သောတာပန်၏ ဘဝနှင့် အသိ - ဒေါက်တာ နန္ဒမာလာဘိဝံသ
Автор: Dhamma Edu
Загружено: 2020-12-14
Просмотров: 145300
သောတာပန်ဆိုတာ ဘေးငြိမ်းတယ် ရန်ငြိမ်းတယ် ကြောက်စရာတွေ ဘာမှမရှိတော့ဘူးလို့ တရားတော်ထဲမှာ ဆရာတော်က မိန့်ထားပါတယ်။ ဒီတော့ ကိုယ့်မှာ ဘေးငြိမ်းနေလား၊ ရန်ငြိမ်းနေလား ကြောက်စရာတွေ တွေ့ရင် ကြောက်နေသေးလာဆိုပြီး ကိုယ့်ကိုယ်ကို ဆန်းစစ်လိုက်တာနဲ့ ကိုယ်ဟာ သောတာပန် ဟုတ်မဟုတ် ရှင်းရှင်းကြီး သိနေပါလိမ့်မယ်လို့လည်း ဆိုထားပါတယ်။
သောတာပန်ဆိုတာ ဘုရား၊ တရား၊ သံဃာ အပေါ်မှာ အလေးအနက်လည်း ယုံကြည်ပြီး၊ ငါးပါးသီလကို အသက်ထက်ဆုံးမြဲနေတယ်လို့လည်း ဆိုပါတယ်။ နောက်တစ်ခုက အကျိုးနဲ့အကြောင်းကို သိတဲ့ဉာဏ်ဟာ သောတာပန် ပုဂ္ဂိုလ်မှာ ထက်ထက်သန်သန်ကြီးကို ဖြစ်ပေါ်နေတယ်လို့လည်း ဆရာတော်က မိန့်ထားပါသေးတယ်။
သောတာပန်ဆိုတာ ဘေးကင်းရန်ကွာ ဘဝမှာ နေထိုင်နေရတာဖြစ်လို့ အားကျစရာကောင်းတဲ့ ဘဝမျိုးတစ်ခုဖြစ်ပါတယ်။
အရင်ဆုံး ကိုယ်ကျင့်သီလ ငါးပါးသီလကနေ လေ့ကျင့်ရမှာတော့ အမှန်ပါပဲ။
#သောတာပန်
#နန္ဒမာလာဘိဝံသ
#DhammaEdu_နန္ဒမာလာဘိဝံသ
Доступные форматы для скачивания:
Скачать видео mp4
-
Информация по загрузке: