နည်းပညာအသုံးပြု စက်သုံးဆီကွင်းဆက် ကြပ်မတ်စစ်ဆေးမှု အကောင်အထည် မဖော်နိုင်သေးဟု စွမ်းအင်ဝန်ကြီးပြော
Автор: BETV Business
Загружено: 2025-12-02
Просмотров: 304
နည်းပညာအသုံးပြု စက်သုံးဆီကွင်းဆက် ကြပ်မတ်စစ်ဆေးမှု အကောင်အထည် မဖော်နိုင်သေးဟု စွမ်းအင်ဝန်ကြီးပြော
ရန်ကုန်၊ ဒီဇင်ဘာ ၂
စက်သုံးဆီဖြည့်ဆည်းမှုကွင်းဆက်ကို နည်းပညာအသုံးပြု ကြပ်မတ်စစ်ဆေးနိုင်ရေးအတွက် ကြိုးပမ်းခဲ့တာ အချိန်ကာလတစ်ခုရှိပေမယ့် လက်တွေ့ဆောင်ရွက်နိုင်မှု မရှိသေးကြောင်း စွမ်းအင်ဝန်ကြီး ဦးကိုကိုလွင်က ပြောပါတယ်။
ဒါ့ကြောင့် သီလဝါဆိပ်ကမ်းမှာ စက်သုံးဆီတင်သွင်းသိုလှောင် ဖြန့်ဖြူးခြင်းလုပ်ငန်းတွေကို လာရောက်ကြည့်ရှုစစ်ဆေးတာလို့ ဒီဇင်ဘာ ၁ ရက်နေ့က မြန်မာနိုင်ငံ စက်သုံးဆီတင်သွင်းရောင်းချ ဖြန့်ဖြူးရေးအသင်းမှ တာဝန်ရှိသူတွေနဲ့ တွေ့ဆုံရင်း ပြောကြားခဲ့တာပါ။
ဦးစွာ Terminal တွေကနေ စတင်ပြီး Auto Tank Guaging (TAG) စနစ်တွေကို တပ်ဆင်ဆောင်ရွက်ရမယ့်အကြောင်း စွမ်းအင်ဝန်ကြီးက ဆိုပါတယ်။
နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံ့ဝန်ထမ်းတွေ၊ ပြည်သူနဲ့ လုပ်ငန်းရှင်တွေက ပူးပေါင်းပြီး ပြည်သူ့အကျိုးရှေးရှုကာ လက်တွဲညီစွာ ဆောင်ရွက်သွားရမှာ ဖြစ်တယ်လို့လည်း ၎င်းက ဆက်ပြောပါတယ်။
လက်ရှိကာလမှာ စက်မောင်းဆီတွေကို ကိုယ်တိုင်ထုတ်လုပ် သုံးစွဲနိုင်ခြင်းမရှိတာကြောင့် ပြည်ပကနေ ဝယ်ယူသုံးစွဲနေရချိန်မှာ ပြည်သူလူထုအနေနဲ့ ဈေးနှုန်း၊ အရည်အသွေးနဲ့ အခြင်အတွယ် ထိခိုက်နစ်နာမှုမရှိစေရေး အထူးဦးစားပေး ဆောင်ရွက်ပေးဖို့ မိမိတို့မှာ တာဝန်ရှိတယ်လို့လည်း အသိပေးခဲ့ပါတယ်။
ဒါ့အပြင် ပြည်ပကနေ တင်သွင်းလာတဲ့ စက်သုံးဆီတွေရဲ့ အရည်အသွေး ပြည့်မီမှန်ကန်မှုရှိစေရေး အရေးကြီးတဲ့အကြောင်း စွမ်းအင်ဝန်ကြီး ဦးကိုကိုလွင်က ပြောကြားခဲ့ပါတယ်။
ဗဟိုဘဏ်အနေနဲ့ စက်သုံးဆီလုပ်ငန်းရှင်တွေကို နိုင်ငံခြားငွေကြေးဈေးကွက်ကနေ အမေရိကန်ဒေါ်လာ သန်းရာချီကို လစဉ်တိုင်း ထုတ်ရောင်းပေးလျက်ရှိတာပါ။
ပြီးခဲ့တဲ့ နိုဝင်ဘာလမှာဆိုရင် အမေရိကန်ဒေါ်လာ ၁၁၅ သန်းကို နိုင်ငံခြားငွေကြေးဈေးကွက်ကနေ ၄ ကြိမ်ခွဲပြီး ထုတ်ရောင်းပေးခဲ့တာကိုလည်း မြန်မာနိုင်ငံတော်ဗဟိုဘဏ်ရဲ့ ထုတ်ပြန်ချက်တွေအရ သိရှိရပါတယ်။
သတင်း - BETV Business
▶BETV Youtube: / @betvbusiness
#Myanmar_Business_News #BETV_Business_News #စက်သုံးဆီကွင်းဆက် #နည်းပညာ #စွမ်းအင်ဝန်ကြီးဌာန #ဦးကိုကိုလွင် #MPTA
Доступные форматы для скачивания:
Скачать видео mp4
-
Информация по загрузке: