အတ္တ
Автор: မှတ်တမ်း
Загружено: 2025-12-06
Просмотров: 152
အတ္တစိတ် လွန်ကဲလာရင်
အမြင်တွေဝေဝါးသွားတယ်
မျက်လုံးနှစ်လုံး ရှိပါလျက်
တစ်လုံးဟာ အလိုလိုကန်းသွားပြီး
ပကတိအရှိတရားကို မမြင်နိုင်တော့ဘူး။
ဘဝနယ်ပယ်မှာ
အတ္တကိုနေရာပေးမိရင်တော့
ကိုယ်ချင်းစာတရားတွေက
အဝေးကို ထွက်သွားတတ်ပါတယ်။
စစ်မှန်တဲ့ ကိုယ်ချင်းစာတရားမှာ
အတ္တဆိုတာမရှိပါဘူး။
အတ္တဟာ အစပိုင်းမှာ
မိမိအတွက်လို့ ထင်ရပေမယ့်
နောက်ဆုံးကျရင်တော့
ဝမ်းနည်းပူဆွေးမှုတွေ၊ဒုက္ခတွေ၊ နောင်တတွေနဲ့
မိမိကိုယ်တိုင်မိမိဘဝကို
အဆုံးသတ်စေတဲ့
အဆိပ်ခွက်တခုသာပင်တည်း။
အတ္တ ကင်းဝေး ငြိမ်းအေးကြပါစေ ။
#crd_to_owner_with_respect
Доступные форматы для скачивания:
Скачать видео mp4
-
Информация по загрузке: