မေတ္တာသုတ် (မေတ္တသုတ်) _ မင်းကွန်းဆရာတော်ဘုရားကြီး (MyittarThoke)
Автор: Buddha Dhamma Radio - ဗုဒ္ဓဓမ္မရေဒီယို
Загружено: 2025-11-25
Просмотров: 195
မေတ္တာသုတ် _ MyittarThoke _ မင်းကွန်းဆရာတော်ဘုရားကြီး
မေတ္တသုတ် (မေတ္တာသုတ်) အကြောင်း
အခါတစ်ပါး၌ ရဟန်းငါးရာတို့သည် မြတ်စွာဘုရား အထံတော်၌ ကမ္မဋ္ဌာန်းကို သင်ယူပြီး ဟိမဝန္တာနှင့် တစ်စပ်တည်း တည်နေသော တောအုပ်ကြီးတစ်ခုထဲသို့ ဝင်ရောက်၍ သစ်တစ်ပင်ရင်း ဝါးတစ်ပင်အောက်၌ တရားအားထုတ်ကာ သီတင်းသုံး နေထိုင်ကြလေသည်။
ထိုရဟန်းတော်တို့၏ သီလတန်ခိုးကြောင့် သစ်ပင်များပေါ်ရှိနတ်များမှာ သစ်ပင်များပေါ်၌ မနေဝံ့ကြတော့ဘဲ ကလေးများကို လက်ဆွဲကာ လှည့်လည်သွားလာ နေထိုင်ကြရရှာကုန်၏။ ရဟန်းများ တစ်နေ့ ပြန်နိုးနိုးနှင့် စောင့်နေခဲ့ကြကုန်၏၊ အတော်ကြာသောအခါ “ရဟန်းများ ပြန်ကြတော့မည် မဟုတ်”ဟု သိကြ၍ ရဟန်းများ မနေဝံ့အောင် ညဉ့်အခါ၌ ကြောက်မက်ဖွယ် အဆင်း အသံများကို ပြကာ ခြောက်လှန့်ကြလေတော့သည်။ ထိုအခါ ရဟန်းများ ထိတ်လန့်တုန်လှုပ်ကြကာ ရောဂါ အမျိုးမျိုး ရရှိကြတော့သည်။ စိတ်ချောက်ချား၍ အေးချမ်းသာယာမှု တည်ကြည်ငြိမ်သက်မှုကို လုံးဝ မရရှိကြတော့ကုန်။ သို့ဖြစ်၍ “ငါတို့ဤအရပ်မှာ မနေသင့် ဟု ဆုံးဖြတ်ကြကာ မြတ်စွာဘုရားအထံတော်သို့ ပြန်သွားခဲ့ကြလေသည်။ မြတ်စွာဘုရားအထံတော်သို့ ရောက်သောအခါ အကြောင်းစုံကို လျှောက်ထားကြ၏။ မြတ်စွာဘုရားက ထိုရဟန်းတို့ကို မေတ္တသုတ် ပရိတ်တော်ကို သင်ပေးတော်မူ၍ ထိုတောအုပ်သို့ပင် ပြန်သွားကြရန် မိန့်ကြားတော်မူခဲ့လေသည်။
ရဟန်းများလည်း ထိုတောအုပ်သို့ ပြန်သွားကြပြီး မြတ်စွာဘုရား သင်ပေးညွှန်ကြားတော်မူလိုက်သည့် အတိုင်း မေတ္တသုတ်ကို ရွတ်ဆိုလျက် မေတ္တာဘာဝနာကို ပွားများကြရာ နတ်အများက ချစ်မြတ်နိုးကြလျက် ဝတ်ကြီးဝတ်ငယ်များပင် ပြုလုပ်ကြ စောင့်ရှောက်ကြ လေသည်။ ထိုအခါ ထိုရဟန်းတော်များ မေတ္တသုတ်ကို ရွတ်ဆိုပွားများကြ၍ ဝိပဿနာတရားကိုပါ ပွားများ အားထုတ်ကြသောအခါ ဝါတွင်းမှာပင် ရဟန္တာအဖြစ်သို့ ရောက်ရှိခဲ့ကြလေသည်။
.....
ဓမ္မဒါနပြုထားသော တရားတော်များ
@buddhadhammaradio
မနက်ခင်းပူဇော်ရန်တရားတော်များ
• မင်းကွန်းဆရာတော် တရားတော်များ
မင်းကွန်းဆရာတော်ဘုရား တရားတော်များ
• မနက်ခင်း တရားတော်များ
.....
မေတ္တာအကျိုး ( ၁၁ ) လင်္ကာ
ချမ်းသာအိပ်စက် ၊ ချမ်းသာနိုးလျှက်
အိပ်မက်ဆိုးကင်း ၊ စောင့်ခြင်းနတ်များ
လူသားလည်းချစ် ၊ နတ်လည်းချစ်လျှက်
လက်နက် ၊ ဆိပ်၊ မီး ၊ ပြီးသည့်တစ်ဖြာ
မျက်နှာရွှင်ကြည် ၊ တည်ကြည်နှလုံး
သေဆုံးမတွေ ၊ သေလျှင်နတ်ရွာ
ရောက်တတ်စွာသည် ၊ မေတ္တာအကျိုး ဆယ့်တစ်မျိုး။
.....
Background image licensed from Vecteezy: https://www.vecteezy.com/free-photos/...
Buddha Statue Stock photos by Vecteezy
#မေတ္တာသုတ် #myittathote #မေတ္တသုတ် #မေတ္တာသုတ်၁၁ခေါက် #myittarthote #နံနက်ခင်းမေတ္တာပို့ #မနက်တိုင်းဖွင့် #buddha #တရားတော်များ #tayartaw #နံနက်ခင်းတိုင်းဖွင့်နားထောင်ပါ #တရားတော်များ #tayartawmyanmar #tayardhammaradio #TayarDhammaRadio #chanting #buddhism #ဆုတောင်းမေတ္တာပို့ #မင်းကွန်းဆရာတော်
Доступные форматы для скачивания:
Скачать видео mp4
-
Информация по загрузке: