နည်းပညာလောကရဲ့ ဧကရာဇ် 👑 Jensen Huang: AI လောကကို အုပ်စိုးသူ
Автор: My Notes
Загружено: 2025-12-20
Просмотров: 44534
ဒီနေ့ခေတ်မှာ AI လို့ပြောလိုက်ရင် NVIDIA ကို ချန်ထားလို့မရသလို၊ NVIDIA လို့ပြောရင်လည်း အမြဲတမ်း အနက်ရောင် သားရေဂျာကင်နဲ့ တွေ့ရတတ်တဲ့ Jensen Huang ကို ပြေးမြင်ကြမှာပါ။ ၂၀၂၅ ခုနှစ်မှာ "Person of the Year" အဖြစ် ရွေးချယ်ခံလိုက်ရတဲ့ Jensen Huang ဟာ အခုဆိုရင် ကမ္ဘာ့နည်းပညာလောကရဲ့ သြဇာအရှိဆုံး လူသားတစ်ဦး ဖြစ်လာပါပြီ။
[ဘာတွေပါဝင်မလဲ?]
ဒီဗီဒီယိုထဲမှာတော့ -
✅ ထိုင်ဝမ်ကနေ အမေရိကန်ကို ရောက်ရှိလာတဲ့ ရွှေ့ပြောင်းအခြေချသူ ဘဝ။
✅ Denny’s စားသောက်ဆိုင်မှာ ပန်းကန်ဆေး၊ အိမ်သာဆေးတဲ့အလုပ်ကနေ ဘဝကို စတင်ခဲ့ပုံ။
✅ အရှုံးပေါင်းများစွာကြားက NVIDIA ကို ဒေါ်လာ ၅ ထရီလီယံတန် ကုမ္ပဏီဖြစ်အောင် ဘယ်လိုတည်ဆောက်ခဲ့သလဲ?
✅ AI (Artificial Intelligence) လောကမှာ သူ့ရဲ့သြဇာက ဘယ်လောက်အထိ ကြီးမားလာသလဲ?
✅ ၂၀၂၅ ခုနှစ်ရဲ့ Person of the Year ဖြစ်လာရတဲ့ အကြောင်းရင်း။
သူ့ရဲ့ ခိုင်မာတဲ့စိတ်ဓာတ်နဲ့ အမြင်ကျယ်မှုတွေက လူငယ်တွေအတွက်ရော၊ လုပ်ငန်းရှင်တွေအတွက်ပါ အများကြီး အတုယူစရာ ဖြစ်မှာပါ။ ကမ္ဘာကြီးကို ပြောင်းလဲပစ်မယ့် AI တော်လှန်ရေးရဲ့ နောက်ကွယ်က လူသားအကြောင်းကို အတူတူ လေ့လာကြည့်လိုက်ရအောင်။
Доступные форматы для скачивания:
Скачать видео mp4
-
Информация по загрузке: