Популярное

Музыка Кино и Анимация Автомобили Животные Спорт Путешествия Игры Юмор

Интересные видео

2025 Сериалы Трейлеры Новости Как сделать Видеоуроки Diy своими руками

Топ запросов

смотреть а4 schoolboy runaway турецкий сериал смотреть мультфильмы эдисон
dTub
Скачать

မြတ်စွာဘုရားရှင်၏ "သုဂတော" ဂုဏ်တော်(ပါမောက္ခချုပ်ဆရာတော် ဒေါက်တာအရှင်နန္ဒမာလာဘိဝံသ)

Автор: Dhamma - Buddha's Teachings

Загружено: 2021-12-15

Просмотров: 13241

Описание:

ဘုရားဂုဏ်တော် (၉) ပါး

အရဟံ ဂုဏ်တော်
ကိလေသာကင်းစင်၍ အမြတ်ဆုံး ပုဂ္ဂိုလ်ဖြစ်ခြင်း၊ လူ၊ နတ်၊ ဗြဟ္မာတို့၏ ပူဇော်အထူးကို ခံယူထိုက်တော်မူထိုက်သော မြတ်စွာဘုရား။ ဆိတ်ကွယ်ရာအရပ်၌ပင် မကောင်းမှုကို ပြုလုပ်တော်မမှုသော မြတ်စွာဘုရား။
အရဟံဂုဏ်တော် (၅) ချက်
၁။ အာရကတ္တာ - ကိလေသာတို့မှ ဝေးတော်မူသောကြောင့် အရဟမည်၏။
၂။ ပစ္စယာဒီနံ အရဟတ္ထာပိ - လူသုံးပါးတို့၏ ပစ္စည်းလေးပါး စသော ပူဇော်အထူးကို ခံထိုက်သည်၏ အဖြစ်ကြောင့် အရဟမည်၏။
၃။ နတ္ထိ ရဟော ဧတဿာတိ - ဆိတ်ကွယ်ရာ အရပ်၌ မကောင်းမှုပြုခြင်းသည် မရှိသောကြောင့် အရဟမည်၏။
၄။ အရီနံ ဟတတ္တာပိ - ကိလေသာ တည်းဟူသော ရန်သူကို သတ်အပ်သည်၏ အဖြစ်ကြောင့် အရဟမည်၏။
၅။ အရာနံ ဟတတ္တာပိ - သံသရာ စက်တို့ ၏အကန့်တို့ကို ဖျက်ဆီးအပ်သည်၏ အဖြစ်ကြောင့် အရဟမည်၏။

သမ္မာသမ္ဗုဒ္ဓေါ ဂုဏ်တော်
တရားအလုံးစုံကို သဗ္ဗညုတဉာဏ်ဖြင့် အလိုလိုသိခြင်း၊ ဉာဏ်ပညာအကြီးဆုံးပုဂ္ဂိုလ်ဖြစ်တော်မူသော မြတ်စွာဘုရား။
(အရာအားလုံးကို ကိုယ်ပိုင်ဉာဏ်စွမ်းဖြင့် အမှန်အတိုင်းသိမြင်တော်မှုသော မြတ်စွာဘုရား )

ဝိဇ္ဇာစရဏ သမ္ပန္နော ဂုဏ်တော်
ဝိဇ္ဇာဉာဏ် ၃-ပါး(၈ပါး)၊ စရဏ အကျင့် ၁၅ ပါးတို့နှင့် ပြည့်စုံတော်မူခြင်း၊ အကြီးဆုံး ဝိဇ္ဇာနှင့် အကောင်းဆုံး အကျင့်ရှိသူဖြစ်တော်မူသော မြတ်စွာဘုရား။
ဝိဇ္ဇာဉာဏ် (၃) ပါး
၁။ ပုဗ္ဗေနိဝါသဉာဏ်-ရှေးဘဝမှ နေခဲ့သော ခန္ဓာအစဉ်ကို အောက်မေ့နိုင်သော ဉာဏ်။
၂။ ဒိဗ္ဗစက္ခုဉာဏ် - နတ်တို့၏ မျက်စိကဲ့သို့ အပိတ်အပင် အတားအဆီးမရှိ မြင်နိုင်သော ဉာဏ်။
၃။ အာသဝက္ခယဉာဏ် - အာသဝေါတရား လေးပါးကို ကုန်စင်အောင် ပြုတတ်သော အရဟတ္တမဂ်ဉာဏ်။
ဝိဇ္ဇာဉာဏ် (၈) ပါး
၁။ ဣဒ္ဓိဝိဓဉာဏ် - တန်ခိုးအမျိုးမျိုး ဖန်ဆင်းနိုင်သောဉာဏ်။
၂။ မနောမယိဒ္ဓိဉာဏ် - စိတ်သွားတိုင်း ကိုယ်ပါနိုင်သောဉာဏ်။
၃။ ဒိဗ္ဗသောတဉာဏ် - နတ်တို့၏ နားကဲ့သို့ ကြားနိုင်သောဉာဏ်။
၄။ ပရစိတ္တဝိဇာနနဉာဏ် - သူတပါး၏စိတ်ကိုပိုင်းခြား၍သိနိုင်သောဉာဏ်။
၅။ ပုဗ္ဗေနိဝါသဉာဏ် - ရှေးရှေးသော ဘဝပေါင်းခြားများစွာက နေခဲ့ဘူးသော ခန္ဓာအစဉ်ကို အောက်မေ့နိုင်သောဉာဏ်။
၆။ ဒိဗ္ဗစက္ခုဉာဏ် - နတ်တို့၏မျက်စိကဲ့သို့ မြင်နိုင်သောဉာဏ်။
၇။ ဝိပဿနာဉာဏ် - ဖြစ်ပေါ်သမျှသော သင်္ခါရတရားတို့ကို လက္ခဏာသုံးပါးတင်၍ ရှုမြင်ဆင်ခြင်နိုင်သောဉာဏ်။
၈။ အာသဝက္ခယဉာဏ် - အာသဝေါတရားလေးပါးကို ကုန်စင်အောင်ပြုတတ်သော အရဟတ္တမဂ်ဉာဏ်။
စရဏ အကျင့် ၁၅ ပါး
1. သဒ္ဓါ – ကုသိုလ်၊ အကုသိုလ်ကံရှိသည်၊ ထိုကံ၏ ကောင်းကျိုး၊ မကောင်းကျိုး ရှိသည်၊ ရတနာသုံးပါးရှိသည်၊ နောင်ဘဝရှိသည်ဟု ယုံကြည်မှု။
2. သတိ – ကုသိုလ်ကောင်းမှုဆိုင်ရာ၌ အမှတ်ရမှု။
3. ဟိရီ – မကောင်းမှု ဒုစရိုက်မှ ရှက်မှု။
4. သြတ္တပ္ပ – မကောင်းမှု ဒုစရိုက်မှ ကြောက်လန့်မှု။
5. ဝီရိယ – ကုသိုလ်ကောင်းမှုကိစ္စများ၌ အားထုတ်မှု။
6. သုတ – အကြားအမြင်များမှု။
7. ပညာ – အရာရာ၌ တတ်သိလိမ္မာမှု။
8. ဘောဇနေ မတ္တညုတာ – စားသောက်ရာ၌ ကိုယ်နှင့် သင့်၊ မသင့် နှိုင်းချင့်၍ အတိုင်းအရှည်ကို သိမှု။
9. ဇာဂရိယာနုယောဂ – နိုးနိုးကြားကြားအိပ်မှု၊ အအိပ်အနေ နည်းမှု။
10. သီလ – နေ့စဉ် ဆိုင်ရာသီလကို စောင့်ထိန်းမှု။
11. ဣနြယသံဝရ – တွေ့မြင် ကြားသိသမျှ၌ လောဘ ဒေါသမဖြစ်စေဘဲ မျက်စီ၊ နား၊ နှာစသော ဣန္ဒြေများကို ငြိမ်သက်အောင် စောင့်စည်းမှု။
12. ပထမဈာန်
13. ဒုတိယဈာန်
14. တတိယဈာန်
15. စတုတ္ထဈာန် တို့ကို စရဏတစ်ဆယ့်ငါးပါးဟု ခေါ်ဆိုသည်။

သုဂတော ဂုဏ်တော်
အကျိုးရှိသော ဟုတ်မှန်သောစကား(စကားခြောက်ခွန်းအနက် နှစ်ခွန်းသော သင့်လျော်သည့် စကားကိုသာ ပြောဆိုတော်မူတတ်သော မြတ်စွာဘုရား။ (အသိ/အကျင့်ဘက်စုံမြင့်တဲ့ပုဂ္ဂိုလ်ဟာ ကောင်းသောစကားကိုသာ ဆိုပါတယ်။) ကောင်းသောစကား၊ မှန်ကန်အကျိုးရှိသောစကား) ကိုသာ ကောင်းစွာဆိုတတ်သောမြတ်စွာဘုရား။

လောကဝိဒူ ဂုဏ်တော်
သတ္တလောက၊ သင်္ခါရလောက၊ ဩကာသလောက တည်းဟူသော လောကသုံးပါးကို အကုန်အစင်သိမြင်တော်မူသော မြတ်စွာဘုရား။
1. သတ္တလောက – အသက်ရှိသော သတ္တဝါအပေါင်းသည် သတ္တလောကမည်၏။
2. သြကာသလောက – သတ္တဝါတို့၏တည်နေရာဘုံဌာနသည် သြကာသလောကမည်၏။
3. သင်္ခါရလောက – လောကီရုပ်တရား၊ နာမ်တရားအပေါင်းသည် သင်္ခါရလောကမည်၏။

အနုတ္တရော ပုရိသဒမ္မသာရထိ ဂုဏ်တော်
မယဉ်ကျေးသော ဆုံးမထိုက်သူတို့ကို
ယဉ်ကျေးသိမ်မွေ့အောင် ဆုံးမရာ၌ အသာလွန်ဆုံးဖြစ်တော်မူသောမြတ်စွာဘုရား။

သတ္ထာဒေဝ မနုဿာနံ ဂုဏ်တော်
လူ၊ နတ်၊ ဗြဟ္မာ သတ္တဝါအားလုံးတို့၏ ဆရာတစ်ဆူ ဖြစ်တော်မူသော မြတ်စွာဘုရား။

ဗုဒ္ဓေါ ဂုဏ်တော်
သစ္စာလေးပါးကို ကိုယ်ပိုင်ဉာဏ်ဖြင့် သိတော်မူပြီးတစ်ပါးသူ တို့တို့အားလည်း ဟောကြားညွှန်ပြနိုင်သောမြတ်စွာဘုရား။
သစ္စာလေးပါးသည် ပါဠိဘာသာအားဖြင့် အရိယသစ္စာ ဟု ခေါ်သည်။ ဗုဒ္ဓဘာသာ၏ အနှစ်သာရဖြစ်သော သဘောတရားတစ်ခု ဖြစ်သည်။ အကျဉ်းအားဖြင့် ဆိုလျှင် - ဒုက္ခသစ္စာ - ဒုက္ခဟူသော ဆင်းရဲခြင်းတရားသည် အမှန်တကယ်ရှိသည်။ သမုဒယသစ္စာ - သမုဒယသည် 'ဒုက္ခ'ကိုဖြစ်စေသော အကြောင်းအရင်း အမှန်ဖြစ်သည်။ နိရောဓသစ္စာ - ဒုက္ခ၏ ငြိမ်းအေးရာ နိဗ္ဗာန်သည် အမှန်တကယ်ရှိသည်။ မဂ္ဂသစ္စာ - နိဗ္ဗာန်ကိုရရှိရန် နည်းလမ်းသည် မဂ္ဂင်ရှစ်ပါး အမှန်ပင်ဖြစ်သည်။
မဂ္ဂင် ၈–ပါး
သမ္မာဒိဋ္ဌိ – ကောင်းသောအလိမ္မာ ဉာဏ်ပညာ။
သမ္မာသင်္ကပ္မ – ကောင်းသောအကြံအစည်။
သမ္မာဝါစာ – ကောင်းသော စကားကို ပြောဆိုခြင်း။
သမ္မာကမ္မန္တ – ကောင်းသောအမှုကို ပြုခြင်း။
သမ္မာအာဇီဝ – ကောင်းသောအသက်မွေးခြင်း။
သမ္မာဝါယာမ – ကောင်းသောအားထုတ်ခြင်း။
သမ္မာသတိ – ကောင်းသော အမှတ်ရခြင်း။
သမ္မာသမာဓိ – ကောင်းသော တည်ကြည်ခြင်း။

ဘဂဝါ ဂုဏ်တော်
ဘုန်းတော် ၆-ပါးနှင့် ပြည့်စုံတော်မူခြင်း၊ ဘုန်းတန်ခိုးအကြီးဆုံးပုဂ္ဂိုလ်ဖြစ်သော မြတ်စွာဘုရား။
ဘုန်းတော်ခြောက်ပါး
• ဣဿရိယဘုန်းတော် - မိမိစိတ်ကိုရော၊ တစ်လောကလုံးကိုပါ အစိုးရတော်မူသော မြတ်စွာဘုရား။
• ဓမ္မဘုန်းတော် - မဂ်၊ ဖိုလ်၊ နိဗ္ဗာန်တရားနှင့် ပြည့်စုံတော်မူသော မြတ်စွာဘုရား။
• ယသဘုန်းတော် - များပြားသော အခြံအရံ၊ ပျံနှံ့သော အကျော်အစောနှင့် ပြည့်စုံတော်မူသော မြတ်စွာဘုရား။
• သိရီဘုန်းတော် - အတုမရှိသော ကျက်သရေတော် နှင့် ပြည့်စုံတော်မူသော မြတ်စွာဘုရား
• ကာမဘုန်းတော် - လိုအင်ဆန္ဒမှန်သမျှ ခဏချက်ချင်း ပြည့်ဝတော်မူသော မြတ်စွာဘုရား
• ပယတ္တဘုန်းတော် - အတုမရှိသော လုံလဝီရိယနှင့် ပြည့်စုံတော်မူသော မြတ်စွာဘုရား

Source:ဆရာတော် ဦးဃောသိတာဘိဝံသ, Wiki

မြတ်စွာဘုရားရှင်၏ "သုဂတော" ဂုဏ်တော်(ပါမောက္ခချုပ်ဆရာတော် ဒေါက်တာအရှင်နန္ဒမာလာဘိဝံသ)

Поделиться в:

Доступные форматы для скачивания:

Скачать видео mp4

  • Информация по загрузке:

Скачать аудио mp3

Похожие видео

မြတ်စွာဘုရားရှင် ၏

မြတ်စွာဘုရားရှင် ၏ "လောကဝိဒူ" ဂုဏ်တော်(ပါမောက္ခချုပ်ဆရာတော် ဒေါက်တာအရှင်နန္ဒမာလာဘိဝံသ)

မြတ်စွာဘုရားရှင် ၏

မြတ်စွာဘုရားရှင် ၏ " ဝိဇ္ဇာစရဏ သမ္ပန္နော" ဂုဏ်တော်(ပါမောက္ခချုပ်ဆရာတော် ဒေါက်တာအရှင်နန္ဒမာလာဘိဝံသ)

ပါမောက္ခချုပ်ဆရာတော်ကြီး ဘဒ္ဒန္တ ဒေါက်တာနန္ဒမာလာဘိဝံသ၏ တရားတော်များ

ပါမောက္ခချုပ်ဆရာတော်ကြီး ဘဒ္ဒန္တ ဒေါက်တာနန္ဒမာလာဘိဝံသ၏ တရားတော်များ

စိတ်ကူးလိုက်တဲ့ ကိစ္စတွေ အကုန်ဖြစ်လာနိုင်ဖို့ ဒီလိုကျင့်ကြံပါ တရားတော် - ပါချုပ်ဆရာတော်

စိတ်ကူးလိုက်တဲ့ ကိစ္စတွေ အကုန်ဖြစ်လာနိုင်ဖို့ ဒီလိုကျင့်ကြံပါ တရားတော် - ပါချုပ်ဆရာတော်

Музыка лечит сердце и сосуды🌿 Успокаивающая музыка восстанавливает нервную систему,расслабляющая #5

Музыка лечит сердце и сосуды🌿 Успокаивающая музыка восстанавливает нервную систему,расслабляющая #5

သုဂတော ငါးချက် စီးပွားတက် ဂါထာတော်

သုဂတော ငါးချက် စီးပွားတက် ဂါထာတော်

မြတ်စွာဘုရားရှင် ၏

မြတ်စွာဘုရားရှင် ၏ "ဘဂဝါ" ဂုဏ်တော် (ပါမောက္ခချုပ်ဆရာတော် ဒေါက်တာအရှင်နန္ဒမာလာဘိဝံသ)

ထားစရာမရှိအောင် ချမ်းသာစေတယ်ဆိုတဲ့ပုတီးစိပ်နည်း ရလိုစိတ်နဲ့မစိပ်ပဲ ကုသိုလ်စိတ်နဲ့သာရွတ်ပါ

ထားစရာမရှိအောင် ချမ်းသာစေတယ်ဆိုတဲ့ပုတီးစိပ်နည်း ရလိုစိတ်နဲ့မစိပ်ပဲ ကုသိုလ်စိတ်နဲ့သာရွတ်ပါ

#အလွန်မတန်မှအစွမ်းထက်သော၊သုဂတော(၅)ချက်စီးပွားတက်ဂါထာတော်မြတ်ကြီး(ကံကောင်းခြင်းများရကြပါစေ)

#အလွန်မတန်မှအစွမ်းထက်သော၊သုဂတော(၅)ချက်စီးပွားတက်ဂါထာတော်မြတ်ကြီး(ကံကောင်းခြင်းများရကြပါစေ)

သုဂတ ဂုဏ်တော်

သုဂတ ဂုဏ်တော်

မြတ်စွာဘုရားရှင်၏

မြတ်စွာဘုရားရှင်၏ "ဗုဒ္ဓေါ " ဂုဏ်တော်(ပါမောက္ခချုပ်ဆရာတော် ဒေါက်တာအရှင်နန္ဒမာလာဘိဝံသ)

ပေါ်လာသည့်အာရုံများနှင့် ရှုပွားရမည့်ဝိပဿနာတရား - ပါမောက္ခချူပ်ဆရာတော်ကြီး ဒေါက်တာနန္ဒမာလာဘိဝံသ

ပေါ်လာသည့်အာရုံများနှင့် ရှုပွားရမည့်ဝိပဿနာတရား - ပါမောက္ခချူပ်ဆရာတော်ကြီး ဒေါက်တာနန္ဒမာလာဘိဝံသ

ပါချုပ်ဆရာတော် ဟောကြားအပ်သော အလိုဆန္ဒပြည့်ဝချင်ရင် အရဟံ ဂုဏ်တော်ကို များများပူဇော်ပါ။

ပါချုပ်ဆရာတော် ဟောကြားအပ်သော အလိုဆန္ဒပြည့်ဝချင်ရင် အရဟံ ဂုဏ်တော်ကို များများပူဇော်ပါ။

နှစ်သက်လွန်းလို့ အကြိမ်များစွာနာယူဖြစ်တဲ့ “ရတနာ့သုတ်အနှစ်ချုပ်” တရားတော် | မဟာဂန္ဓာရုံဆရာတော်ကြီး

နှစ်သက်လွန်းလို့ အကြိမ်များစွာနာယူဖြစ်တဲ့ “ရတနာ့သုတ်အနှစ်ချုပ်” တရားတော် | မဟာဂန္ဓာရုံဆရာတော်ကြီး

စိန္တာမဏိ ဂါထာတော်ကြီး

စိန္တာမဏိ ဂါထာတော်ကြီး

လူ့ဘဝကြီးမှာမဖြစ်နိုင်ဘူးဆိုတဲ့အရာတွေကိုဖြစ်လာအောင်ဘယ်လိုလုပ်ရမလဲ - ပါချုပ်ဆရာတော်

လူ့ဘဝကြီးမှာမဖြစ်နိုင်ဘူးဆိုတဲ့အရာတွေကိုဖြစ်လာအောင်ဘယ်လိုလုပ်ရမလဲ - ပါချုပ်ဆရာတော်

Музыка лечит сердце и сосуды🌿 Успокаивающая музыка восстанавливает нервную систему,расслабляющая #8

Музыка лечит сердце и сосуды🌿 Успокаивающая музыка восстанавливает нервную систему,расслабляющая #8

ယုံကြည်စွာ နေ့စဥ်ပူဇော်ပါက စီးပွားဥစ္စာတိုးပွားစေနိုင်သော သုဂတော(၅)ချက် ဂါထာတောိ (စာတန်းထိုး)

ယုံကြည်စွာ နေ့စဥ်ပူဇော်ပါက စီးပွားဥစ္စာတိုးပွားစေနိုင်သော သုဂတော(၅)ချက် ဂါထာတောိ (စာတန်းထိုး)

(၄) မြတ်ဗုဒ္ဓ၏ သုဂတောဂုဏ်တော်

(၄) မြတ်ဗုဒ္ဓ၏ သုဂတောဂုဏ်တော်

ဗောဇ္ဈင်္ဂသုတ် အနှစ်ချုပ် - ဒေါက်တာနန္ဒမာလာဘိဝံသ

ဗောဇ္ဈင်္ဂသုတ် အနှစ်ချုပ် - ဒေါက်တာနန္ဒမာလာဘိဝံသ

© 2025 dtub. Все права защищены.



  • Контакты
  • О нас
  • Политика конфиденциальности



Контакты для правообладателей: infodtube@gmail.com