သနပ်ခါးချစ်သူ - ဗဒင် [ Official Lyric Video ]
Автор: Thaw Pi Luu Din Official
Загружено: 2025-11-17
Просмотров: 222
( သနပ်ခါးချစ်သူ )
အမြဲလိုပင်
သနပ်ခါးလေး ပါးပါးညီညီ လိမ်းကျံကာ
အကူအညီ မပါပေမယ့်လည်း
နဂိုနီတဲ့ နှုတ်ခမ်းလေး အလှသွေးကြွယ်
ပိတုန်းနက် ဆံစလေးတွေ
ခါး နွဲ့နွဲ့လေးထက်မှာ
ယဉ်နိုင်လွန်းတယ်
အမြင်လွှာမှာဆန်းသစ်လှတဲ့ဖိနပ်တွေကြား
ချည်ကတ္တီပါ သဲကြိုးအနက်နဲ့
သူကို လိုက်ရှာ မိတယ်
တွေ့ချင်တယ်
တစိမ့်စိမ့်နဲ့ ကြည့်လို့
တကယ်ကို မဝနိုင်တယ်
ဣနြေ္ဒရှင်မလေးရယ်
ဆယ်ခါတစ်ခါ ပြုံးခဲနိုင်လွန်းတယ်
ဒေါသ မာနလေးတွေ
မရှိတဲ့ သူ့သဘောထားကို
ကိုယ်စာဖွဲ့မယ်
ဘယ်သူတွေ ဘယ်လောက်ထိချောချော
ချောပါစေ
မမြင်နိုင်တဲ့ နှလုံးသားထဲက
အလှတွေေ သူ့မှာ ရှိတယ်
မဟာဆန်တဲ့ ကဗျာဟန်လေးရယ်
သိမ်မွေ့ နုနယ်
စာနွယ်လား ပန်းချီလေလားကွယ်
မယ်ယဉ်ကျေးရယ်
လေပြေလာရင် အဝေးကရတဲ့
သနပ်ခါးနံ့ ကလေးတွေကို
ဒီတစ်သက်တာ
ကိုယ်လေမွှေးချင်တယ်
ကိုယ်လေမွှေးချင်တယ်
Song - သနပ်ခါးချစ်သူ
Artist - Ba Din [ဗဒင်]
Album - D Nae [ဒီနေ့]
#THAW_PI_LUU_DIN
Доступные форматы для скачивания:
Скачать видео mp4
-
Информация по загрузке: