PVTV Daily News (27 May 2025)
Автор: PVTV Myanmar
Загружено: 2025-05-27
Просмотров: 9191
ဒီနေ့ မေ ၂၇ ရက် အင်္ဂါနေ့အတွက် တင်ဆက်ပေးမယ့် သတင်းခေါင်းစဉ်တွေကတော့......
အာဆီယံဘုံသဘောတူညီချက်ကို မလိုက်နာဘဲ အရပ်သားတွေကို တိုက်ခိုက်မှု လုပ်နေတဲ့ အကြမ်းဖက် စစ်ကောင်စီကို အာဆီယံအနေနဲ့ အရေးယူဖို့ အထူးလိုအပ်နေပြီလို့ သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ပြောကြား လိုက်တဲ့သတင်း၊
ရန်ကုန်တိုင်း ပကဖ တပ်ဖွဲ့ ၁ ရဲ့ အပတ်စဉ် ၃ အခြေခံစစ်သင်တန်းမှာ အသက် ၁၉ နှစ်ကနေ အသက် ၄၀ အထိ အမျိုးသားရော အမျိုးသမီးတွေပါ တက်ရောက်ခဲ့တဲ့ သတင်း၊
မကွေးထောင်မှာ နိုင်ငံရေးအကျဥ်းသား ၂၀၀ကျော် တိုက်ပိတ်ခံထားရပြီး ဆေးကုသခွင့်မရတဲ့ သတင်း၊
ABSDF ဗဟိုစစ်ကော်မရှင်နဲ့ လူထုတော်လှန်ရေးမဟာမိတ်အင်အားစု(မကွေး) ဗဟိုကော်မတီတို့ တွေ့ဆုံဆွေးနွေးတဲ့ သတင်း၊
စလင်းမြို့နယ်အတွင်းမှာ အကြမ်းဖက်စစ်တပ်က အင်အား ၂၅၀ ခန့်ပါ စစ်ကြောင်းနဲ့ ၁၃ ရက်ကြာ စစ်ကြောင်း ထိုးပြီး ပြည်သူတွေကို သတ်ဖြတ်တာ ၊ နေအိမ်တွေကို မီးရှို့ဖျက်ဆီးတာတွေ လုပ်ဆောင်ခဲ့တဲ့ သတင်းနဲ့ ဒီနေ့အတွက် မြန်မာနိုင်ငံတဝှမ်းက လူမျိုးပေါင်းစုံ ဘာသာပေါင်းစုံ ပါဝင်တဲ့ စစ်အာဏာရှင် တော်လှန်ရေး ဆန္ဒပြလူထုသပိတ် သတင်းတွေပဲဖြစ်ပါတယ်။
#springrevolution
#pvtvmyanmar
#pvtvdailynews
#whatishappeninginmyamar
Доступные форматы для скачивания:
Скачать видео mp4
-
Информация по загрузке: