်းနဲ့ ဝပြည် သွေးစည်းညီညွတ်ရေး တပ်မတော် (UWSA) ထိပ်ပိုင်းခေါင်းဆောင်တွေ တရုတ်နိုင်ငံ ယူနန်ပြည်နယ်ထဲမှာ တွေ့ခဲ့ကြတဲ့ အစည်းအဝေးမှတ်တမ်း ပေါက်ကြားခဲ့ပါတယ်။

မြန်မာအာဏာသိမ်း စစ်တပ်ကို တိုက်ခိုက်နေတဲ့ ညီနောင် ၃ ဖွဲ့ အပေါ်မှာသာမက၊ အဲဒီ ၃ ဖွဲ့ကို အတိုင်းတာ တစ်ခုထိ ကျောထောက်နောက်ခံ ပြုပေးနေတယ်လို့ ယူဆခံရတဲ့ ဝတပ်ဖွဲ့ အပေါ်မှာပါ တရုတ် အစိုးရဟာ ဘယ်လောက် ပြင်းပြင်းထန်ထန် ဖိအားပေးနေခဲ့တယ် ဆိုတာကို အဲဒီ ပေါက်ကြားလာတဲ့ စာရွက်စာတမ်းတွေက ညွှန်ပြနေပါတယ်။

တရုတ်ရဲ့ ဖိအား ပြင်းထန် လေးနက်တဲ့ အကြောင်း မြေပြင် အခြေအနေတွေကို ကြည့်ရင် သိသာစေတယ်လို့ အကဲခတ်တွေက ထောက်ပြကြပါတယ်။ ကိုးကန့်တပ် MNDAA က ထုတ်ပြန်တဲ့ NUG နဲ့ မပတ်သက်ကြောင်း၊ နိုင်ငံရေးအရ စကားပြော အဖြေရှာဖို့ အသင့်ရှိကြောင်း စတဲ့ ကြေညာချက် ထွက်ပေါ်လာသလို၊ လက်တွေ့ မြေပြင်မှာလည်း ရှမ်းမြောက်ဒေသ တခွင်နဲ့ မန္တလေးတိုင်းထဲထိ ဟန်ချက်ညီ ချိတ်ဆက် ဖော်ဆောင်နေတဲ့ စစ်ဆင်ရေး တွေ တန့်သွားတယ် ဆိုပြီး စစ်ရေး စောင့်ကြည့်သူတွေက ပြောကြပါတယ်။

ဒါပေမယ့် နိုင်ငံရဲ့ တခြားနေရာတွေမှာတော့ တိုက်ပွဲတွေ ဆက်ရှိ နေပါတယ်။ ရခိုင်ထဲမှာဆိုရင် အာရက္ခတပ်တော် AA ရဲ့ ထိုးစစ်တွေ ခေတ္တ ရပ်ဆိုင်းသွားတဲ့ ကာလအပိုင်းအခြားမျိုး ရှိခဲ့ပေမယ့်၊ ဒီရက်ပိုင်းတွေမှာပဲ အမ်းမြို့ အခြေစိုက် အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် အနီးမှာတင် AA ရဲ့ စခန်းသိမ်း ထိုးစစ် အောင်မြင်ခဲ့သလို၊ တောင်ကုတ်၊ ဂွ စတဲ့ မြို့နယ်တွေထဲမှာလည်း တိုက်ပွဲတွေ ရှိနေခဲ့ပါတယ်။

တခါ၊ စစ်ကိုင်းတိုင်းထဲမှာ ဆိုရင်လည်း ကောလင်း၊ ကျွန်းလှ၊ ကန့်ဘလူ နယ် ၃ နယ်ကို ထိန်းချုပ်ရေး “က သုံးလုံး စစ်ဆင်ရေး” ရဲ့ အစိတ်အပိုင်း အဖြစ် ပင်လည်ဘူးမြို့ကို PDF နဲ့ ပကဖ အဖွဲ့တွေက သိမ်းပိုက်လိုက်ပါတယ်။

အခု တစ်ပတ် သတင်းမြင်ကွင်း အစီအစဥ်မှာတော့ တရုတ်ရဲ့ ဖိအားကြောင့် တစ်နိုင်ငံလုံး အတိုင်းအတာ ထိ အောင် စစ်ရှိန် တန့်သွားတာမျိုး ဖြစ်လာနိုင်လား ..... တော်လှန်ရေး အင်အားစုတွေ အနေနဲ့ ဒီ ဖိအားဒဏ်တွေကို တုန့်ပြန် နိုင်စွမ်း ရှိလား ဒါ့အပြင်၊ စစ်ရေးသာမက နိုင်ငံရေး ဆိုင်ရာ တည်ဆောက်မှုတွေ လုပ်ဖို့ ဘာလို့ အရေးတကြီး လိုအပ်နေလဲ စတဲ့ အချက်တွေကို ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးသွားဖို့ ရှိပါတယ်။

ဒီတစ်ပတ် ပါဝင်ဆွေးနွေးကြသူတွေကတော့ လူ့အခွင့်အရေး ဆိုင်ရာ စောင့်ကြည့်ရေး နိုင်ငံတကာ အဖွဲ့ HRW နဲ့ အာရှ ဖောင်ဒေးရှင်းတို့မှာ အဆင့်မြင့် တာဝန်တွေ ယူခဲ့ပြီး၊ မြန်မာ့အရေးကို နှစ်ရှည်လများ အနီးကပ် စောင့်ကြည့် လေ့လာနေသူ ဒေးဗစ် မက်သီဆန်နဲ့ Mosaic Myanmar အဖွဲ့ရဲ့ အမှုဆောင် ဒါရိုက်တာလည်းဖြစ်၊ ပဋိပက္ခ ဖြေရှင်းရေး ဆိုင်ရာ ဘာသာရပ်ကို အထူးပြု လေ့လာထားတဲ့ ကို အောင်ကိုကို တို့ ဖြစ်ပါတယ်။

ဘီဘီစီ သတင်းထောက် ကိုဝေဖြိုး စီစဥ်တင်ဆက်ထားတာကို အောက်တိုဘာလ ၁၂ ရက်၊ စနေည မြန်မာစံတော်ချိန် ည ၈ နာရီ အချိန် ဘီဘီစီမြန်မာပိုင်းရဲ့ ဖေ့စ်ဘုတ် စာမျက်နှာနဲ့၊ ည ၈ နာရီခွဲ အချိန် ဘီဘီစီမြန်မာပိုင်းရဲ့ ယူကျုချန်နယ်တို့ကနေ ထုတ်လွှင့် ပေးသွားမှာမို့ စောင့်မျှော် ကြည့်ရှုနိုင်ကြပါတယ်။ #ဘီဘီစီမြန်မာပိုင်း #သတင်းမြင်ကွင်း

တရုတ်ရဲ့ ဖိအားကို တန်ပြန်နိုင်စွမ်း တော်လှန်ရေးအင်အားစုတွေထံမှာ ရှိနေလား - BBC News မြန်မာ

Поделиться в:

Доступные форматы для скачивания:

Скачать видео mp4

  • Информация по загрузке:

Скачать аудио mp3

Похожие видео

၃၅ ယောက် နိုင်ရုံနဲ့ မင်းအောင်လှိုင်သမ္မတဖြစ်တဲ့ လုပ်ဇာတ်ရွေးကောက်ပွဲ 🌏 Waving World (25.12.2025)

၃၅ ယောက် နိုင်ရုံနဲ့ မင်းအောင်လှိုင်သမ္မတဖြစ်တဲ့ လုပ်ဇာတ်ရွေးကောက်ပွဲ 🌏 Waving World (25.12.2025)

ထိုင်း စစ်ဆင်ရေး မြန်မာ ၅၀၀၀ နီးပါး ဖမ်းခံထားရ - BBC NEWS မြန်မာ

ထိုင်း စစ်ဆင်ရေး မြန်မာ ၅၀၀၀ နီးပါး ဖမ်းခံထားရ - BBC NEWS မြန်မာ

ဒီဇင်ဘာလ ၂၅ ရက်၊ ကြာသပတေးနေ့ မနက်ပိုင်း မဇ္ဈိမရေဒီယိုအစီအစဉ်

ဒီဇင်ဘာလ ၂၅ ရက်၊ ကြာသပတေးနေ့ မနက်ပိုင်း မဇ္ဈိမရေဒီယိုအစီအစဉ်

«Российскую экономику разрушат удары Украины и Европы » Итоги года с Мухтаром Аблязовым

«Российскую экономику разрушат удары Украины и Европы » Итоги года с Мухтаром Аблязовым

"ရုရှားစစ်သားကြီး မီခေးကို ရေကုန်ရေခမ်း အနိုင်ထိုးခဲ့တဲ့ ထွန်းထွန်းမင်း ပွဲ ..."

မြစ်ဆုံစီမံကိန်း ပြန်စရင် ဘာတွေဖြစ်လာနိုင်သလဲ (ရုပ်/သံ)

မြစ်ဆုံစီမံကိန်း ပြန်စရင် ဘာတွေဖြစ်လာနိုင်သလဲ (ရုပ်/သံ)

Это катастрофа! Россияне благодарят царя за бедность! Какой ужас! | Палата №200

Это катастрофа! Россияне благодарят царя за бедность! Какой ужас! | Палата №200

🔥 Z-НИКОВ РАЗОРВАЛО от ЗЛОСТИ! Нагиев сказал ЭТО — и РФ НАКРЫЛО! Стал ВРАГОМ РОССИИ? @Майкл Наки ⁩

🔥 Z-НИКОВ РАЗОРВАЛО от ЗЛОСТИ! Нагиев сказал ЭТО — и РФ НАКРЫЛО! Стал ВРАГОМ РОССИИ? @Майкл Наки ⁩

#မြန်မာနိုင်ငံ၏ နောက်ဆုံးရသတင်းများ | Myanmar Latest News | Politics, Economy & Daily Updates

#မြန်မာနိုင်ငံ၏ နောက်ဆုံးရသတင်းများ | Myanmar Latest News | Politics, Economy & Daily Updates

စစ်တပ်နဲ့ စီးပွားဘက်ဖြစ်ရေး ceasefire capitalism ကိုပဲ မြန်မာ့အရေး မူဝါဒအဖြစ် တရုတ် စွဲကိုင်ထားလား

စစ်တပ်နဲ့ စီးပွားဘက်ဖြစ်ရေး ceasefire capitalism ကိုပဲ မြန်မာ့အရေး မူဝါဒအဖြစ် တရုတ် စွဲကိုင်ထားလား

ရွေးကောက်ပွဲအပေါ် ကုလ လူ့အခွင့်အရေး အထူးသံ ဘယ်လိုမြင်လဲ - BBC News မြန်မာ

ရွေးကောက်ပွဲအပေါ် ကုလ လူ့အခွင့်အရေး အထူးသံ ဘယ်လိုမြင်လဲ - BBC News မြန်မာ

ПОКУШЕНИЕ на ПУТИНА: Как царь прячется от смерти

ПОКУШЕНИЕ на ПУТИНА: Как царь прячется от смерти

စာရွက်ပေါ်က အပစ်အခတ်ရပ်စဲရေးလောက်နဲ့ ဘာမှဖြစ်လာမှာမဟုတ်ဘူး။

စာရွက်ပေါ်က အပစ်အခတ်ရပ်စဲရေးလောက်နဲ့ ဘာမှဖြစ်လာမှာမဟုတ်ဘူး။

သံအမတ်ကြီး ဦးကျော်မိုးထွန်း နဲ့  သီးသန့် ဆက်သွယ်မေးမြန်းခြင်း

သံအမတ်ကြီး ဦးကျော်မိုးထွန်း နဲ့ သီးသန့် ဆက်သွယ်မေးမြန်းခြင်း

ရှီကျင်းဖျင်ရဲ့ ကမ္ဘာ့အခင်းအကျင်းသစ် ရည်မှန်းချက်နဲ့  မြန်မာ့နိုင်ငံရေး - BBC News မြန်မာ

ရှီကျင်းဖျင်ရဲ့ ကမ္ဘာ့အခင်းအကျင်းသစ် ရည်မှန်းချက်နဲ့ မြန်မာ့နိုင်ငံရေး - BBC News မြန်မာ

တော်လှန်ရေး သူပုန်ဆိုတာ အနာဂတ်ရဲ့ အစိုးရပဲ

တော်လှန်ရေး သူပုန်ဆိုတာ အနာဂတ်ရဲ့ အစိုးရပဲ

နေပြည်တော်ဘက် တရုတ်ရပ်တည်ချက် အလုပ်ဖြစ်ပါ့မလား  - BBC News မြန်မာ

နေပြည်တော်ဘက် တရုတ်ရပ်တည်ချက် အလုပ်ဖြစ်ပါ့မလား - BBC News မြန်မာ

ပေါက်ဖော်ကြီးက စစ်ကော်မရှင်ကို ဝယ်လိုက်ပြီလား (ရုပ်/သံ)

ပေါက်ဖော်ကြီးက စစ်ကော်မရှင်ကို ဝယ်လိုက်ပြီလား (ရုပ်/သံ)

Weekly Choice -သတင်းအစီအစဉ်

Weekly Choice -သတင်းအစီအစဉ်

အိမ်နီးချင်းနိုင်ငံကြီးများ၏ ဖိအားများကြားမှ AA ၏ အာရက္ခပုစ္ဆာ

အိမ်နီးချင်းနိုင်ငံကြီးများ၏ ဖိအားများကြားမှ AA ၏ အာရက္ခပုစ္ဆာ

© 2025 dtub. Все права защищены.



  • Контакты
  • О нас
  • Политика конфиденциальности



Контакты для правообладателей: [email protected]