"ကျွဲနွား ရှားပါးပြီး တရုတ်ထုတ်စက်တွေ အစားထိုးသုံးစွဲနေမှု အကျိုးဆက်များ"
Автор: Myaelatt Athan
Загружено: 2023-02-06
Просмотров: 48944
"ကျွဲနွား ရှားပါးပြီး တရုတ်ထုတ်စက်တွေ အစားထိုးသုံးစွဲနေမှု အကျိုးဆက်များ"
မြေလတ်အသံ၊ ဖေဖော်ဝါရီ ၇၊ ၂၀၂၃။
မြန်မာတနိုင်ငံလုံးက မြေလတ်ဒေသအပါအဝင် ကျေးလက်ဒေသတွေမှာ ယခင်က လယ်ယာ စိုက်ပျိုးရေးကဏ္ဍအတွက် အထူးအားထားရတဲ့ ကျွဲနွားတွေရှားပါးလာနေပါတယ်။ အဓိကကတော့ ပြည်တွင်းက လုပ်ငန်းရှင်အချို့ဟာ ကျွဲနွားတွေကို တရုတ်နိုင်ငံအပါအဝင် ပြည်ပနိုင်ငံတွေကိုတင်ပို့ဖို့ ဈေးကောင်းပေးဝယ်ယူမှုတွေပြုလုပ်ပြီး ဒီနေရာမှာ တရုတ်နိုင်ငံထုတ် လယ်ယာသုံးစက်ပစ္စည်းတွေကို တောင်သူလယ်သမားတွေ ဝယ်ယူနိုင်တဲ့နည်းလမ်းမျိုးစုံအသုံးပြုပြီး အစားထိုးတင်သွင်းရောင်းချမှုတွေ ပြုလုပ်လာတာ တွေ့ရပါတယ်။ ဒီလို ကျွဲနွားရှားပါးမှုတွေကြောင့် လယ်/ယာ စိုက်ပျိုးရေး လုပ်ငန်းခွင်တွေမှာ တရုတ်နိုင်ငံထုတ်စက်တွေကို အားထားလာတာတွေ့ရတော့ ယနေ့လို စက်ပစ္စည်းဈေးနှုန်းကြီးမြင့်မှု၊ လောင်စာဆီပြဿနာ၊ မြေဩဇာဈေးနှုန်းကြီးမြင့်မှုတွေအပြင် တရုတ်စက်ပစ္စည်းတွေရဲ့အရည်အသွေးအားနည်းပြီး ပြင်ဆင်စရိတ်ကြီးမြင့်မှု စတဲ့ဒါဏ်တွေကို တောင်သူလယ်သမားတွေအလူးအလဲခံနေကြရတော့ နောက်ဆက်တွဲ ဒီအကျိုးဆက်က ဘာတွေဖြစ်လာမလဲဆိုတာ ဒီတပါတ်မြေလတ်ဒေသ "လူမှု၊ စီးပွါး" အစီအစဉ်မှာ ကလောင်ရှင် ဒိအာကာ (မြေလတ်အသံ) က သုံးသပ်တင်ဆက်ပေးသွားပါမယ်။
#မြေလတ်အသံ
#လူမှုစီးပွါး
Доступные форматы для скачивания:
Скачать видео mp4
-
Информация по загрузке: