စစ်တပ်ကြောက်တဲ့ အုတ်ဂူတွေ
Автор: Phothagyan.archaung
Загружено: 2026-01-05
Просмотров: 2797
စစ်အာဏာရှင်တွေ အကြောက်ဆုံး အရာကတော့ တော်လှန်ရေးပဲ ဖြစ်ပါတယ်။ တော်လှန်ရေး အတွေးအခေါ်တွေ၊ အမြင်တွေ၊ အရေးအသား၊ အပြောအဆို၊ အငွေ့အသက် အကုန်ကို ကြောက်ပါတယ်။ အခုမှ မဟုတ်ပါဘူး။ ဖဆပလခေတ် ပြည်တွင်းစစ် အစောဆုံး ကာလတွေမှာ ကျဆုံးသွားတဲ့ ကရင့်အာဇာနည် စောဘဦးကြီးရဲ့ အရိုးပြာတွေကို ပင်လယ်ထဲ ဖျောက်ဖျက်ခဲ့တာကစပြီး နှစ်ပေါင်း ၆၀ကျော်၊ ၇၀ ကာလအထိရောက်တာတောင် စောဘဦးကြီးရဲ့ တော်လှန်ရေး အမွေကို ကြောက်တာကြောင့် ကရင့်အာဇာနည်နေ့တွေကို ပိတ်ပင်တာ၊ စောဘဦးကြီးရုပ်ထုလုပ်ဆောင်ခွင့်မပေးတာတွေကို ကြည့်ရင်သိပါတယ်။ အခုလည်း မြန်မာစစ်တပ်က တော်လှန်ရေးသမားတွေရဲ့ အပြောအဆို၊ အတွေးအခေါ်တွေ၊ လက်နက်တွေ၊ တော်လှန်ရေး တပ်ဖွဲ့တင်မကပါဘူး တော်လှန်ရေးသမားတွေလှဲလျောင်းရာ အထိမ်းအမှတ်အုတ်ဂူတွေကိုပါ အကြောက်ကြီးကြောက်ပြီး အကြီးအကျယ် ဖျက်စီးပြတာတွေကို လုပ်ဆောင်နေပါတယ်။ အခု ဗီဒီယိုမှာတော့ ဒီလိုတော်လှန်ရေးသမားတွေရဲ့ အုတ်ဂူတွေကို မြန်မာစစ်တပ်ဘာကြောင့် ဒီလောက်ကြောက်နေရတာလဲဆိုတာကို သုံးသပ်ဆွေးနွေးထားပါတယ် ခင်ဗျ။
#Myanmar_Army #Burma_Political_History #YeHeinAung #Analysis #Spring_Revolution #Civil_War
Доступные форматы для скачивания:
Скачать видео mp4
-
Информация по загрузке: