လေးကေကော်မှာ စစ်တပ် ရှေ့မတိုးနိုင်ဖြစ်နေပြီး KNLA ပူးပေါင်းတပ်ဖွဲ့ ဘက်ကလည်း အပြင်းအထန်ခုခံ ကာကွယ်နေ
Автор: MNO NEWS
Загружено: 2025-09-29
Просмотров: 96215
29 September 2025
ဒီလိုစစ်ကြောင်းထိုးနိုင်ဖို့ ဒေသတွင်းရှိ အပစ်ရပ် လက်နက်ကိုင်အဖွဲ့များ အကူအညီယူတာတွေရှိနေတယ်လို့ သတင်းထွက်ပေါ်နေပါတယ်။
လေးကေ့ကော်မြို့သစ်ကို စစ်ကြောင်းထိုးနေတဲ့ စစ်တပ်ကို ကရင် နယ်ခြားစောင့်
တပ်(BGF)ရဲ့ တပ်ရင်းတချို့က ကူတိုက်ပေးနေပါတယ်။
စစ်တပ်ဟာ ပြည်သူ့စစ်တပ်သားသစ်တွေကို မူးယစ်ဆေးတွေကြွေးပြီးရှေ့ကတက်အသေခံခိုင်းနေတဲ့ သတင်းတွေ ထွက်ပေါ်နေပေမဲ့ အခုချိန်ထိ လေးကေ့ကော်မြို့ထဲကို စစ်တပ်ဝင်လို့ မရသေးပါဘူး။
ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော်-KNLA တပ်မဟာ(၆)ဦးဆောင်ပြီး
PDF မဟာမိတ် ပူးပေါင်းတပ်များက စစ်တပ်ထိုးစစ်ကို ခုခံတိုက်ခိုက် နေပါတယ်။
လက်နက် ကြီး လေကြောင်းဖိအားအောက်မှာ စစ်တပ်မြေပြင်စစ်ကြောင်းကို ခုခံတိုက်ခိုက်လျက်ရှိရာ ပဟိကလော်ကျေးရွာနှင့် ထီးမယ်ဝါးခီးကျေးရွာထိစပ် နယ်မြေအတွင်း စစ်တပ် စစ်ကြောင်း ပျက်လုနီးပါး အထိနာသွားတယ်လို့ သိရပါတယ်။
စစ်တပ်ဟာ လေးကေကော်မြို့ကို ထိုးစစ်ဆင်နေသလို KNU ဒူးပလာယာခရိုင် တပ်မဟာ ၆ နယ်မြေထဲက ကျိုက်မရော-ကြာအင်းဆိပ်ကြီးလမ်းပိုင်းနဲ့ ကော့ကရိတ်-ကြာအင်းဆိပ်ကြီးလမ်းပိုင်းတွေမှာလည်း စစ်ကြောင်းထိုးနေတယ်လို့ သိရပါတယ်။
စစ်တပ်အတွက် ဗျူဟာမြောက်အရေးပါတဲ့ စွယ်တော်ကုန်း(အမြှောက်ကုန်း)နဲ့ လေးကေ့ကော်ကို ပြန်လည် ထိန်းချုပ်နိုင်ရန်အတွက် မယ်ထော်သလေးနှင့် မေတ္တာလင်းမြိုင်ဘက်မှတစ်ဆင့် ထိုးစစ်ဆင်လာနေရာ ရှေ့မတိုးနိုင်ဘဲ ဖြစ်နေပါတယ်။
အကျအဆုံးများနေသည့်အတွက် စစ်တပ်နဲ့ BGF တပ်များကို စစ်ကူထပ်မံစေလွှတ်ဖို့ ပြင်ဆင်စုဖွဲ့လျက်ရှိပြီး တပ်ဖွဲ့ဝင်တွေကိုလည်း လက်နက်အပြည့်အစုံနဲ့ အသင့်အနေအထားနဲ့ နေခိုင်းထားပါတယ်။
KNLAတော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့များဘက်ကလည်း လေးကေ့ကော်ဒေသကို စစ်ကောင်စီလက်ထဲ မကျဆုံးစေရေးအတွက် ပြန်လည်၍ အပြင်းအထန်ခုခံ ကာကွယ်တိုက်ခိုက်နေပါတယ်။
ရုပ်သံံ၀ Myo Myint Kyaw
#pdf #knla #mnonews #myanmar
MNO NEWS Youtube Channel ကို Subscribe လုပ်ခြင်းဖြင့် အချိန်နှင့်တစ်ပြေးညီ သတင်းများကို ကြည့်ရှုနိုင်ပါသည်။
အောက်ပါ့လင့်များမှလည်း သတင်းများ ကြည့်ရှုနိုင်ပါသည်။
Website- www.mnonews.com
Facebook- / 1amgqiqdtk
Youtube- / @mno-news
Telegram- https://t.me/MNONews8ပါတယ်။
အကျအဆုံးများနေသည့်အတွက် စစ်တပ်နဲ့ BGF တပ်များကို စစ်ကူထပ်မံစေလွှတ်ဖို့
ပြင်ဆင်စုဖွဲ့လျက်ရှိပြီး တပ်ဖွဲ့ဝင်တွေကိုလည်း လက်နက်အပြည့်အစုံနဲ့ အသင့်အနေအထားနဲ့ နေခိုင်းထားပါတယ်။
KNLAတော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့များဘက်ကလည်း လေးကေ့ကော်ဒေသကို စစ်ကောင်စီလက်ထဲ
မကျဆုံးစေရေးအတွက် ပြန်လည်၍ အပြင်းအထန်ခုခံ ကာကွယ်တိုက်ခိုက်နေပါတယ်။
ရုပ်သံ- Myo Myint Kyaw
MNO NEWS Youtube Channel ကို Subscribe လုပ်ခြင်းဖြင့် အချိန်နှင့်တစ်ပြေးညီ သတင်းများကို ကြည့်ရှုနိုင်ပါသည်။
အောက်ပါ့လင့်များမှလည်း သတင်းများ ကြည့်ရှုနိုင်ပါသည်။
Website- www.mnonews.com
Facebook- / 1amgqiqdtk
Youtube- / @mno-news
Telegram- https://t.me/MNONews8
Доступные форматы для скачивания:
Скачать видео mp4
-
Информация по загрузке: