Khit Thit သတင်းဌာန၏ ဒီဇင်ဘာ ၂၄ ရက် မနက်ပိုင်း ရုပ်သံသတင်းအစီအစဉ်
Автор: Khit Thit Media
Загружено: 2025-12-23
Просмотров: 480294
Khit Thit သတင်းဌာန၏ ဒီဇင်ဘာ ၂၄ ရက် မနက်ပိုင်း ရုပ်သံသတင်းအစီအစဉ်
By ရန်ကုန်ခေတ်သစ်
ဒီကနေ့ ဒီဇင်ဘာ ၂၄ ရက် မနက်ပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့
-အမျိုးသားညီညွတ်ရေးအစိုးရ-NUG ၏ အောင်မြင်မှုနှင့် ကျရှုံးမှုတွေကို သင်ခန်းစာကောင်း အဖြစ် ရယူပြီး စစ်ကိုင်းဒေသကို ပိုမိုကောင်းမွန်တဲ့ အုပ်ချုပ်ရေးစနစ် ဖော်ဆောင်ဖို့ စစ်ကိုင်းဖက်ဒရယ်ယူနစ် ကြားကာလအစိုးရကို NUG ယာယီသမ္မတ ဒူဝါလရှီးလက တိုက်တွန်းလိုက်ပါတယ်။
အကြမ်းဖက်စစ်တပ်က ၂၀၂၅ ခုနှစ်ဒီဇင်ဘာလ ၂၈ ရက်နေ့မှ စတင်ကျင်းပဖို့ ပြင်ဆင်နေတဲ့ အထွေထွေရွေးကောက်ပွဲကို "တရား မဝင် အတုအယောင် ရွေးကောက်ပွဲ" အဖြစ် သတ်မှတ်ကာ ကိုရီးယားအရပ်ဘက်လူမှုအဖွဲ့အစည်း ၁၀၆ ဖွဲ့က ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချလိုက်ပါတယ်။
မကွေးတိုင်း၊ မကွေးမြို့နယ်မှာ ရွေးကောက်ပွဲကို လာရောက်မဲမပေးသူတွေကို ပေါ်တာဆွဲ ဖမ်းဆီးမယ်လို့ ခြိမ်းခြောက်နေတဲ့ ရပ်/ကျေးစာရေး အောင်ကြိုင် ပစ်ခတ်ခံရပြီး သေသွားပြီလို့ မကွေး-တောင်တွင်းကြီး အထူးပြောက်ကျားတပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ်ကိုပြောပါတယ်။
ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့မှာ မြန်မာစစ်တပ်ကို ရောင်းချမယ့် တရုတ်လုပ်ဒရုန်း ၁၀ စီးနှင့်အတူ မြန်မာနိုင်ငံသား ၄ ဦးကို ဖမ်းဆီးရရှိခဲ့တဲ့ သတင်းအပါအဝင် မနက်ခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။
Доступные форматы для скачивания:
Скачать видео mp4
-
Информация по загрузке: