မျှော်လင့်သောနေ့ Official Lyric Video
Автор: Ja Di Zign
Загружено: 2026-01-23
Просмотров: 858
Composer - Hein Gyi
Vocalists - Ja Di Zign | Kon Sai
Band - Silver Gold
Studio - Silver Gold, RedInk, Eumak Waves
Mixing & Mastering - Saw PiPi
Lyric Video - MOM Production
#jadizign #ကောန်သာဲ
"မျှော်လင့်သောနေ့"
နေချင်တာ သူ့ရဲ့အရိပ်အဖြစ်နဲ့ကွယ်...
တကယ်ဆို ချစ်ရက်နဲ့ ကိုယ်တို့ဝေးခဲ့...
မမြင်ရလည်းပဲစိတ်က သူ့အနားရှိနေမြဲပါ...
ရင်မှာတိုင်တည်မယ် ဒီဘဝမှာ နောက်ဆုံးအချစ်..ပဲ..
အိမ်မက်တိုင်းက မင်းရှိရာ ရောက်ရောက်နေလည်း...
လက်တွေ့ဘဝမှာ ဆုံဆည်းဖို့က အလှမ်းကွာဆဲ...
ကိုယ်တယောက်တည်းရှိတဲ့ အချိန်တွေကိုမုန်းတယ်...
ဘယ်တော့များမှ တို့တွေမယ်...
မသေချာတော့ခက်...
အစစအရာရာ သူလေအဆင်ပြေပါ့မလား တွေးပူတယ်...
ဟိုအရင်သွားနေကျ နေရာများမှာ တစ်ယောက်တည်း ငိုချင်တယ်....
အချစ်စစ်နဲ့ထပ်တူ တို့နှစ်ဦးသား...
အလွမ်းများဖေးကူ လက်တွဲထား တစ်သက်လုံး...
စွန့်စားမယ်...မျှော်လင့်သောနေ့တို့အတွက်...
ဘယ်တော့မှ ခွဲမသွားကြေး...
အကြင်နာဆုံး မင်းနားလည်ထား...
အမှောင်ယံမိုးသားတို့ ဝေးလွင့်သွားရင်...
အပြာရောင်ကောင်းကင်ကြီးတခုတွေ့မယ်..
နာကျင်ဒဏ်ရာတွေ တစ်ခါပြန်ကုစားမယ့်သူ...
ပျော်ရွှင်ဆုလာဒ်များစွာ သယ်ယူလာခဲ့မယ်...
နေခြည်အလင်းနဲ့ပွင့်တဲ့ပန်းတွေလို...
ကိုယ်ဟာမင်းနဲ့မှ ပိုပီးပြည့်စုံ...
ဆန္ဒများနဲ့ဘဝက တထပ်တည်းကျမယ်ဆို....
အခုနေပြန်ဆုံချင်တာ အလိုချင်ဆုံး...
Доступные форматы для скачивания:
Скачать видео mp4
-
Информация по загрузке: