Популярное

Музыка Кино и Анимация Автомобили Животные Спорт Путешествия Игры Юмор

Интересные видео

2025 Сериалы Трейлеры Новости Как сделать Видеоуроки Diy своими руками

Топ запросов

смотреть а4 schoolboy runaway турецкий сериал смотреть мультфильмы эдисон
dTub
Скачать

စစ်ရှောင် မြစ်ကူးဆိပ်တွေ ဗုံးကြဲခံရမှု သေဆုံးသူ ဘယ်လောက် များသလဲ

Автор: Mandalay Free Press - MFP

Загружено: 2025-12-28

Просмотров: 7815

Описание:

မန္တလေးတိုင်း၊ သပိတ်ကျင်း၊ စဉ့်ကူးနဲ့ မတ္တရာမြို့နယ်တွေကနေ ဧရာဝတီမြစ်ကို ဖြတ်ကူးကာ စစ်ကိုင်းတိုင်း ခင်ဦး၊ ရွှေဘိုနဲ့ ကန့်ဘလူနယ်ဘက် စစ်ဘေးရှောင်တဲ့ ပြည်သူတွေကို စစ်အုပ်စုက လိုက်လံ ဗုံးကြဲသတ်ဖြတ်နေပါတယ်။

ဒီဇင်ဘာ ၁၆ရက်နဲ့ ၁၇ ရက်က ခင်ဦးမြို့နယ်ဘက်ခြမ်းရှိ ဧရာဝတီ မြစ်ကူးဆိပ်တွေဖြစ်တဲ့ ကျောက်ကြီးနဲ့ ချောင်းသလဲ မြစ်ကူးဆိပ်တွေကို စစ်အုပ်စုက လေကြောင်း တိုက်ခိုက်ခဲ့ရာမှာ စစ်ဘေးတိမ်းရှောင်လာတဲ့ ပြည်သူတွေ အများအပြား သေကြေပျက်စီး၊ ဒဏ်ရာရခဲ့ပါတယ်။

တော်လှန်ရေးတပ်တွေ တစ်နှစ်ကျော်ကြာ သိမ်းပိုက်ထားတဲ့ မတ္တရာ၊ စဉ့်ကူးနဲ့ သပိတ်ကျင်း မြို့နယ်တွေကို ပြန်ရရေး စစ်အုပ်စုက လေကြောင်းအားကိုးနဲ့ ထိုးစစ်ဆင်နေတာ ဖြစ်ပြီး မြေပြင်စစ်ကြောင်းတွေ မရောက်မီ မြို့၊ရွာတွေကို လေကြောင်းဗုံးကြဲ၊ လက်နက်ကြီး ပစ်ခတ်တာကြောင့် ထောင်သောင်းချီတဲ့ ပြည်သူတွေဟာ ဘေးလွတ်ရာကို ထွက်ပြေးနေကြရပါတယ်။

စစ်အုပ်စုကတော့ အဲ့ဒီလို စစ်ဘေးရှောင်ထွက်ပြေးတဲ့ ပြည်သူတွေကိုပါ PDF အဖြစ် သတ်မှတ်ကာ လိုက်လံ ဗုံးကြဲ တိုက်ခိုက်နေတာ ဖြစ်ပြီး မတ္တရာ၊ စဉ့်ကူးနဲ့ သပိတ်ကျင်းနယ်က ပြည်သူတွေကို အဓိက ပစ်မှတ်ထားတဲ့ လေကြောင်းတိုက်ခိုက်မှုတွေကို လွန်ခဲ့တဲ့ ဇူလိုင်လက စတင်ကာ အရှိန်မြှင့် လုပ်ဆောင်နေတာ ဖြစ်ပါတယ်။

ဒီဇင်ဘာ ၁၆ရက်နဲ့ ၁၇ရက်က သပိတ်ကျင်းနယ်ကနေ ဧရာဝတီမြစ်ကို ဖြတ်ကူးကာ ခင်ဦးမြို့နယ်ဘက် စစ်ဘေးရှောင်တဲ့ ပြည်သူတွေကို စစ်အုပ်စုက တိုက်လေယာဉ်တွေနဲ့ အကြိမ်ရေ ဒါဇင်နဲ့ချီ လိုက်လံ ဗုံးကြဲခဲ့ပါတယ်။

ဧရာဝတီမြစ်ကို ဖြတ်ကူးနေတဲ့ ဇက်တွေ၊ မော်တော်တွေနဲ့ ရေယာဉ်တွေပေါ်က ပြည်သူတွေကို စစ်အုပ်စုက တိုက်လေယာဉ်နဲ့ ဗုံးကြဲရုံမက စက်သေနတ်နဲ့ပါ ပစ်ခတ်တာကြောင့် မြစ်အတွင်းနဲ့ မြစ်ဆိပ်တွေမှာ ပြည်သူ အများအပြား သေဆုံးသလို ဒဏ်ရာရသူလည်း အများအပြား ရှိတယ်လို့ ကိုယ်တိုင် ကြုံတွေ့ခဲ့ရသူတွေက MFP ကိုပြောပါတယ်။

အဲ့ဒီ ဗုံးကြဲတိုက်ခိုက်မှုတွေ ကိုယ်တိုင် ကြုံခဲ့ရပြီး အသက်ဘေးက လွတ်မြောက်လာသူတွေကို MFP က မေးမြန်း တင်ဆက်ထားပါတယ်။

MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ တယ်လီဂရမ်မှာလည်း ကြည့်နိုင်ပါတယ်။
#Mandalay_Free_Press_MFP
#အညာ #စစ်ကိုင်း #မန္တလေး #မကွေး

(Mandalay Free Press – MFP သည် လွတ်လပ်၍ အမှီအခို ကင်းသော သတင်းဌာနဖြစ်ပြီး မန္တလေးနှင့် စစ်ကိုင်းတိုင်း သတင်းများကို အထူးပြုတင်ဆက်လျှက် ရှိပါသည်။)

Mandalay Free Press – MFP မှ တင်ဆက်သောသတင်းများကို ဖတ်ရှုနိုင်ရန် အောက်ဖော်ပြပါ Channel များကို Follow (သို့မဟုတ်) Subscribe လုပ်ထားနိုင်ပါသည်။

Facebook:   / mandalayfreepress  
YouTube:    / @mandalayfreepressmfp  

#MFP #MandalayFreePress #မန္တလေး #တော်လှန်သော #သပိတ် #မိခင်

စစ်ရှောင် မြစ်ကူးဆိပ်တွေ ဗုံးကြဲခံရမှု သေဆုံးသူ ဘယ်လောက် များသလဲ

Поделиться в:

Доступные форматы для скачивания:

Скачать видео mp4

  • Информация по загрузке:

Скачать аудио mp3

Похожие видео

ဘုတလင်နယ်ထဲ စစ်အုပ်စုက စစ်ကြောင်းထိုး လူသတ်၊ ဗုံးကြဲနေလို့ ကျေးရွာ ၁၅ရွာ ထွက်ပြေးနေရ၊

ဘုတလင်နယ်ထဲ စစ်အုပ်စုက စစ်ကြောင်းထိုး လူသတ်၊ ဗုံးကြဲနေလို့ ကျေးရွာ ၁၅ရွာ ထွက်ပြေးနေရ၊

DVB Digital မနက် ၉ နာရီ သတင်း (၃၁ ရက် ဒီဇင်ဘာလ ၂၀၂၅)

DVB Digital မနက် ၉ နာရီ သတင်း (၃၁ ရက် ဒီဇင်ဘာလ ၂၀၂၅)

(28.12.2025) မြောက်ဒဂုံ၊ ပြည်ထောင်စုလမ်းမပေါ် မီးလောင်မှု

(28.12.2025) မြောက်ဒဂုံ၊ ပြည်ထောင်စုလမ်းမပေါ် မီးလောင်မှု

ချောင်းဦး ကျီကုန်းရွာကို မီးရှို့ဖျက်ဆီးတဲ့ စစ်အုပ်စုက ရွာထဲ မိုင်းတွေ ထောင်ခဲ့၊

ချောင်းဦး ကျီကုန်းရွာကို မီးရှို့ဖျက်ဆီးတဲ့ စစ်အုပ်စုက ရွာထဲ မိုင်းတွေ ထောင်ခဲ့၊

DVB Digital မနက် ၇ နာရီ သတင်း (၃၁ ရက် ဒီဇင်ဘာလ ၂၀၂၅)

DVB Digital မနက် ၇ နာရီ သတင်း (၃၁ ရက် ဒီဇင်ဘာလ ၂၀၂၅)

Khit Thit သတင်းဌာန၏ ဒီဇင်ဘာ ၃၁ရက် မနက်ပိုင်း ရုပ်သံသတင်းအစီအစဉ်

Khit Thit သတင်းဌာန၏ ဒီဇင်ဘာ ၃၁ရက် မနက်ပိုင်း ရုပ်သံသတင်းအစီအစဉ်

မတ္တရာ၊ စဉ့်ကူးနဲ့ သပိတ်ကျင်းက စစ်ဘေးဒုက္ခသည် သောင်းနဲ့ချီ အကူအညီ လိုအပ်နေ၊

မတ္တရာ၊ စဉ့်ကူးနဲ့ သပိတ်ကျင်းက စစ်ဘေးဒုက္ခသည် သောင်းနဲ့ချီ အကူအညီ လိုအပ်နေ၊

ဖလမ်းမြို့အနီးက တိုက်ပွဲ စစ်တပ်အထိနာ... ဖားပွန်ဗျုဟာကုန်းကို KNLA ထိုးစစ်အရှိန်မြှင့်...

ဖလမ်းမြို့အနီးက တိုက်ပွဲ စစ်တပ်အထိနာ... ဖားပွန်ဗျုဟာကုန်းကို KNLA ထိုးစစ်အရှိန်မြှင့်...

ပြည်ထောင်စုဝန်ကြီးချုပ်ရုံး ပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော်ဝေစိုးနှင့် သီးသန့်တွေ့ဆုံမေးမြန်းခြင်း

ပြည်ထောင်စုဝန်ကြီးချုပ်ရုံး ပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော်ဝေစိုးနှင့် သီးသန့်တွေ့ဆုံမေးမြန်းခြင်း

Breaking Morning News Myanmar | Airstrikes, Ambushes and Rising Civilian Casualties

Breaking Morning News Myanmar | Airstrikes, Ambushes and Rising Civilian Casualties

Min Aung Hlaing

Min Aung Hlaing

Bhamo Soldiers Suffer Heavy Losses Due to Defecting Pilot

Bhamo Soldiers Suffer Heavy Losses Due to Defecting Pilot

ပြည်တွင်းနဲ့နိုင်ငံတကာ ထူးခြားသတင်းများ | People's Spring

ပြည်တွင်းနဲ့နိုင်ငံတကာ ထူးခြားသတင်းများ | People's Spring

“ပြည်သူလူထုကို ရွေးကောက်ပွဲ နာမည်တပ်ပြီးတော့ စစ်တပ်က အကြမ်းဖက်နေတာဖြစ်တယ်” ခွန်မြင့်ထွန်း

“ပြည်သူလူထုကို ရွေးကောက်ပွဲ နာမည်တပ်ပြီးတော့ စစ်တပ်က အကြမ်းဖက်နေတာဖြစ်တယ်” ခွန်မြင့်ထွန်း

တော်လှန်ရေးသမားတွေ စုစည်းဖို့ အရေးကြီးတယ်လို့ ဗိုလ်ချုပ်ဂွန်မော်ပြော (ရုပ်/သံ)

တော်လှန်ရေးသမားတွေ စုစည်းဖို့ အရေးကြီးတယ်လို့ ဗိုလ်ချုပ်ဂွန်မော်ပြော (ရုပ်/သံ)

Myanmar Finance Alert: Major Market Shifts Happening Now

Myanmar Finance Alert: Major Market Shifts Happening Now

စစ်တပ်က နိုင်ငံကို ဘယ်လို စစ်ကျွန်လုပ်ခဲ့လဲ

စစ်တပ်က နိုင်ငံကို ဘယ်လို စစ်ကျွန်လုပ်ခဲ့လဲ

😮ШЕЙТЕЛЬМАН: ДЕРЗКОЕ ОБРАЩЕНИЕ Кремля по ПЕРЕГОВОРАХ! Путин НАДУЛ Трампа. Зеленский ВСЁ ПЕРЕИГРАЛ

😮ШЕЙТЕЛЬМАН: ДЕРЗКОЕ ОБРАЩЕНИЕ Кремля по ПЕРЕГОВОРАХ! Путин НАДУЛ Трампа. Зеленский ВСЁ ПЕРЕИГРАЛ

© 2025 dtub. Все права защищены.



  • Контакты
  • О нас
  • Политика конфиденциальности



Контакты для правообладателей: [email protected]