KNUလေးဝေါစခန်းသိမ်းပြီးနောက်ထိုင်းရောက်စစ်ရှောင်မြန်မာတွေနေရပ်စပြန် | People's Spring
Автор: People's Spring
Загружено: Дата премьеры: 21 апр. 2025 г.
Просмотров: 1 971 просмотр
KNUလေးဝေါစခန်းသိမ်းပြီးနောက်ထိုင်းရောက်စစ်ရှောင်မြန်မာတွေနေရပ်စပြန်
ဧပြီ - ၂၁ ၊၂၀၂၅။/People's Spring
ကရင်ပြည်နယ်၊ ဒေါနတောင်တန်းအရှေ့ခြမ်း မြန်မာ-ထိုင်းနယ်စပ်နားကစစ်ကောင်စီတပ်ရဲ့လေးဝေါ် (မော်ဖားသူး) တပ်စခန်းကိုKNUတပ်မဟာ (၇) နဲ့ ပူးပေါင်းတပ်ကဧပြီလ ၁၉ ရက်နေ့မှာသိမ်းသိမ်းပိုက်ပြီတဲ့နောက်နယ်စပ်မှာပြန်လည်ငြိမ်သက်သွားတာမို့ ထိုင်းဘက်လာရောက်စစ်ရှောင်တဲ့ ပြည်သူအချို့ စတင်နေရပ်ပြန်ကြပြီလို့ ထိုင်းသတင်းဌာနတွေကဖော်ပြထားပါတယ် ။
မြဝတီမြို့နယ် မြောက်ပိုင်းမှာ ရှိတဲ့လေးဝေါ် စခန်းကိုဧပြီလ ၁၈ ရက်ညနေပိုင်းကစတင်တိုက်ခိုက်တာဖြစ်ပြီးတစ်ရက်အကြာမှာပဲစခန်းသိမ်းနိုင်တာပါ။ လေးဝေါ်စခန်းဟာထိုင်းရဲတက်ခ်ပြည်နယ်၊မဲရမတ် ခရိုင်ရဲ့ နယ်စပ်နဲ့ တစ်မိုင်ခွဲဝန်းကျင်ပဲကွာဝေးပါတယ်။တိုက်ပွဲတွေ ဖြစ်ပွားခဲ့တဲ့နောက် စစ်တပ်ကလေကြောင်းကနေ ဗုံးကြဲတာကြောင့်ဧပြီ ၁၉ ရက်မှာ ဒေသခံပြည်သူ ၂၀၀ ဦးကျော်ဟာထိုင်းဘက်ကိုထွက်ပြေး ခိုလှုံခဲ့ကြပါတယ်။
အဲဒီ စစ်ရှောင် ပြည်သူတွေဟာ သောင်ရင်းမြစ်ကို ဖြတ်ပြီး ထိုင်းဘက်ကို ရောက်ရှိခဲ့တဲ့နောက် ထိုင်းအာဏာပိုင်တွေက သူတို့ကို မဲရမတ် ခရိုင်ထဲက ဟွိုင်ပလာကောင် ဘုန်းတော်ကြီးကျောင်းမှာ ဖွင့်လှစ်ထားတဲ့ ခိုလှုံရေး စခန်းဆီယာယီပို့ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။
အခြေအနေ ပြန်လည် တည်ငြိမ်လာတဲ့နောက် ဧပြီ ၂၀ ရက်နေ့ မှာတော့စစ်ရှောင် ၁၁၇ ယောက်ကို နေရပ်ကိုစပြန်နိုင်အောင် ထိုင်းအာဏာပိုင်တွေက ကူညီပေးခဲ့တယ်လို့ Khaosod English သတင်းဌာနကဖော်ပြပါတယ် ။ စစ်ရှောင်တွေ နေရပ်ပြန်ချိန်မှာ ထိုင်းလုံခြုံရေးအဖွဲ့တွေက ကူညီပေးခဲ့ကြတာကိုလည်းတွေ့ရပါတယ်။
ဒါပေမဲ့ဟွိုင်ပလာကောင်ရွာဘုန်းကြီးကျောင်းထဲက ယာယီခိုလှုံရေးစခန်းမှာ နောက်ထပ်မြန်မာစစ်ရှောင် ၁၃၀ လောက်ကျန်နေဆဲလို့သိရပါတယ်။
ထိုင်းနယ်ခြားစောင့်လုံခြုံရေးတပ်ဖွဲ့တွေက မြန်မာနိုင်ငံဖက်ခြမ်းက ပြင်းထန်တဲ့ တိုက်ပွဲတွေဟာ KNLAက စစ်ကောင်စီတပ်ရဲ့လေးဝေါ်စခန်းကို သိမ်းယူပြီးတဲ့နောက်မှာအခြေအနေပြန်လည် ငြိမ်သက်သွားတယ်လို့ပြောပါတယ်။
နယ်စပ်တစ်ဘက်ခြမ်းကတိုက်ပွဲတွေကြောင့် ထိုင်းနယ်ခြားစောင့် အရာရှိတွေဟာ ဒေသခံ အုပ်ချုပ်ရေး အဖွဲ့တွေ၊ ရဲတွေနဲ့ ပူးပေါင်းပြီး လုံခြုံရေး ဖြန့်ကျက်ထားသလို စစ်ရှောင်တွေအတွက် လိုအပ်တဲ့ လူသားချင်း စာနာမှု အကူအညီတွေ ပေးအပ်ထားခဲ့တယ်လို့လည်း The Nation သတင်းမှာ ပါရှိပါတယ်။
မြန်မာနယ်စပ်မှာတိုက်ပွဲတွေဖြစ်နေစဥ်ထိုင်းစစ်တပ်ကလည်းပဋိပက္ခတွေထိုင်းပိုင်နက်ထဲကူးစက်မလာဖို့နဲ့ ဒေသခံတွေရဲ့ လုံခြုံရေးအတွက် လုပ်ထုံးလုပ်နည်းတွေနဲ့အညီ တပ်ဖွဲ့ဝင်တွေနဲ့ စစ်လက်နက်တွေကို နယ်စပ်မှာ ပိုမိုဖြည့်တင်း ပို့ဆောင်ထားတယ်လို့လည်း သိရပါတယ်။
လေးဝေါ်စခန်းသိမ်းပြီးတာကြောင့် ဒေါနတောင်အရှေ့ဘက်ခြမ်း ၊မြဝတီမြို့နယ်ထဲမှာမဲလ၊ မော်ဖိုးခီ့(မော်ဖိုးကေ)၊ တာလေဗျူဟာ၊ နော်တရာတောင်ထိပ်စခန်း စစ်ကောင်စီတပ်စခန်းတွေ ကျန်ရှိနေတယ်လို့သိရပါတယ်။
၂၀၂၅မတ်လအတွင်းကလည်းကရင်ပြည်နယ် ၊လှိုင်းဘွဲ့မြို့နယ်ထဲကထိုင်းနယ်စပ်အနီးဝန်းကျင်မှာရှိတဲ့ စစ်ကောင်စီတပ်စခန်းတွေဖြစ်တဲ့ ပူးလူးတူစခန်း နဲ့ ခလယ့်ဒေးစခန်း တွေ ကို KNU/KNLA တပ်မဟာ (၇) ဦးဆောင်တဲ့တော်လှန်ရေးတပ်တွေက သိမ်းသိမ်းထားပါတယ်။ဒါကြောင့် KNLA ဦးဆောင်တဲ့ ပူးပေါင်းတပ်တွေဟာ ဒီလပိုင်းအတွင်းမှာ စစ်တပ်စခန်းတွေကို ဆက်တိုက်ထိုးစစ်ဆင်သိမ်းပိုက်နေတာဖြစ်ပါတယ်။
တစ်ချိန်တည်းမှာ တနင်္သာရီတိုင်းမှာလည်း KNLA တပ်မဟာ ၄ ရဲ့ နယ်မြေထဲမှာ တည်ရှိတဲ့ စစ်ကောင်စီရဲ့ ထီးထာဗျူဟာစခန်းကိုKNLA ဦးဆောင်တဲ့တော်လှန်ရေးတပ်တွေက တစ်ပတ်ကြာ ထိုးစစ်ဆင်ပြီးတဲ့နောက် ဧပြီ ၁၉ ရက်နေ့မှာ သိမ်းပိုက်နိုင်ခဲ့ပါတယ်။ အဲဒီစခန်းသိမ်းတိုက်ပွဲအတွင်း KNLAဟာစစ်လက်နက်၊ခဲယမ်းတွေနဲ့ စစ်အသုံးအဆောင်ပစ္စည်းအများအပြားကိုလည်းသိမ်းယူနိုင်ခဲ့ပါတယ်။
ထီးထာဗျူဟာစခန်းသိမ်းတိုက်ပွဲအတွင်းစစ်ကောင်စီရဲ့ ဗျူဟာမှူး သေဆုံးခဲ့တယ်လို့ KNLA မဟာမိတ်တွေက ပြောပါတယ်။ ဒါဟာ KNLAရဲ့ တပ်မဟာ ၄ နယ်မြေထဲမှာ ဗျူဟာအဆင့် စခန်းတစ်ခုကို ပထမဆုံးအကြိမ် သိမ်းယူနိုင်ခြင်းလည်း ဖြစ်ပါတယ်။
ကိုးကား-Khaosod ၊ The Nation
ရုပ်သံ- Khaosod
#ludunwayoo #လူထုနွေဦး #NewsUpdate
𝗣𝗲𝗼𝗽𝗹𝗲'𝘀 𝗦𝗽𝗿𝗶𝗻𝗴
𝗬𝗼𝘂𝗧𝘂𝗯𝗲 - / @peoplespring
𝗙𝗮𝗰𝗲𝗯𝗼𝗼𝗸 - / ludunwayoo
𝗪𝗲𝗯𝘀𝗶𝘁𝗲 - https://www.ludunwayoo.com/
𝗜𝗻𝘀𝘁𝗮𝗴𝗿𝗮𝗺 - / ludunwayoo
𝗧𝗲𝗹𝗲𝗴𝗿𝗮𝗺 - https://t.me/peoplespring

Доступные форматы для скачивания:
Скачать видео mp4
-
Информация по загрузке: