မန္တလေးတိုင်း ပြည်ခိုင်ဖြိုး ဥက္ကဋ္ဌနဲ့အဖွဲ့ မိတ္ထီလာကန်ဘောင်မှာ မဲဆွယ်စည်ရုံး
Автор: Voice Of Myanmar
Загружено: 2025-12-12
Просмотров: 30428
မန္တလေးတိုင်း ပြည်ခိုင်ဖြိုး ဥက္ကဋ္ဌနဲ့အဖွဲ့ မိတ္ထီလာကန်ဘောင်မှာ မဲဆွယ်စည်ရုံး
မိတ္ထီလာ၊ ဒီဇင်ဘာ- ၁၂- ၂၀၂၅
VOICE OF MYANMAR
မန္တလေးတိုင်း၊ မိတ္ထီလာမြို့က မိတ္ထီလာကန်ဘောင်ဘေးမှာ ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီရဲ့ မန္တလေးတိုင်းဥက္ကဋ္ဌနဲ့အဖွဲ့ဝင်တွေဟာ ဒီကနေ့ဒီဇင်ဘာ ၁၂ ရက် မနက်ပိုင်းက လူထုနဲ့တွေ့ဆုံပြီး မဲဆွယ်စည်းရုံးခဲ့ပါတယ်။
မိတ္ထီလာမြို့နယ် မဲဆန္ဒနယ်ကနေ ဝင်ရောက်ယှဥ်ပြိုင်ကြမယ့် ဒေါက်တာမောင်သင်း ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း၊ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ က မန္တလေးတိုင်းဥက္ကဋ္ဌ ဦးအောင်ကျော်မိုး တိုင်းဒေသကြီးလွှတ်တော်ကိုယ် စားလှယ်လောင်း(FPTP)၊ မိတ္ထီလာခရိုင်နဲ့ ရမည်းသင်းခရိုင်က ဝင်ရောက်ယှဥ်ပြိုင်မယ့် ဦးမောင်မောင်မြင့် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်လောင်း(FPTP) ဦးမြသွင်(ခ) ဦးကျော်ဆန်း တိုင်းဒေသကြီးလွှတ်တော်ကိုယ် စားလှယ်လောင်း(PR) တို့က လူထုနဲ့တွေ့ဆုံခဲ့တာဖြစ်ပါတယ်။
အမျိုးသားလွှတ်တော် ကိုယ်စားလှယ်နေရာမှာတော့ လက်ရှိကာလုံရဲ့ အမှုဆောင်ချုပ် ဦးအောင်လင်းဒွေးက PR စနစ်နဲ့ ဝင်ရောက်ယှဥ်ပြိုင်သွားမှာဖြစ်ပါတယ်။
#vom #voiceofmyanmar #USDP #ကြံ့ခိုင်ရေး #ပြည်ခိုင်ဖြိုး #လူထုတွေ့ဆုံပွဲ
Доступные форматы для скачивания:
Скачать видео mp4
-
Информация по загрузке: