ICJ ကြားနားမှု နောက်ဆုံးအခြေအနေ... ဘာတွေဖြစ်လာနိုင်သလဲ...
Автор: Htet Aung Kyaw
Загружено: 2026-01-27
Просмотров: 51043
ICJ ကြားနားမှု နောက်ဆုံးအခြေအနေ... ဘာတွေဖြစ်လာနိုင်သလဲ...
(၂၇ ဇန်နဝါရီ ၂၀၂၆)
နယ်သာလန်နိုင်ငံ သည်ဟိတ်မြို့ရှိ ICJ တရားရုံးက ရိုဟင်ဂျာတွေအပေါ် မြန်မာစစ်တပ်က လူမျိုးတုန်းသတ်ဖြတ်မှုရှိ မရှိ ဒုတိယ အကြိမ် စစ်ဆေးမှုကို ၂၀၂၆ ခုနှစ် ဇန်နဝါရီ ၁၂ ရက်မှာ စတင်ပြီး ၂၉ ရက်မှာ ပြီးဆုံးမယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။
၂၉ ရက်နေ့နီးလာတာနဲ့အမျှ ဒီအမှုအပေါ် မြန်မာပြည်သူတွေရဲ့ စိတ်ဝင်စားမှုတိုးလာနေပြီး စစ်ကောင်စီဖက်ကလည်း ICJ တရားရုံးနဲ့တရားသူကြီးတွေကို ဝေဖန်ပုတ်ခတ်တာမလုပ်ရ၊ ရိုဟင်ဂျာ (စစ်တပ်အခေါ်... တိုင်းရင်းသားအမျိုးအမည်တွင် မပါဝင်သည့်၊ တိုင်းရင်းအဖြစ် မသတ်မှတ်ထားသည့် လူမျိုး) တွေအပေါ် အမုန်းစကားမပြောရ၊ လူမျိုးရေးခွဲခြားတဲ့ အသုံးအနှုန်းတွေ မသုံးရဆိုပြီး ဇန်နဝါရီ ၂၁ မှာ အမိန့်ထုတ်ပြန်ထားပါတယ်။
ဒီနေ့ (ဇန်နဝါရီ ၂၇) မွန်းလွဲပိုင်းမှာ ရန်ကုန်နဲ့ မန္တလေးမှာ မဘသတွေ ဦးစီး ကျင်းပဖို့ရှိနေတဲ့ ICJ ဆန့်ကျင်ရေး၊ ဂမ်ဘီယာဆန့်ကျင်ရေး၊ ရိုဟင်ဂျာဆန့်ကျင်ရေးဆန္ဒပြပွဲတွေကိုလည်း ...ဦးကိုကိုလှိုင် ထောက်ခံရေးဆန္ဒပြပွဲအဖြစ် ခေါင်းစဉ်ပြောင်းထားတယ်လို့ သတင်းတွေထွက်နေပါတယ်။
ဆိုတော့... ဇန်နဝါရီ ၂၉ မှာ ICJ တရားရုံးရဲ့ ဆုံးဖြတ်ချက် ဘယ်လိုထွက်လာနိုင်သလဲ...။ ဆုံးဖြတ်ချက်မချသေးပဲ အချိန်ယူပြီး ထပ်မံစစ်ဆေးဦးမှာလား...
ဇန်နဝါရီ ၁၂ ကနေ ၂၇ အထိ ICJ တရားရုံးရဲ့ ထူးခြားချက်တွေအကြောင်း BNN က စုစည်းတင်ပြထားတာကို ထုတ်လွှင့်ပေးလိုက်ပါတယ်။
#BNN သတင်း အင်တာဗျူး youtube ချယ်နယ်
/ burmanewsnetwork ကို Subscribe လုပ်ရန် တိုက်တွန်းပါသည်။
Update သတင်း ဗီဒီယိုကလစ်များကို https://t.me/burmanewsnetwork မှာလည်း ကြည့်ရှုနိုင်ပါသည်။
Доступные форматы для скачивания:
Скачать видео mp4
-
Информация по загрузке: