ရှားပါးပြီး လျှို့ဝှက် ဆန်းကြယ်တဲ့ သစ်တက်ကျား (သို့) အင်းကျား ( Clouded Leopard/ Tree Tiger)
Автор: ဗြောလ် _ Byeol
Загружено: 2025-03-19
Просмотров: 64
သစ်တက်ကျား (သို့) အင်းကျား
သစ်တက်ကျား (သို့) အင်းကျား မျိုးနွယ်များကို အင်္ဂလိပ်လို clouded leopard လို့ခေါ်ပြီး သိပ္ပံအမည်မှာ Neofelis nebulosa ဖြစ်ပါတယ်။ ကျားလို့ ခေါ် ဆို ကြပေမယ့် တောကြောင်မျိုးစိတ်တွင်ပါဝင်ပြီး ဟိမဝန္တာတောင်တန်းဒေသ ၊ အရှေ့တောင်အာရှ နှင့် တရုတ်နိုင်ငံများတွင် တွေ့ရလေ့ရှိတဲ့ မျိုးနွယ်များ ဖြစ်ကြပါတယ်။
တရုတ် အခေါ်အရ mint leopard လို့ ခေါ် ကြပြီး မလေးရှားတွင် tree tiger ဟုခေါ်ကြပါသေးတယ်။ ပင်လယ်ရေမျက်နှာပြင်အထက် ၈၈၅၀ပေ ရှိသော ဟိမဝန္တာတောင်တန်းများတွင် မကြာခဏ တွေ့ရလေ့ရှိ ပြီး ကြောင်ကြီးမျိုးစိတ်၏ အငယ်ဆုံးမျိုးစိတ်တွင်ပါဝင်ပြီး တတိယမြောက်အရှားပါးဆုံး တိရစ္ဆာန်လည်းဖြစ်ပါတယ်။
အရွယ်အစားအားဖြင့် အမြင့်မှာ ၁၀လက်မ မှ ၁၆လက်မ အထိမြင့်ပြီး အလျားမှာမှု ၄ပေမှ ၆ပေအထိ ရှိတတ်ပြီး ပျမ်းမျှအလေးချိန်မှာ အဖိုများမှာ ၅၀ပေါင် ၊ အမများမှာ ၃၅ပေါင်ဖြစ်ပါတယ်။ အလွန်လှပသော သားမွှေးများကို ပိုင်ဆိုင်ပြီး အဝါ ၊ အညို ၊ မီးခိုး စသည့်အရောင်တို့ဖြင့် တိမ်ကွက်ပုံသဏ္ဍာန်ရှိသဖြင့် Clouded Leopard ဟုခေါ်ခြင်း ဖြစ်ပါတယ်။ ပတ်ဝန်းကျင်နှင့် တသားတည်းရှိနေသာ အရောင်အဆင်းကို ပိုင်ဆိုင်သဖြင့် အမှတ်တမဲ့ကြည့်လျှင် ပျောက်သလို(camouflage) ဖြစ်နေတတ်ပြီး ထိုကျားများကို မြင်နိုင်ဖို့ခက်ခဲလှပါတယ်။
သစ်တတ်ကျားများမှာ ၂လက်မအရှည်ရှိသော သွားစွယ်များရှိပြီး ထိုအရွယ်အစားသည် ပုံမှန်ကျားတစ်ကောင်၏ အစွယ်အရွယ်အစားနှင့် တူညီ ကြပါတယ်။ ခြေလက်များတိုပြီး သန်မာသော ခြေသည်းလက်သည်းများကိုပိုင်ဆိုင်ထားကာ သစ်ပင်များပေါ်သို့ အလွယ်တကူတက်ရောက်နိုင်စွမ်းရှိကြပါသေးတယ်။
အများအားဖြင့် အပူပိုင်း နှင့် သမပိုင်းမိုးသစ်တောများ ၊ မြက်ခင်းဒေသ နှင့် လမုရွှံတောများရှိရာ ဒေသများတွင် နေထိုင်လေ့ရှိကြပါတယ်။ သစ်တတ်ကျားများဟာ ထိုဒေသများ၏ သစ်ပင်များပေါ်တွင်သာ အနေများသည်။ သစ်ပင်များပေါ်တွင် တစ်ပင်မှ တစ်ပင်ခုန်ကူးနိုင်ပြီး ထိုသို့ခုန်ကူးရာတွင် ဟန်ချက်ညီစေရန် ရှည်လျားသောအမြီးက ထိန်းပေးနိုင်ကြပါတယ်။
တောကြောင်မျိုးစိတ်၏ သစ်ပင်တက်အမြန်ဆုံးထဲတွင်ပါဝင်ပြီး ၎င်းတို့၏ဦးခေါင်းမှာ ၁၈၀လှည့်နိုင်သည့်အတွက် နောက်ပြန်ခုန်နိုင်စွမ်းပင်ရှိပါတယ်။ အသားစား နို့တိုက်သတ္တဝါများဖြစ်ပြီး သူတို့ရဲ့သားကောင်များမှာ ငှက်၊ ရှဉ့် ၊ မျောက် ၊ ဒရယ် နှင့် တောဝက်များဖြစ်ကြသည်။ ညဘက်မှာအစာရှာထွက်လေ့ရှိတတ်ပြီး သားကောင်များရရှိစားသောက်ပြီးနောက် မြင့်မားသော သစ်ပင်များပေါ်တွင် အနားယူလေ့ရှိကြပါတယ်။
အင်းကျားတစ်ကောင်၏ ကိုယ်ဝန်ဆောင်သည့် ကြာချိန်မှာ ၈၅ရက်မှ ၉၃ရက်ဖြစ်သည်။ ၁ကောင်မှ ၅ကောင်အထိမွေးတတ်သော်လည်း ပုံမှန်အများဆုံးမွေးလေ့ရှိသည်မှာ ၂ကောင်ဖြစ်သည်။ မွေးကင်းစ အင်းကျားပေါက်လေးများသည် ၅အောင်စမှ ၆အောင်စအထိရှိပြီး မျက်စိမြင်နိုင်စွမ်းမရှိသေးပေ။ ၉လခန့်အထိ မိခင်တို့၏ နို့ကိုသောက်သုံးပြီး ၂နှစ် (သို့) ၃နှစ်တွင် အရွယ်ရောက်လေ့ရှိပါတယ်။ အင်းကျားများ၏ ပျမ်းမျှသက်တမ်းမှာ ၁၇နှစ်ဖြစ်ပါတယ်။
လက်ရှိအချိန်တွင် တောတောင်များပျက်စီးခြင်းနှင့် လူသားတို့၏အမဲလိုက်ခြင်းကြောင့် အင်းကျားအရေအတွက်မှာ တဖြည်းဖြည်းလျော့နည်းလာနေပြီး တကမ္ဘာလုံးတွင်မှ အကောင် ၁သောင်းဝန်းကျင်ခန့်သာ ရှိနိုင်တော့ကြောင်း ပညာရှင်များက ခန့်မှန်းထားကြပါတယ်။
မြန်မာနိုင်ငံ စစ်ကိုင်းတိုင်း ထမံသီဘေးမဲ့တောတွင် အင်းကျားများ ကျက်စားလေ့ရှိကြောင်းသိရပြီး ထမံသီတောရိုင်းတိရစ္ဆာန်ဘေးမဲ့တောတွင် ၁၀၀ စတုရန်းကီလိုမီတာလျှင် အင်းကျား ၁ ကောင်မှ ၃ ကောင်အထိ နေထိုင်ကျက်စားကြောင်းတွေ့ရှိရသည်ဟု ထုတ်ပြန်ထားပါတယ်။ (Credit to original writer)
Content, Narrator & Video created by "Louis"
#cosmic_orcas #cloudedleopard #treetiger #knowledge #byeol
Доступные форматы для скачивания:
Скачать видео mp4
-
Информация по загрузке: