People Of Evolving Myanmar တည်ထောင်သူ မပိုးဖြူသန့် နှင့်တွေ့ဆုံမေးမြန်းခြင်း
Автор: Khit Thit Media
Загружено: 2022-05-24
Просмотров: 638585
“လတ်တလော အညာဒေသကရွာတွေမှာ ဘုန်းတော်ကြီးကျောင်းတွေပါ မကျန်မီးရှို့ခံနေရတယ်။ပြဿနာရဲ့ ရင်းမြစ်ဖြစ်တဲ့ စစ်ခွေးတွေစစ်အုပ်စုတွေ အညာမြေမှာ ခြေမချနိုင်ဖို့ ဒေသခံကာကွယ်ရေးတပ်တွေအညာမြေမှာ အုပ်စီးမှုရနိုင်ဖို့အတွက် ကာကွယ်ရေးကို ဦးစားပေးပြီးလုပ်ရတာဖြစ်ပါတယ်။
People Of Evolving Myanmar တည်ထောင်သူ မပိုးဖြူသန့် နှင့်တွေ့ဆုံမေးမြန်းခြင်း
By ရန်ကုန်ခေတ်သစ်
မြန်မာနိုင်ငံအတွင်းမှာရှိတဲ့ အညာဒေသတွေမှာမင်းအောင်လှိုင်ဦးဆောင်တဲ့ အကြမ်းဖက် စစ်တပ် ကနေ ပြည်သူတွေနေထိုင်တဲ့ ကျေးရွာတွေကို အကြောင်းမဲ့ မီးရှို့ဖျက်ဆီးတာတွေ ၊ ပြည်သူတွေကို သတ်ဖြတ်တာတွေ ၊ ကျေးရွာအတွင်းက ပြည်သူပိုင်ပစ္စည်းတွေကို ခိုးယူ လုယက်တာတွေ နေ့စဉ်နဲ့အမျှ ကျူးလွန် လုပ်ဆောင် နေပါတယ်။ အဲ့ဒီ့လို မီးရှို့ဖျက်ဆီးခံရတဲ့အတွက် အညာဒေသမှာ ရှိတဲ့ကျေးရွာနေ ပြည်သူတွေဟာ ပြန်စရာ နေရာမရှိတော့ပဲ တောတောင်တွေထဲမှာ ၊ ဘေးလွတ်တဲ့နေရာတွေမှာ ထွက်ပြေး တိမ်းရှောင်နေရပါတယ်။ အဲ့ဒီလို မီးရှို့ခံရတဲ့ အညာဒေသက ပြည်သူတွေအတွက် ရည်ရွယ်ပြီး ကူညီထောက်ပံ့မှုတွေပေးနိုင်ဖို့ အညာမြေ ငွေကျပ် သိန်း ၁ ထောင် ကမ်ပိန်းဆိုပြီး စီစဉ်ဆောင်ရွက်မှုတွေရှိနေပါတယ်။ အညာမြေအတွက် ငွေကျပ် သိန်း ၁ ထောင် ကမ်ပိန်းဆိုတာက ဘယ်လိုမျိုးလဲ။ ရလာတဲ့အလှူငွေတွေကိုရော ဘယ်လိုတွေ အသုံးပြုသွား မလဲဆို တာတွေနဲ့ ပတ်သက်ပြီး ကမ်ပိန်းကို တာဝန်ယူ စီစဉ်ဆောင်ရွက်ပေးနေတဲ့ မပိုးဖြူသန့်နှင့် တွေ့ဆုံမေးမြန်း ထားပါတယ်။
Доступные форматы для скачивания:
Скачать видео mp4
-
Информация по загрузке: