ခြေလက်ဆုံးစေနိုင်တဲ့ ထုံနာကျင်နာ - BBC News မြန်မာ
Автор: BBC News မြန်မာ
Загружено: 2023-12-03
Просмотров: 430396
ခြေလက် ထုံတာ၊ ကျင်တာကို လူတိုင်းလိုလို ခံစားဖူးကြမှာပါ။ ဒါပေမဲ့ ဒီလို ခြေလက် ထုံတာ၊ ကျင်တာ ဒါမှမဟုတ် တဆစ်ဆစ် ကိုက်တာမျိုးက တာရှည်နေရင်တော့ ကိုယ့်မှာ အာရုံကြော အားနည်းနေပြီလားဆိုတာကို ဂရုပြုသင့်ပါတယ်။ ခြေလက် ထုံနာ၊ ကျင်နာ ဖြစ်ရာကနေတဆင့် ခြေလက် ဖြတ်ပစ်ရတဲ့အထိ၊ တချို့ဆို အသက်ဆုံးရတဲ့အထိ နောက်ဆက်တွဲ ဆိုးကျိုး ကြီးမားတတ်တာမို့ မပေါ့ဆသင့်တဲ့ ရောဂါတစ်ခုဖြစ်ပါတယ်။ အာရုံကြော အားနည်းတာက ဘာ့ကြောင့်လဲ၊ အာရုံကြော အားကောင်းလာအောင် အားဆေးတွေ သောက်ဖို့လိုသလား၊ အစားရှောင်ဖို့ လိုသလား၊ ထုံနာ ကျင်နာဖြစ်နေသူတစ်ဦးအနေနဲ့ ဘယ်လိုပြုမူ နေထိုင်သင့်သလဲ ဆိုတာတွေကို ယူအေအီးနိုင်ငံက ဦးနှောက်နဲ့ အာရုံကြော အထူးကု ဆရာ၀န်ကြီး ဒေါက်တာ မင်းထွဋ်က ဘီဘီစီရဲ့ ကျန်းမာရေးရာ Health Matters အစီအစဉ်မှာ ရှင်းပြထားပါတယ်။
#ဘီဘီစီမြန်မာပိုင်း #HealthMatters #ခြေလက်ထုံရောဂါ
Доступные форматы для скачивания:
Скачать видео mp4
-
Информация по загрузке: