ငန်သောအစားအစာများသည် ကျောက်ကပ်ရောဂါ ဖြစ်နိုင်ခြေကို မြင့်တက်စေနိုင်
Автор: WeCare Diabetes
Загружено: 2025-05-21
Просмотров: 324
ဆီးချိုရောဂါကို ကောင်းစွာထိန်းချုပ်နိုင်ပြီးနေထိုင်မှုပုံစံပြောင်းလဲပါက၊ ကျောက်ကပ်ရောဂါရှိသော်လည်း ရှင်သန်နိုင်ပါသည်။ ကုသမှုကို လိုက်နာပြီး ဆရာဝန်နှင့် ပုံမှန်ပြသရန် အရေးကြီးပါသည်။
အစားအသောက်နဲ့ပတ်သက်လာရင်၊ ဟင်းသီးဟင်းရွက်များများ ပိုမိုစားသုံးခြင်းကို အကြံပြုထားပါတယ်။ MSG ပါဝင်သော အစားအစာများနှင့် အပြင်အစာများ မကြာခဏစားသုံးခြင်းကို ကန့်သတ်သင့်ပါတယ်။
အိမ်မှာချက်ပြုတ်ထားသော အာဟာရပြည့်ဝတဲ့ အစားအစာများနှင့် ပုံမှန်လေ့ကျင့်ခန်းလုပ်ခြင်းတို့ဟာ ကျန်းမာရေးကောင်းမွန်စွာထိန်းသိမ်းရန်နှင့် အသက်ရှည်ရန် အရေးကြီးသောအခန်းကဏ္ဍမှ ပါဝင်နေပါတယ်။
အစားအစာအချို့သည် ကျောက်ကပ်ရောဂါဖြစ်နိုင်ခြေကို မြင့်တက်စေနိုင်ပါသည်။ ငန်သောအစားအစာများ (ဆားများသောအစာများ) ကို အလွန်အကျွံစားသုံးခြင်းမှ ရှောင်ကြဉ်သင့်ပါသည်။ နောက်တစ်ခုအနေနဲ့ ယူရစ်အက်စစ်ဓာတ်ကို မြင့်တက်စေသော အစားအစာများ (ဥပမာ - အသည်း၊ ကျောက်ကပ်၊ ဦးနှောက်စတဲ့ အတွင်းသားများ၊ မျှစ်၊ မှို) တို့ကို လျှော့စားသင့်ပါသည်။
ထို့အပြင် ကျောက်ကပ်အလုပ်မလုပ်တဲ့အခါ ပိုတက်ဆီယမ်ဓာတ်များ စုပုံလာတတ်ပါသည်။ သစ်သီးများတွင် ပိုတက်ဆီယမ်ဓာတ်မြင့်မားစွာပါဝင်သောကြောင့် အုန်းရည်၊ ငှက်ပျောသီးဖျော်ရည် စတဲ့အရာများကို အနည်းငယ်သာ သောက်သုံးသင့်ပါသည်။
ဆေးဝါးအချို့ကို မလိုအပ်ဘဲသောက်သုံးပါက ကျောက်ကပ်ကို ထိခိုက်စေနိုင်ပါသည်။ အထူးသဖြင့် အကိုက်အခဲပျောက်ဆေးများနှင့် ပဋိဇီဝဆေးများ (ပိုးသတ်ဆေးများ) ဖြစ်ပါသည်။ ဆရာဝန်ညွှန်ကြားချက်မရှိဘဲ ပဋိဇီဝဆေးများကို မကြာခဏသောက်သုံးတတ်ြခင်းသည် အန္တရာယ်ရှိပါသည်။ ထို့ကြောင့် မဖြစ်မနေလိုအပ်မှသာ ဆေးဝါးများကို သောက်သုံးသင့်ပါသည်။
ဆီးချိုရောဂါရှိသူများသည် ခွဲစိတ်ကုသမှု မခံယူနိုင်ဟူသော အယူအဆမှားလည်း ရှိပါသည်။ ဒါဟာ မမှန်ပါဘူး။ အကယ်၍ သူတို့၏ ဆီးချိုရောဂါကို ကောင်းစွာထိန်းချုပ်ထားနိုင်ပါက ခွဲစိတ်ကုသမှုကို ဘေးကင်းစွာ ခံယူနိုင်ပါသည်။
ဒါကြောင့် ဆီးချိုရောဂါရှိသူတိုင်းကို မိမိတို့၏ ကျန်းမာရေးအခြေအနေကို ထိန်းချုပ်ရန် အားပေးလိုပါသည်။ ထိုသို့ပြုလုပ်ခြင်းဖြင့် ရုပ်ပိုင်းဆိုင်ရာရော စိတ်ပိုင်းဆိုင်ရာပါ ကျန်းမာစေမည်ဖြစ်ပါသည်။
အထူးကုဆရာဝန်ကြီး ပါမောက္ခ ဒေါက်တာသန်းအေး၏ ဆွေးနွေးချက်များမှ ဗဟုသုတရစေရန် ကောက်နှုတ်ဖော်ပြလိုက်ပါသည်။
WeCare Diabetes Platform: https://joinwecare.com/download

Доступные форматы для скачивания:
Скачать видео mp4
-
Информация по загрузке: