ညီမလေးရေ
Автор: မှတ်တမ်း
Загружено: 2025-12-09
Просмотров: 327
ညီမလေးရေ
=========
ညီမလေးရေ
ဘဝမှာ ခဏတာ လာပတ်သက်ကြတဲ့
အာဂန္တုတွေ များစွာ ကြုံကြရလိမ့်မယ်။
လူ များတိုင်းလည်း
အလုပ် မတွင်တတ်ဘူး။
လူ ညီတိုင်းလည်း
"ဤ"ကို "ကျွဲ" ဖတ် မရတတ်ပါဘူး။
သံပြိုင်အပိုဒ်မှာပဲ လူတွေ
အများကြီး ဝိုင်းဆိုကြလိမ့်မယ်။
စာသား လွယ်တယ်၊ တိုတယ်၊
အော်လို့ကောင်းတယ်၊
ပျော်ဖို့ကောင်းတယ်။
တကယ့် သီချင်းအပိုဒ်မှာတော့
သူတို့ အားလုံး ပျောက်ကွယ်။
မင်း တစ်ယောက်တည်းပဲ
သံစဉ်ညီညီ စာသားပီပီ
ဆိုရလိမ့်မယ် ညီမလေးရေ။
ကိုယ့်အလုပ် ကိုယ်သာ လုပ်ကြရမှာကွဲ့။
#ST
My little sister,
You will come across many people in your life
that come to you as temporary sojourners.
That many hands make light work
is not always the case.
You won't always find
safety in number, either.
Only at the chorus part,
those people will join you in unison.
The words are easy, short, and
it's so much fun
to shout and sing.
Nonetheless, when you get to the main verse,
all of them will fade away,
and it's you who will carry on alone.
Sing it harmoniously.
Sing it distinctly, my little sister.
You will have to carry your own cross, my lass.
#ST
Доступные форматы для скачивания:
Скачать видео mp4
-
Информация по загрузке: