ချမ်းသာချင်ရင် အသက်(၂၀)ကျော်တာနဲ့ ဒီငွေကြေးပညာရပ်တွေကို သိထားရမယ်
Автор: အလီဘာဘာ
Загружено: 2023-01-05
Просмотров: 84383
အသက် (၂၀) ကျော်လို့ ဒီငွေကြေးပညာတွေကို မသိသေးဘူးဆိုရင် ခင်ဗျား ချမ်းသာမှာ မဟုတ်ပါဘူး
ကျွန်တော်တို့ လူငယ်အများစုက ဝ မရှိဘဲ ဝိလုပ်ချင်ကြပါတယ်။ အသစ်ဆိုတဲ့ အရာမှ ဝယ်ချင်တယ်၊ ကိုင်ချင်တယ်။ တခုခုဆို ဆိုင်ကောင်းကောင်း သွားထိုင်မှ တန်ဖိုးရှိတယ်ထင်ကြတယ်။ ကိုယ့် အသုံးစရိတ်ထဲကနေ ဘယ်နေရာတွေမှာ နဲနဲစီ လျှော့လို့ရမလဲ?ဆိုတာကို သေချာရှာကြည့်ပါ။ ပြန်ပေါင်းကြည့်ရင် မနည်းလှတဲ့ ငွေပမာဏကိုတွေ့ရပါလိမ့်မယ်
အသက်(၂၀) ကျော်ပြီဆိုတာနဲ့ ဘဝက လက်တွေ့စပါပြီ။ အလုပ်ကြိုးစားတာတွေက လူငယ်တွေအတွက် ပြောစရာမလိုပါဘူး။ အိမ်မက်တွေနဲ့ ရူးသွပ်နေကြတဲ့ လူငယ်တွေကတော့ ပိုက်ဆံကို ပြောစရာမလိုအောင် ကြိုးစားရှာကြမှာပါ
ဒါပေမယ့် (၅) နစ်ကြာလာတဲ့အခါ ချမ်းသာလာတဲ့ လူငယ်တွေက တော်တော်နည်းပါတယ်။ ဘာလို့လဲ?
ဝင်ငွေ ထွက်ငွေစာရင်းကို ကောင်းကောင်း မကိုင်တွယ်တတ်ဘူး။ မလိုအပ်တဲ့နေရာတွေမှာ ငွေတွေ သုံးလိုက်မိတယ်။ အချိန်တွေရှိပါတယ်ကွာဆိုပြီး ငွေကို အထိန်းအကွပ်မရှိ သုံးတယ်။ လက်ထဲငွေရှိတော့ ဖုန်းအသစ်လေးထွက်ရင် ဝယ်လိုက်၊ ကားတွေ လဲစီးလိုက်။ ဒီလို ကိုယ်မလိုအပ်တဲ့ အရာတွေကို ကိုယ်မနှစ်သက်တဲ့ လူတွေအထင်ကြီးအောင် ဝယ်ကြတယ်
အသက် (၂၀) ကျော်လို့ ယခုဖော်ပြပေးမယ့် ငွေကြေးပညာတွေကို မသိသေးဘူးဆိုရင် ခင်ဗျား ချမ်းသာမှာမဟုတ်ပါဘူး။ ကြည့်ကြရအောင်
#အ_လီ_ဘာ_ဘာ_စာ_ကြည့်_တိုက်
#အ_လီ_ဘာ_ဘာ
Доступные форматы для скачивания:
Скачать видео mp4
-
Информация по загрузке: