ပအိုဝ်းပြည်သူ့စစ် PNO အကူအညီနဲ့ မိုးဗြဲမြို့ကို ပြန်ထိန်းချုပ်ဖို့ စစ်တပ်ကြိုးစားနေ
Автор: Myanmar Now News
Загружено: 2024-11-19
Просмотров: 138736
ပအိုဝ်းပြည်သူ့စစ် PNO အကူအညီနဲ့ မိုးဗြဲမြို့ကို ပြန်ထိန်းချုပ်ဖို့ စစ်တပ်ကြိုးစားနေ
…………..
အင်အားရာနဲ့ချီ ပါဝင်တဲ့ စစ်ကောင်စီစစ်ကြောင်းဟာ ရှမ်း-ကရင်နီ နယ်စပ် မိုးဗြဲမြို့ကို ရောက်ရှိလာပြီး မြို့ကို အပြည့်အဝထိန်းချုပ်နိုင်ဖို့ ထိုးစစ်ဆင်မယ့်အခြေအနေရှိနေကြောင်း စစ်ရေးသတင်းရင်းမြစ်တွေဆီကနေ သိရပါတယ်၊။
ရှမ်းပြည်တောင်ပိုင်း၊ ပင်လောင်းမြို့ဘက်ကနေ အင်အား ငါးရာကျော်နဲ့ ထွက်ခွာလာတဲ့ စစ်ကောင်စီစစ်ကြောင်းမှာ စစ်ကောင်စီဩဇာခံ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (PNO) ပြည်သူ့စစ် တပ်ဖွဲ့ဝင်တွေလည်း ပါဝင်ကြောင်း ကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDF ထံကနေ သိရပါတယ်။
မိုးဗြဲမြို့ရဲ့ နေရာအများစုကို ကရင်နီတော်လှန်ရေးတပ်တွေက ထိန်းချုပ်ထားနိုင်ပေမယ့် စစ်ကောင်စီရဲ့ မြို့စောင့်တပ်ဖြစ်တဲ့ အမှတ် ၄၂၂ ခြေမြန်တပ်ရင်း ကိုတော့ မသိမ်းနိုင်သေးပါဘူး။
အခု စစ်ကူရောက်လာတဲ့ စစ်ကောင်စီစစ်ကြောင်းဟာလည်း မြို့စောင့်တပ်နဲ့ လာပူးပေါင်းတာလို့ စစ်ရေးသတင်းရင်းမြစ်တွေက ဆိုပါတယ်။
ကရင်နီမှာ လက်လွှတ်ခဲ့ရတဲ့ မြို့တွေကို ပြန်ထိမ်းချုပ်နိုင်ဖို့ စစ်ကောင်စီက အင်အားအလုံးအရင်းနဲ့ ပြင်ဆင်နေပါတယ်။
ပြည်နယ်မြို့တော် လွိုင်ကော်ကိုလည်း စစ်ကောင်စီက အခုနှစ် ဇူလိုင်လကစလို့ ပြန်ထိန်းချုပ်ထားနိုင်ခဲ့ပါတယ်။
စစ်ရေးအရ အရေးပါပြီး လွိုင်ကော်နဲ့ ကပ်လျက်တည်ရှိတဲ့ ဖယ်ခုံနဲ့ မိုးဗြဲ လမ်းပိုင်းကိုလည်း စိုးမိုးနိုင်ဖို့ ပအိုဝ်းပြည်သူ့စစ် PNO နဲ့ပူးပေါင်းပြီး စစ်ကောင်စီက ဆက်လက်ကြိုးပမ်းနေတာပါ။
သတင်း၊ တင်ဆက် - မြတ်ကြီး
Доступные форматы для скачивания:
Скачать видео mp4
-
Информация по загрузке: