စစ်သမိုင်းရဲ့အကြမ်းတမ်းဆုံးလမ်းမကြီး
Автор: Knowledge and Thoughts
Загружено: 2025-11-22
Просмотров: 15779
အမေရိကန်စစ်အင်ဂျင်နီယာတပ်ရဲ့ စစ်အတွင်းလုပ်ဆောင်ခဲ့ရသမျှ တွေထဲမှာ
အခက်ခဲ အကြမ်းတမ်းဆုံး လို့ အမေရိကန် စစ်အင်ဂျင်နီယာ တပ်က ဗိုလ်ချုပ်ကြီးတဦးက ဖွင့်ဟပြောဆိုခဲ့ရတဲ့ ဒုတိယကမ္ဘာစစ်အတွင်းက ဖောက်လုပ်ခဲ့တဲ့ လီဒိုလမ်းမကြီးဟာအာသံနယ်ထဲက မီးရထားလမ်းဆုံးမြို့ဖြစ်တဲ့လီဒိုကစတင်ခဲ့ပါတယ်။
အဲဒီနောက်မြင့်မားမတ်စောက်တဲ့ပတ်ကွိုင်တောင်ကြောတွေကိုဖြတ်ပြီးထူထပ်သိပ်သည်းလှတဲ့မိုးသစ်တောများရှိရာချင်းတွင်းမြစ်ဖျားပိုင်း နဲ့ဟူးကောင်းချိုင့်ဝှမ်းကတဆင့် မြန်မာပြည်ထဲဝင်ရောက်လာပါတယ်။
မြန်မာနိုင်ငံအတွင်းကရှင်ဘွေရမ်း၊တနိုင်း၊မြစ်ကြီးနား၊ဗန်းမော်၊မိုးကောင်းမြို့များကိုဖြတ်သွားပြီး တရုပ်နိုင်ငံကူမင်းမြို့နဲ့ဆက်သွယ်ထားပါတယ်။လီဒိုက ကူမင်း အထိဆိုရင် စုစုပေါင်းလမ်းအရှည် ၁၀၇၉ မိုင်ရှိပါတယ်။ လီဒိုကနေ မူလ လမ်းဟောင်းတရုပ်မြန်မာလမ်းမကြီးနဲ့ဆုံတဲ့ မိုင်းယုရွာအထိဆို ၄၇၈မိုင်ရှိပါတယ်။
၁၉၃၇ ခုနှစ်မှာဖြစ်ပွားတဲ့ တရုပ်ဂျပန်စစ်ပွဲကာလအတွင်းမှာ ဂျပန်တပ်တွေဟာ တရုပ်ဆိပ်ကမ်းမြို့ကြီးတွေကိုသိမ်းပိုက်လိုက်ကြပါတယ်၊ အဲဒီအတွက်ဗြိတိန်နဲ့အမေရိကန်တို့အနေနဲ့ ဂျပန်တပ်တွေကိုခုခံတိုက်ခိုက်နေတဲ့ ချန်ကေရှိတ်ရဲ့တရုပ်ကူမင်တန်အစိုးရတပ်တွေကို စစ်လက်နက်ခဲယမ်းထောက်ပံ့ပေးနိုင်ဖို့ လမ်းကြောင်းအသစ်ရှာဖွေလာရပါတယ်
#ledoroad #stilwellroad #burmaroad #knowledge #history #ww2 #india #china #history #knowledgeandthoughts#လီဒိုလမ်း #စတီးဝဲလ် #သမိုင်း
Доступные форматы для скачивания:
Скачать видео mp4
-
Информация по загрузке: