ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)
Автор: The Irrawaddy News
Загружено: 2023-09-01
Просмотров: 102998
ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)
ဧရာ၀တီ၊ ဩဂုတ် ၃၁၊ ၂၀၂၃
တချိန်က မြန်မာပြည်ရဲ့ စီးပွားရေးမြို့တော် ရန်ကုန်မှာရှိတဲ့ စီးပွားရေး လုပ်ငန်းရှင်ကြီးတွေကြားမှာ အင်မတန် ပါးနပ်ပြီး၊ လာဘ်စားလွန်းတဲ့ အညာသား ဝန်ကြီးတပါးကို ဦးအောင်တောင်း (သို့မဟုတ်) လူလည်များရဲ့ ဘုရင်လို့ တင်စားခေါ်ဝေါ် ခဲ့ကြပါတယ်။
သူဟာ လူမသိ သူမသိ ကျောင်းဆရာဘဝကနေ နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ (နဝတ) ခေတ်နဲ့ နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ (နအဖ) ခေတ်တွေမှာ သြဇာအာဏာ ရှိပါတယ်ဆိုတဲ့ သူတွေကို ကျော်ခွလှည့် ပတ်ပြီး နိုင်ငံရေး လုပ်ပိုင်ခွင့်အာဏာနဲ့ မြန်မာ့ထိပ်တန်း စီးပွားရေး အင်ပါယာကို ထူထောင်နိုင်ခဲ့သူ စက်မှု (၁) ဝန်ကြီး ဦး အောင်သောင်းပဲ ဖြစ်ပါတယ်။
စစ်တပ်နဲ့ စစ်အုပ်ချုပ်ရေး ယန္တရားမှာ ကာလကြာရှည်စွာ နေရာယူသွားခဲ့သူ အညာသားကြီးက သူတဦးတည်းသာ စစ်အာ ဏာရှင်တို့နဲ့ အကျိုးတူ လက်တွဲခဲ့တာ မဟုတ်ပဲ၊ သူ့မျိုးဆက် သားသမီးတွေကိုပါ စစ်အာဏာရှင်တို့နဲ့ လက်တွဲခိုင်မြဲစေဖို့ မျိုး စေ့ချပေးခဲ့သူပဲ ဖြစ်ပါတယ်။
#WhatsHappeningMyanmar
#RejectMilitaryCoup

Доступные форматы для скачивания:
Скачать видео mp4
-
Информация по загрузке: