မြန်မာရွေးကောက်ပွဲဟာ ရှီကျင့်ဖျင် ရဲ့ သဘောတူညီမှုလို့ တရုတ်ပြော (ရုပ်/သံ)
Автор: The Irrawaddy News
Загружено: 2025-12-30
Просмотров: 29784
မြန်မာနိုင်ငံမှာ ကျင်းပတဲ့ ရွေးကောက်ပွဲဟာ တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖျင်နဲ့ အာဏာသိမ်းခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့ ကြားမှာထားရှိတဲ့ သဘောတူညီမှုဖြစ်တယ်လို့ တရုတ်ဘက်က ထုတ်ပြောလာပါတယ်။
စစ်ကော်မရှင်ရဲ့ ရွေးကောက်ပွဲကို တက်ရောက်ခဲ့တဲ့ နိုင်ငံတကာ လေ့လာစောင့်ကြည့်ရေးအဖွဲ့တွေရဲ့ သဘောထား မှတ်ချက်စကား ပြောရာမှာ တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန၊ အာရှရေးရာ အထူးကိုယ်စားလှယ် မစ္စတာ တိန့်ရှီကျွင်းက ဒီဇင်ဘာ ၂၉ ရက်နေ့မှာ ပြောခဲ့တာလို့ စစ်ကောင်စီ ဝါဒဖြန့်မီဒီယာတွေမှာ ဖော်ပြထားပါတယ်။
တရုတ်အစိုးရဟာ တရားဝင်မှုနဲ့ သံတမန်ရေးရာ နိမ့်ကျနေတဲ့ အာဏာသိမ်း စစ်တပ်ကို တရားဝင်မှုပေးပြီး တရုတ်ရဲ့ မြန်မာနိုင်ငံထဲက အကျိုးစီးပွားတွေအတွက် ရွေးကောက်ပွဲကိုပါ ထောက်ပံ့ပေးလိုက်တာလို့ သုံးသပ်မှုတွေ ရှိနေပါတယ်။
တရုတ်ဟာ တခြားနိုင်ငံတွေရဲ့ ပြည်တွင်းရေးကို ဝင်ရောက်မစွက်ဖက်ရေးမူကို ကိုင်ဆွဲထားတယ်လို့ လူသိရှင်ကြား အကြိမ်ကြိမ် ထုတ်ပြောနေပေမယ့် မြန်မာ့အရေးမှာ နိုင်ငံရေးနဲ့ စစ်ရေးပိုင်းတွေမှာ ထင်ထင်ပေါ်ပေါ် အကြပ်ကိုင် စွက်ဖက်မှုတွေလုပ်နေတာကို မြင်နေရတာဖြစ်ပါတယ်။
#မြန်မာ #ဧရာဝတီ #ရွေးကောက်ပွဲ #တရုတ်အစိုးရ #ရှီကျင့်ဖျင် #ထောက်ပံ့ #သဘောတူညီမှု #WhathappensInMyanmar
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/supporttheirrawaddy
Доступные форматы для скачивания:
Скачать видео mp4
-
Информация по загрузке: