စစ်တောင်းမြစ်ဝှမ်းတိုက်ပွဲ စစ်တပ် ၄၀ထက်မနည်း သေဆုံး၊ လက်နက်ခဲယမ်းတွေ သိမ်းရ | People's Spring
Автор: People's Spring
Загружено: 2026-01-01
Просмотров: 13780
စစ်တောင်းမြစ်ဝှမ်းတိုက်ပွဲ စစ်တပ် ၄၀ထက်မနည်း သေဆုံး၊ လက်နက်ခဲယမ်းတွေ သိမ်းရ
ဇန်နဝါရီ-၁၊ ၂၀၂၆။ People's Spring
ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ် စစ်တောင်းမြစ်အရှေ့ဘက်နဲ့ အနောက်ဘက်ခြမ်း တိုက်ပွဲတွေမှာ စစ်ကောင်စီတပ်သား ၄၀ထက်မနည်းသေဆုံးပြီး လက်နက်ခဲယမ်းတွေရရှိတယ်လို့ နေပြည်တော် တိုင်းစစ်ဌာန၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်က ဒီနေ့ ဇန်နဝါရီ၁ရက်မှာ ထုတ်ပြန်ပါတယ်။
စစ်တောင်းမြစ်အနောက်ဘက်ကမ်းက ဒိုးတန်း၊ ခင်တန်းလေးကျေးရွာတွေနဲ့ အရှေ့ဘက်ကမ်းက အိုးမြေဒူးကျေးရွာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်စခန်းတွေကို ဒီဇင်ဘာ ၃၀ ရက်က တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။
နယ်မြေစိုးမိုးမှု ရယူဖို့နဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော်ရဲ့ ထိုးစစ်အရှိန်ကို အတူတူဆောင်ရွက်တဲ့ စစ်ဆင်ရေးအဖြစ် ရည်ရွယ်လုပ်ဆောင်ခဲ့တာလို့ နေပြည်တော်တိုင်းစစ်ဌာန တိုင်းကွပ်ကဲရေးမှူး ဗိုလ်လကျာ်က ရှင်းပြပါတယ်။
စစ်တပ်အင်အား ၄၀နီးပါးရှိတဲ့ ဒိုးတန်းကျေးရွာတပ်စခန်းကို နေပြည်တော်တိုင်းစစ်ဌာန တပ်ရင်းတွေ၊ ပဲခူးတိုင်းစစ်ဌာန(၃၅၀၄)တပ်ရင်းနဲ့ ရေတာရှည်ပကဖတို့ ပူးပေါင်းတိုက်ခိုက်ခဲ့ကြတယ်လို့ အသိပေးပါတယ်။ အဲဒီတိုက်ပွဲမှာ စစ်ကောင်စီတပ်သား နှစ်ဦးကျဆုံးပြီး ခဲယမ်းအချို့ သိမ်းဆည်းရမိခဲ့ပါတယ်။
ဒိုးတန်းကျေးရွာတိုက်ပွဲကို အောင်ချမ်းသာကျေးရွာဘက်ကနေ အင်အား ၇၀ ဝန်းကျင်ရှိတဲ့ စစ်ကောင်စီ စစ်ကူစစ်ကြောင်းကို တခွဲကျဲကျေးရွာမှာ ဖြတ်တောက်ရေးအဆင့်ဆင့် ယူထားတဲ့ နေပြည်တော်တိုင်းစစ်ဌာနတပ်ရင်းတွေက ပူးပေါင်းတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
ဒါ့အပြင် ကြံခင်းကွင်းပြင်ကနေတက်လာတဲ့ စစ်ကောင်စီတပ်ကို စောင့်ကြိုပစ်ခတ်ခဲ့တာကြောင့် စစ်ကောင်စီတပ် ထိခိုက်သေဆုံးမှုများပြီး လူနာတင်ကားတွေနဲ့ပါ သယ်ရတယ်လို့ ဆိုပါတယ်။ အဲဒီတိုက်ပွဲမှာ စစ်ကောင်စီတပ်ဘက်က ၂၀ နီးပါးသေဆုံးနိုင်တယ်လို့ နေပြည်တော်တိုင်းစစ်ဌာနက ခန့်မှန်းပါတယ်။
ဒါ့အပြင် စစ်ကောင်စီတပ်က တင့်ကားတွေ အသုံးပြုပြီး ဒိုးတန်းကျေးရွာ တိုက်ပွဲကို စစ်ကူပေးဖို့ ကြိုးစားခဲ့ပေမယ့် တော်လှန်ရေးတပ်တွေက ဖြတ်တောက်တားဆီးနိုင်ခဲ့တယ်လို့ အသိပေးပါတယ်။
စစ်တောင်းမြစ်အနောက်ဘက်ကမ်း၊ ခင်တန်းလေးကျေးရွာက စစ်တပ်အထိုင်ချဂိတ်စခန်းတိုက်ခိုက်မှုမှာလည်း စစ်ကောင်စီတပ်သား နှစ်ဦးသေဆုံးခဲ့တယ်လို့ ဖော်ပြပါတယ်။
အဲဒီနောက် စစ်တောင်းမြစ်အရှေ့ဘက်ကမ်း အိုးမြေဒူးကျေးရွာက အင်အား(၆၀)နီးပါးရှိတဲ့ စစ်ကောင်စီတပ်အထိုင်စခန်းကို နေပြည်တော် PDF တပ်ရင်းတွေ၊ သံတောင် မြောက်ပိုင်းအဖွဲ့တို့ ပူးပေါင်း တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။
တော်လှန်ရေးအင်းအားစုတွေက အိုးမြေဒူးတစ်ရွာလုံးကို သိမ်းပိုက်ထိန်းချုပ်နိုင်ခဲ့ပြီး စစ်ကောင်စီတပ်သားတွေ စစ်တောင်းမြစ်ကို ဖြတ်ကူးပြီး အနောက်ဘက်ကမ်းကို ထွက်ပြေးခဲ့ကြတာပါ။အဲ့ဒီထဲက တချို့ကို ဖမ်းဆီးနိုင်ခဲ့ပါတယ်လို့ သိရပါတယ်။
အိုးမြေဒူးကျေးရွာတိုက်ပွဲမှာ စစ်ကောင်စီတပ်ဘက်က ထိခိုက်သေဆုံးသူ ၂၀ဝန်းကျင်နဲ့ စစ်သုံ့ပန်း သုံးဦး ဖမ်းမိပြီး လက်နက်ခဲယမ်းနဲ့ ဆက်စပ်ပစ္စည်းတွေ သိမ်းရခဲ့တယ်လို့ သိရပါတယ်။ ပူးပေါင်းတပ်ဖွဲ့ဘက်ကလည်း ရဲဘော်တစ်ဦး ကျဆုံးပြီး ငါးဦး ဒဏ်ရာ ရခဲ့တာပါ။
ဒီဇင်ဘာ ၃၀ ရက် တစ်ရက်တာအတွင်း စစ်တောင်းမြစ်အရှေ့ဘက်ကမ်းနဲ့ အနောက်ဘက်ကမ်း နှစ်ခုလုံးမှာ နေပြည်တော်တိုင်းစစ်ဌာန တပ်ရင်းတွေနဲ့ မဟာမိတ်အဖွဲ့တွေ ပူးပေါင်းစစ်ဆင်ရေးကြောင့် စစ်ကောင်စီတပ် အထိနာခဲ့ပြီး တစ်နေ့တာအတွင်း စစ်ကောင်စီတပ်သား ၄၀ကျော် သေဆုံးခဲ့လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
ဒါပေမဲ့ တိုက်ပွဲတွေအတွင်း စစ်ကောင်စီတပ်ဘက်က သေဆုံးထိခိုက်မှုတွေကို People’s Spring က သီးခြားအတည်မပြုနိုင်သေးပါဘူး။
အထိနာတဲ့ စစ်ကောင်စီတပ်က စစ်ကူအင်အားဖြည့်တင်းတာနဲ့ စစ်တောင်းမြစ်ကမ်းတဝိုက်က ကျေးရွာအားလုံးနီးပါးကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေတယ်လို့ ဆိုပါတယ်။
စစ်ရေးအချက်အလက်တွေအရ ရေတာရှည်မြို့နယ်၊ စစ်တောင်မြစ်ဝှမ်းတ လျှောက်မှာ စစ်ကောင်စီတပ်က ပင်မအထိုင်စခန်းကြီးလေးခုနဲ့ နေရာ ၁၀ ခုထက်မနည်းမှာ တပ်စွဲထားပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနရဲ့ လမ်းညွှန်ချက်တွေအတိုင်း ပြည်သူ့ စစ်မဟာဗျူဟာကို အခြေခံပြီး စစ်ဆင်ရေးအရှိန်ကို တိုးမြှင့်မယ်လို့ နေပြည်တော်တိုင်းစစ်ဌာနက ကြေညာထားပါတယ်။
𝗣𝗲𝗼𝗽𝗹𝗲'𝘀 𝗦𝗽𝗿𝗶𝗻𝗴
/ subscribe
𝗬𝗼𝘂𝗧𝘂𝗯𝗲 - / @peoplespring
𝗙𝗮𝗰𝗲𝗯𝗼𝗼𝗸 - / ludunwayoo
𝗪𝗲𝗯𝘀𝗶𝘁𝗲 - https://www.ludunwayoo.com/
𝗧𝗲𝗹𝗲𝗴𝗿𝗮𝗺 - https://t.me/peoplespring
#ludunwayoo #လူထုနွေဦး #PS #People*sSpring #myanmar #NewsMedia #media #politics #international #trending #new #update #info #newsfeed #dailynews #newsupdate #breakingnews #myanmarnews #updatenews #PSA
Доступные форматы для скачивания:
Скачать видео mp4
-
Информация по загрузке: