အငြိုးကြီးသော အစိမ်းသေ နှင်းနှင်း (စ-ဆုံး)
Автор: Just YM
Загружено: 2026-01-12
Просмотров: 118
မနက် စောစောတွင် ဖြစ်သည်။ဆောင်း ရာသီ၏ အအေးဒဏ်မှ ဆီးကြို နေ၏။နှင်းများ တဖွဲဖွဲ ကျ၍ လေအေးများ တိုက်ခက် နေသည်။ဤသို့ ချမ်းအေးလှသော အအေး ဒဏ်အား အန်တု နိုင်ရန် လူများ မီးလှုံနေကြသည်။ဤသို့ ချမ်းအေး လှသော နံနက် ခင်းတွင် ရွာသူကြီး ဦးစံလှ တစ်ယောက် အလုပ်ရှုပ် နေလေသည်။ “ကဲ မြမောင် တရားနဲ့ သာဖြေပါကွာ တို့လည်း တစ်နေ့ သေရမှာပါ” ရွာသူကြီး ဦးစံလှ၏ အားပေး စကားကြောင့် သမီး ဖြစ်သူ၏ အလောင်း ဘေးတွင် ငိုနေသော ဦးမြမောင် တစ်ယောက် အနည်းငယ် စိတ်သက်သာရာ ရသွား လေသည်။ ဦးမြမောင်လည်း မျက်ရည် စများအား အဝတ်ဖြစ် သုတ်၍ သူကြီးအား ပြန်ပြောလိုက်၏။ “သူကြီးရာ ကျုပ် သမီးလေးက ဘာအကြောင်း ဒုက္ခမှ မရှိပဲ သူကိုယ်သူ သတ်သေသွားတာကို ကျုပ်က ဖြေမဆည် နိုင်တာပါဗျာ” ဦးမြမောင်၏ လေသံသည် ဝမ်းနည်းသံများ ပါနေကြောင်း ဦးစံလှတစ်ယောက် သတိထားမိသည်။ ထို့နောက် ရွာသူကြီးသည် အိမ်အောက်ရှိ လူငယ်များအား စကားလှမ်းပြောလိုက်သည်။ “အိမ်အောက်က ဇော်ကြီးတို့ အဖွဲ့အလောင်းကို အခေါင်းထဲ သွင်းတော့လေ” ရွာသူကြီး ဦးစံလှ၏ စကားကြောင့်လူငယ် လေးဦးခန့် အိမ်ပေါ်သို့ တက်လာ၍ အလောင်းအား မလိုက်သည်။ အသုဘတွင် လုပ်ကိုင်ပြီးသောအခါ သူကြီးဦးစံလှ တစ်ယောက် အိမ်အောက်သို့ ဆင်းလာ ခဲ့သည်။ “မြမောင် ငါပြန်တော့မယ် မင်းခိုင်းစရာ ရှိရင် ဇော်ကြီးတို့အဖွဲ့ကိုခိုင်း။ အားမနာနဲ့ တစ်ရွာထဲ သားတွေပဲကွာ” “ခုလို အစစ အရာရာ ကူညီလုပ်ကိုင် ပေးလို့ ကျေးဇူးပါ သူကြီးရာ” ဦးမြမောင် တစ်ယောက် သူကြီးဦးစံလှအား ဤသို့ ပြောရင်း မျက်ရည်များ စီးကျလာပြန်၏။ သူကြီး ဦးစံလှသည် အလောင်းထည့်ထားသော အခေါင်းကြီးအား မျက်စိဖြင့် ခဏကြာ ဝေ့ဝဲ ကြည့်လိုက်သည်။ ပြီးနောက် မနှစ်မျို့သည့် မျက်နှာထားဖြင့် သူ၏ အိမ်သို့ ပြန်လည် လျှောက်လှမ်း လာခဲ့သည်။ ဦးစံလှလည်း သူ၏ အိမ်သို့ရောက်သောအခါ ကျွန်းကုလားထိုင် တစ်လုံး ပေါ်တွင် ခြေပစ် လက်ပစ်ထိုင်ချ လိုက်သည်။ ဤသို့ ထိုင်နေသော်လည်း များစွာသော အတွေးများသည် ဦးစံလှ၏ ခေါင်းထဲ၌ ရောယှက်လျှက် ရှိသည်။ထို့နောက် ဦးစံလှလည်း သက်ပြင်း ရှည်ကြီး တစ်ချက်အား မှုတ်ထုတ်၍ ရှေ့တွင် ရှိသော ရေနွေးကြမ်း တစ်ခွက်အား ငှဲ့သောက် လိုက်သည်။ မကြာမီ ဦးစံလှလည်း များစွာသော အတွေးအား တွေးရင်း အိပ်ပျော်သွားလေသည်။ ဤသို့ အိပ်ပျော်နေရာမှ မကြာမီ ဦးစံလှ တစ်ယောက်ပြန်လည် နှိုးထလာခဲ့သည်။ ပြီးနောက် ဘေးပတ်ဝန်းကျင်အား မျက်လုံးဖြင့် ကြည့်၍ ရေချိုးရန် ပြင်လိုက်သည်။
Доступные форматы для скачивания:
Скачать видео mp4
-
Информация по загрузке: