မြန်မာနိုင်ငံ ရန်ကုန်မြို့ရှိ တရုတ်တန်းတွင် နွေဦးပွဲတော် အထိမ်းအမှတ်ပွဲဈေး ဖွင့်ပွဲအခမ်းအနားပြုလုပ်
Автор: Xinhua Myanmar
Загружено: 2025-01-27
Просмотров: 431
မြန်မာနိုင်ငံ ရန်ကုန်မြို့ရှိ တရုတ်တန်းတွင် နွေဦးပွဲတော် အထိမ်းအမှတ်ပွဲဈေး ဖွင့်ပွဲအခမ်းအနားပြုလုပ်
ရန်ကုန်၊ ဇန်နဝါရီ ၂၇ ရက် (ဆင်ဟွာ)
မကြာခင် ရောက်ရှိလာမည့် တရုတ်နှစ်သစ်ကူးပွဲတော် (နွေဦးပွဲတော်) အထိမ်းအမှတ် ပွဲဈေးကို မြန်မာနိုင်ငံ ရန်ကုန်မြို့ရှိ တရုတ်တန်းမှာ ၇ ရက်ကြာ ကျင်းပလျက်ရှိကြောင်း သိရသည်။ တရုတ်နှစ်သစ်ကူး အထိမ်းအမှတ်အနေဖြင့် ဆင်နွှဲသည့် အစဉ်အလာကို ထိန်းသိမ်းရန် ရည်ရွယ်ကာ ကျင်းပသည့် အဆိုပါ ပွဲဈေးဖွင့်ပွဲ အခမ်းအနားကို ဇန်နဝါရီ ၂၆ ရက် ညနေပိုင်းက ရန်ကုန်မြို့ တရုတ်တန်း လသာလမ်းတွင် ကျင်းပခဲ့သည်။ ထိုပွဲဈေးကို ဇန်နဝါရီ ၂၅ ရက်မှ ၃၁ ရက်အထိ ကျင်းပမည် ဖြစ်ပြီး ခြင်္သေ့အကနှင့် နဂါးအကများ၊ ဖျော်ဖြေရေးအစီအစဉ်အမျိုးမျိုး၊ ကလေးကစားကွင်းများ၊ အလှဓာတ်ပုံရိုက်ကူးနိုင်သော နေရာများနှင့် ဈေးဆိုင်ခန်း အများအပြား ပါဝင်ကြောင်း သိရသည်။ ၂၀၂၅ ခုနှစ်၏ တရုတ်နှစ်သစ်ကူးနေ့က ဇန်နဝါရီ ၂၉ ရက်တွင် ကျရောက်မည်ဖြစ်ပြီး လာမည့်နှစ်သစ်က မြွေနှစ်ဖြစ်ကြောင်း သိရသည်။ (Xinhua)
#Myanmar #ChineseNewYear #FestiveMarket #မြန်မာနိုင်ငံ #တရုတ်နှစ်သစ်ကူး #ပွဲဈေး #News
Доступные форматы для скачивания:
Скачать видео mp4
-
Информация по загрузке: