အဆုတ်ကျန်းမာရေးအတွက် အကောင်းဆုံး အစားအစာ ၁၉ မျိုး
Автор: The Reader Myanmar
Загружено: 2021-10-23
Просмотров: 597545
ပထမတစ်ခေါက်တင်တုန်းက အစားအစာ ၁၉ မျိုးလုံးပါမသွားလို့ အခု နောက်တစ်ကြိမ် အစအဆုံး ပြန်တင်ပေးလိုက်ပါတယ်။
ပရိတ်သတ်များအားလုံး မင်္ဂလာပါ။ ကျန်းမာရေးနဲ့ပတ်သက်လာရင် မိတ်ဆွေတို့ရဲ့ ခန္ဓာကိုယ်ထဲ ရောက်လာတဲ့အရာတွေက မိတ်ဆွေတို့အတွက် တော်တော်အရေးပါပါတယ်? ဒီလိုစဉ်းစားကြည့်တဲ့အခါ အဆုတ်တွေကလည်း တခြားခန္ဓာကိုယ်အစိတ်အပိုင်းတွေနဲ့ သိပ်မကွာခြားပါဘူး။ သင်တို့ရဲ့ ခန္ဓာတစ်ခုလုံးကို အမှန်တကယ် ကျန်းမာနေစေချင်တယ်ဆိုရင် သင်တို့ရဲ့ အဆုတ်ကို ကောင်းကောင်း ဂရုစိုက်ဖို့ တကယ်အရေးကြီးပါတယ်။ မိတ်ဆွေအနေနဲ့ နှစ်ပေါင်းများစွာ ဆေးလိပ်သောက်လာခဲ့တာကြောင့် အဆုတ်ရောဂါဖြစ်မလာအောင် တတ်နိုင်သမျှ ရှောင်ရှားချင်တယ် ဒါမှမဟုတ် ပျက်စီးသွားတဲ့ အဆုတ်ရဲ့ အစိတ်အပိုင်းတွေကို ပြန်လည်ကုစားချင်တယ် ဒါမှမဟုတ် COPD - Chronic obstructive pulmonary disease (သို့) ပန်းနာရင်ကျပ်စတဲ့ အဆုတ်နဲ့ဆိုင်တဲ့ ရောဂါတွေကို ပိုဆိုးမလာအောင် တတ်နိုင်သမျှ ထိန်းထားချင်တယ်ဆိုရင်တော့ ကျွန်တော်တို့ ပြောတဲ့ ဒီအချက်လေးတွေကို လိုက်နာသင့်ပါတယ်။ ဒီဗီဒီယိုလေးမှာ မိတ်ဆွေတို့ရဲ့ အဆုတ်ကျန်းမာရေးကို သိသိသာသာ ထူးခြားကောင်းမွန်အောင် တကယ်ပြုပေးလုပ်နိုင်ကြောင်း သက်သေရှိတဲ့ အစားအစာတွေကို ဖော်ပြထားပါတယ်။ အစာလည်းဆေး ဆေးလည်းအစာဆိုတာ အမှန်ပါပဲ။ ဒီလို မှန်ကန်တဲ့အစားအသောက်တွေ ရွေးချယ်စားသုံးခြင်းအားဖြင့် အဆုတ်ရဲ့ လုပ်ဆောင်ချက်တွေကို တိုးတက်စေနိုင်တာကြောင့် အကျိုးဆက်အနေနဲ့ ခန္ဓာကိုယ်တစ်ခုလုံးရဲ့ ကျန်းမာရေးကိုလည်း ကောင်းမွန်တိုးတက်စေနိုင်ပါတယ်။ ဒါကြောင့် ဒီနေ့ ဗီဒီယိုလေးမှာတော့ မကျန်းမာတဲ့အဆုတ်တွေကို ကုစားဖို့နှင့် အသက်ရှူရလွယ်ကူစေဖို့အတွက် စားသုံးသင့်တဲ့ အကောင်းဆုံး အစားအစာတွေကို ပြောပြပေးသွားမှာဖြစ်ပါတယ်။
#အဆုတ်ကျန်းမာရေး
#FoodForLungs
#အဆုတ်အတွက်အစားအစာ
Доступные форматы для скачивания:
Скачать видео mp4
-
Информация по загрузке: