ငပိစားပြီးလက်ဝှေ့ထိုးလို့ ခံနိုင်ရည်ရှိတာလို့ ကမ္ဘာ့ကိုဖြေခဲ့တဲ့ ရွှေဓူဝံရဲ့ ခေတ်များသို့ တမ်းချင်း
Автор: MT News - Myanmar Transparency
Загружено: 2023-03-07
Просмотров: 36434
ငပိစားပြီး ထိုးခဲ့လို့ ခံနိုင်ရည်ရှိတာလို့ ကမ္ဘာ့သတင်းမီဒီယာတွေကို ဖြေခဲ့တဲ့ ရွှေဓူဝံရဲ့ ခေတ်များဆီသို့ တမ်းချင်း
၈. ၃. ၂၀၂၃
ရိုက်ကူး၊ တည်းဖြတ် -ဟေမာ
၁၉၉၀ ပြည့်နှစ်များဆီက လက်ဝှေ့လောကမှာ အောင်မြင်ကျော်ကြားခဲ့တဲ့ ရွှေခါးပတ်ချန်ပီယံကြီး ရွှေဓူဝံ။ ရွှေဓူဝံ - ရွှေဝါထွန်း စိန်ခေါ်ပွဲတွေ၊ ရွှေဓူဝံ- ဝမ်းချိုင်း စိန်ခေါ်ထိုးသတ်ပွဲဆိုတာတွေဟာ အဲဒီခေတ်ကာလဆီက လက်ဝှေ့ ဝါသနာရှင်ပရိတ်သတ်တွေအကြား ရေပန်းအစားဆုံး ကစားပွဲတွေ ဖြစ်ခဲ့ပါတယ်။
ဂျာမနီနိုင်ငံမှာ ကမ္ဘာ့ကစ်ဘောက်ဆင် ချန်ပီယံ Rene Monse ကို နောက်ဆုံးအချီအထိ တိုက်စစ်ဆင်ထိုးသတ်နိုင်ခဲ့တဲ့သူ၊ အဲဒီပွဲမှာ ရွှေဓူဝံရဲ့ ထိုးသတ်ပုံနဲ့ ခံနိုင်ရည်ကြောင့် ခန္ဓာကိုယ်သန်စွမ်းဖို့ ဘာစားလဲမေးတဲ့အချိန်မှာ ကမ္ဘာကိုတင်ဆက်မဲ့ သတင်းထောက်တွေကို "ငပိစားတယ်"လို့ ဖြေခဲ့တဲ့ ရိုးသားတဲ့ကရင်ကြီး။ အသက်အရွယ်ရလာချိန်မှာ ဝမ်ချိုင်းကို ရှုံးခဲ့ပြီးနောက် လက်ဝှေ့လောကကနေ အနားယူပြီး ဝါသနာပါရာ အနုပညာအလုပ်တွေ လုပ်ခဲ့တဲ့ အသက် ၄၀ တန်းလူတွေရဲ့ ငယ်ဘဝသူရဲကောင်း ရွှေဓူဝံ။
"ငယ်သေးတဲ့အချစ်မို့ မလေးစားတာလား ပြောပါ" ဆိုတဲ့ "မ မချစ်လို့မဖြစ်" သီချင်းကို အရင်ဦးဆုံး ဆိုခဲ့တဲ့ ရွှေဓူဝံ။
၂၀၂၃ ခုနှစ် မတ်လ ၄ ရက်နေ့မှာတော့ ရွှေဓူဝံတစ်ယောက် အမြန်လမ်းပေါ်က ခရီးသည်တင်ယာဥ် မတော်တဆဖြစ်မှုမှာ ပါဝင်ပြီး အသက်ဆုံးရှုံးခဲ့ပါတယ် ။
သူမကွယ်လွန်ခင်အချိန် သူ့ရဲ့ အားကစားသမားဘဝ နေထိုင်မှုပုံစံ၊ အမှတ်တရတွေနဲ့ ရွှေဓူဝံအကြောင်း တစေ့တစောင်း သူ့ပရိသတ်တွေ ပြန်လည်ခံစားသိရှိနိုင်စေဖို့ MT News က ရိုက်ကူးတင်ဆက်ပေးလိုက်ပါတယ်။
#mtnews #myanmar_transparency_news #mtnews_entertainment #myanmar_transparency_news_ရုပ်သံ
Доступные форматы для скачивания:
Скачать видео mp4
-
Информация по загрузке: