👩⚕️❝ အသည်းကင်ဆာ ကုသခြင်းအတွက်နည်းလမ်းများ ❞
Автор: Dr. Zon Medical Tourism Service
Загружено: 2025-08-11
Просмотров: 103
အသည်းကင်ဆာရောဂါကို ကုသဖို့ နည်းလမ်းရွေးချယ်ကြတဲ့အခါမှာ-
🔸ကင်ဆာအကြိတ်အရွယ်အစား၊ အရေအတွက်
🔸အကြိတ်တည်နေရာ
🔸သွေးကြောနှင့် ကိုယ်တွင်းအင်္ဂါများပျံ့နှံ့မှု
🔸လူနာ၏ ခံနိုင်ရည်အားပေါ်မူတည်ပြီး လူနာအတွက် အကောင်းဆုံးနည်းလမ်းကို ရွေးချယ်ကြပါတယ်။
အသည်းကင်ဆာကုသမှုမှာ အသုံးများတဲ့ ကုသမှုနည်းလမ်းတွေကို ဖော်ပြပေးလိုက်ပါတယ်။
▶️𝐑𝐚𝐝𝐢𝐨𝐟𝐫𝐞𝐪𝐮𝐞𝐧𝐜𝐲 𝐀𝐛𝐥𝐚𝐭𝐢𝐨𝐧, 𝐌𝐢𝐜𝐫𝐨𝐰𝐚𝐯𝐞 𝐀𝐛𝐥𝐚𝐭𝐢𝐨𝐧 (အပူရောင်ခြည်ဖြင့် အသည်းအကျိတ်ကို ကုသခြင်း)
Ultrasound အကူအညီဖြင့် ကိုယ်တွင်းကို အပူရောင်ခြည်လွှတ်ပေးနိုင်တဲ့ ပိုက်ထည့်သွင်းပြီး အပူလှိုင်းဖြင့် ကင်ဆာအကျိတ်ကို ချေဖျက်ကုသခြင်း ဖြစ်ပါတယ်။
▶️𝐋𝐢𝐯𝐞𝐫 𝐑𝐞𝐬𝐞𝐜𝐭𝐢𝐨𝐧 (အကျိတ်ရှိနေတဲ့ အသည်းအစိတ်အပိုင်းကို ခွဲစိတ်ဖယ်ရှားခြင်း)
အသည်းမှာ အစိတ်အပိုင်းငယ် ၈ ခုရှိပြီး ကင်ဆာကျိတ်ရှိတဲ့ အသည်းအစိတ်အပိုင်းပေါ်မူတည်ပြီး ခွဲစိတ်ဖယ်ရှားနိုင်ပါတယ်။
▶️𝐋𝐢𝐯𝐞𝐫 𝐓𝐫𝐚𝐧𝐬𝐩𝐥𝐚𝐧𝐭 (အသည်းအစားထိုးကုသခြင်း)
ကင်ဆာအကြိတ်ဟာ သေးတယ်၊ အခြားကိုယ်အင်္ဂါအစိတ်အပိုင်းပျံ့နှံ့မှုမများသေးဘူးဆိုရင် အသည်းအစားထိုးခြင်းကို လုပ်ဆောင်နိုင်ပါတယ်။
▶️𝐓𝐀𝐂𝐄 (အသည်းဆေးဖြန်းခြင်း)
ပေါင်သွေးကြောမှတစ်ဆင့် အသည်း၏ ပင်မသွေးသို့သွား၍ ကင်ဆာအကြိတ်များသို့ ဆေးဖြန်းခြင်းကုသမှုဖြစ်ပါတယ်။
အသည်းအစိတ်အပိုင်းဖြတ်ထုတ်ခြင်း၊ အသည်းအစားထိုးခြင်းကုသမှုများဖြင့် ကုသမရနိုင်တော့သည့်အခါမှာလည်း အကြိတ်အရွယ်အစားကို ထိန်းဖို့အတွက် 𝐓𝐀𝐂𝐄 ကုသမှုကို အသုံးပြုနိုင်ပါတယ်။
▶️𝐓𝐀𝐑𝐄 (အသည်းကင်ဆာအကျိတ် တိုက်ရိုက်ဓာတ်ရောင်ခြည်ပေးကုသခြင်း)
ပေါင်သွေးကြောမှတစ်ဆင့် ရေဒီယိုသတ္တိကြွဂုဏ်သတ္တိရှိသော ဆေးရည်ကိုထည့်ပြီး ထိုဆေးရည်အမှုန်လေးများဖြင့် အသည်းအကျိတ်၏သွေးကြောကိုပိတ်ကာ အကျိတ်ကိုဓါတ်ရောင်ခြည်ပေး ချေဖျက်ခြင်းပဲဖြစ်ပါတယ်။ ကင်ဆာအကျိတ်ဟာ လှီးထုတ်လို့မရနိုင်တဲ့အခြေအနေ နှင့် အသည်းအစားထိုးကုသ၍မရနိုင်တဲ့ အခြေအနေမှာ 𝐓𝐀𝐑𝐄 ကုသမှုကို ရွေးချယ်ကြပါတယ်။
▶️အခြားကုသနည်းများ
အခြားကိုယ်အင်္ဂါအစိတ်အပိုင်းများသို့ ပျံ့နှံ့မှုများနေပြီး ကင်ဆာ Stage မြင့်သော အခြေအနေများမှာတော့
🔻ကင်ဆာဆေးသွင်းကုထုံး
🔻ပစ်မှတ်ထားကုထုံး
🔻ကိုယ်ခံအားကုထုံးနည်းလမ်းများကိုအသုံးပြုနိုင်ပါတယ်။
အသည်းကင်ဆာကုသနည်းဟာ လူနာတစ်ဦးစီအလိုက် အသက်အရွယ်၊ရောဂါအခံ၊ ကင်ဆာရောဂါ အခြေအနေပေါ်မူတည်ပြီး ကွာခြားနိုင်တာမို့ အသေးစိတ်သိလိုပါက ဆေးမှတ်တမ်းတွေပို့ပြီး ဆရာဝန်များနှင့် အခမဲ့ လာရောက်ဆွေးနွေးနိုင်ပါတယ်။
💁♀️"မိသားစုတိုင်းရဲ့ ပိုမိုကျန်းမာသော မနက်ဖြန်တိုင်းအတွက်" ဒေါက်တာဇွန် ဘန်ကောက်/အိန္ဒိယ ကျန်းမာရေးဝန်ဆောင်မှု 🩺
#အသည်း #အသည်းကင်ဆာ #ကင်ဆာရောဂါ #cancer #livercancertreatment #ဒေါက်တာဇွန်ကျန်းမာရေးဝန်ဆောင်မှု #အိန္ဒိယဆေးရုံ #နိုင်ငံခြားဆေးကု #ဘန်ကောက်ဆေးကု
Доступные форматы для скачивания:
Скачать видео mp4
-
Информация по загрузке: