Популярное

Музыка Кино и Анимация Автомобили Животные Спорт Путешествия Игры Юмор

Интересные видео

2025 Сериалы Трейлеры Новости Как сделать Видеоуроки Diy своими руками

Топ запросов

смотреть а4 schoolboy runaway турецкий сериал смотреть мультфильмы эдисон
dTub
Скачать

မရဏတောအုပ်ထဲက မရဏရွာ၊ စိတ္တဇရာဇဝတ်ကောင်နဲ့ ကိုယ်ပျောက်ရေကန် - Scary Sunday

Автор: Story Bears

Загружено: 2024-09-29

Просмотров: 11869

Описание:

Part 1
   • ခြောက်ခြားဖွယ် မရဏတောအုပ် (ခ) Aokigahara တ...  

Follow me on
  / storybearsmm  
  / storybearsmm  
  / storybearsmm  
https://t.me/StoryBearsMM

Credit : Tara A. Devlin
   • Toshiden: Exploring Japanese Urban Legends...  

ပထမပိုင်းမှာတုန်းက ပြောခဲ့သလိုပဲ Aokigahara တောအုပ်ဟာဆိုရင် မရဏတောအုပ်အနေနဲ့ လူသိများပါတယ်။ အဲ့ဒီအတွက်ကြောင့် ဒီတောအုပ်နဲ့ ပတ်သက်တဲ့ ကျောချမ်းစရာ ယုံတမ်းပုံပြင်တွေ၊ မြို့ပြဒဏ္ဍာရီဇာတ်လမ်း Urban Legends တွေက အများကြီးရှိပါတယ်။ ဒီအကြောင်းအရာတွေက ဘာတွေလဲ၊ တကယ်ဖြစ်နိုင်လား မဖြစ်နိုင်ဘူးလားဆိုတာတွေကို ဒီကနေ့ ဒုတိယပိုင်းမှာ တင်ဆက်ပေးသွားမှာဖြစ်ပါတယ်။

ယေဘုယျအနေနဲ့ လူပြောများတဲ့အချက်တစ်ခုက ဒီတောအုပ်ထဲမှာ သံလိုက်အိမ်မြှောင်တွေက အလုပ်မလုပ်ဘူး ဆိုပြီး ပြောကြတာပဲ ဖြစ်ပါတယ်။ ဒါ့အပြင် ဒီတောအုပ်ထဲမှာ ဖုန်းလိုင်းလည်း မမိဘူးဆိုပြီး ပြောကြပါတယ်။ အဲ့ဒီအတွက်ကြောင့် ဒီတောအုပ်ထဲကို ဝင်မိသွားရင် ပြန်ထွက်နိုင်ဖို့ဆိုတာ မလွယ်ကူဘူးဆိုပြီး ပြောတာတွေ ဖြစ်လာပါတယ်။ ဒီအကြောင်းအရာတွေ ဖြစ်ပေါ်လာရတဲ့ အကြောင်းရင်းကတော့ ဒီတောအုပ်ရဲ့ ဖွဲ့စည်းပုံ၊ ဖြစ်ပေါ်လာပုံတွေနဲ့ အများကြီး သက်ဆိုင်နေပါတယ်။

တောအုပ်တည်ရှိရာ မြေပြင်က သံဓါတ်ကြွယ်ဝတဲ့ ချော်ကျောက်တွေနဲ့ ဖုံးအုပ်ထားတာ ဖြစ်တဲ့အတွက်ကြောင့် သံလိုက်အိမ်မြှောင်က တောအုပ်အတွင်းပိုင်းကို ရောက်လေလေ ချာလပတ်လည် ပိုရမ်းလေလေဖြစ်ပြီး အလုပ်မလုပ်တာမျိုးတွေ ဖြစ်လာတတ်တယ်လို့ ပြောကြပါတယ်။ ဒါက စဉ်းစားကြည့်ရင် ဖြစ်နိုင်ခြေရှိတယ်လို့ ပြောလို့ရပေမယ့် တကယ်တမ်းလက်တွေ့အခြေအနေမှာတော့ အဲ့လိုမဟုတ်ပါဘူးတဲ့။ သံလိုက်အိမ်မြှောင်တွေက ကောင်းမွန်စွာ အလုပ်လုပ်ပါတယ်တဲ့။ ဖုန်းလိုင်းမမိတာကတော့ လူမနေတဲ့ တောထဲ တိုင်မှမထောင်ထားတာ ဖုန်းလိုင်းက ဘယ်လိုလုပ်မိမလဲလေနော်။ ဒါက သာမန်အခြေအနေမှာဆိုရင် ကြောက်စရာအချက်တစ်ခု ဖြစ်ချင်မှ ဖြစ်မယ်။ ဒါပေမယ့် ဒီတောအုပ်ရဲ့ နာမည်ဆိုးနဲ့ ကျော်ကြားတဲ့အချက်ကြီးနဲ့ တွဲမြင်လိုက်တဲ့အခါကျတော့ ဒီတောအုပ်ထဲမှာ ဖုန်းလိုင်းတွေမမိတာက ကျောချမ်းစရာတစ်ခုလို ဖြစ်သွားတာပေါ့လေ။

နောက် ဒီတောအုပ်က ဒီလို နာမည်ဆိုးနဲ့ကျော်ကြားနေသလိုပဲ ပြည်တွင်းပြည်ပက လူတွေက အပန်းဖြေလာရောက် လည်ပတ်ကြတဲ့နေရာတစ်ခုလည်း ဖြစ်ပါတယ်။ ဒီတောအုပ်က ဖူဂျီတောင်ခြေမှာ ရှိနေတာက တစ်ကြောင်း၊ နောက် မီးတောင်ပေါက်ကွဲမှုနောက်ပိုင်းမှာ ဖြစ်ပေါ်လာတဲ့ ဂူတွေထဲမှာ တစ်နှစ်ပတ်လုံး ရေခဲနေတဲ့ လိုဏ်ဂူတွေလည်း ရှိတယ်၊ ပြီးတော့ ဒီအနီးအနားမှာ ရှိတဲ့ ရေကန်ကြီးတွေ၊ ပန်းခြံတွေက ခရီးသွားတွေကို ဆွဲဆောင်နိုင်တဲ့ နေရာတစ်ခု ဖြစ်လာတာကြောင့်လည်း ဒီတောအုပ်တဝိုက်ကို ပြည်တွင်းပြည်ပက ခရီးသွားတွေ အများကြီး လာရောက်နေပတ်ကြတာဖြစ်ပါတယ်။

တစ်နှစ်တစ်နှစ်ကို ဒီတောအုပ်ကို လူဘယ်လောက် လာရောက်လည်ပတ်ကြတယ် ဘယ်နှယောက်ကတော့ မပြန်လမ်းကို သွားဖို့ လုပ်ဆောင်ခဲ့ကြတယ်ဆိုတဲ့အချက်အလက်တွေက ၂၀၀၄ ခုနှစ် နောက်ပိုင်းမှာ တရားဝင် ထုတ်ပြန်ထားတာမရှိတော့ တော်တော်ပြောရခက်ပါတယ်။
Aokigahara တောအုပ်ရဲ့အတွင်းပိုင်းတစ်နေရာမှာ မရဏကျေးရွာလို့ အမည်ပေးထားတဲ့ရွာတစ်ရွာ ရှိနေတယ်လို့ ဆိုကြပါတယ်။ ဒီရွာဖြစ်ပေါ်လာပုံလေးကလည်း ထူးဆန်းပါတယ်။ ကိုယ့်ကိုယ်ကို တမလွန်ပို့ဖို့ရည်ရွယ်ချက်နဲ့ ဒီတောအုပ်ကို ရောက်လာခဲ့ကြပြီး အကြံအစည်အထမမြောက်လိုက်တဲ့လူတွေက အသိုင်းအဝိုင်းတစ်ခုအသွင် စုစည်းသွားခဲ့ကြပြီးတော့မှ အတူတူစုစည်းနေခဲ့ကြပြီး နောင်မှာ ရွာတစ်ခုဖြစ်လာခဲ့တယ်လို့ ဆိုကြပါတယ်။ သူတို့တွေက အပြင်လောကနဲ့ အဆက်အသွယ်ဖြတ်ပြီး ဒီတောအုပ်ထဲမှာပဲ နေထိုင်ဖို့ ဆုံးဖြတ်ချက်ချခဲ့ပြီး ဘဝကို ရိုးရိုးရှင်းရှင်းပဲ နေထိုင်နေကြပါတယ်တဲ့။ ဘာနည်းပညာမှ မရှိဘူး၊ ဘာခေတ်ပေါ်ပစ္စည်းမှ မရှိဘူးပေါ့၊ ဟိုးရှေးတုန်းက လူတွေ နေထိုင်ခဲ့ကြသလိုမျိုးပဲ တပိုင်တနိုင် စိုက်ပျိုးကြပြီးတော့ အေးအေးလူလူပဲ ဘဝကို ဖြတ်သန်းနေထိုင်နေကြတယ်တာပါတဲ့။

ဒါကတွေးကြည့်ရင်တော့ တော်တော်ငြိမ်းချမ်းတဲ့ ဘဝနေနည်းတစ်ခုပဲနော်။ အပူအပင်မရှိ၊ ကိုယ့်ကို ဒုက္ခပေးမယ့်သူလည်း မရှိ၊ ကိုယ့်အပေါ် လူတွေ ဘယ်လိုမြင်တယ်ဆိုတာကိုလည်း တွေးပူစရာမရှိ၊ အေးအေးဆေးဆေးပဲ၊

တစ်ဘက်ကတွေးကြည့်မယ်ဆိုရင် ဒီတောအုပ်ကို ရောက်လာကြတဲ့လူတွေဆိုတာက ပတ်ဝန်းကျင်အမြင်မှာ သော်လည်းကောင်း၊ အလုပ်ခွင်မှာသော်လည်းကောင်း ရှိနေတဲ့ပြဿနာတွေဆီကနေ ဝေးဝေးပြေးနိုင်သမျှ ပြေးချင်လို့ တမလွန်ခရီးသွားဖို့ရည်ရွယ်ချက်နဲ့ရောက်လာကြတာ။ အဲ့ဒီအကြံအစည်အထမမြောက်ဘဲ အစောကပြောခဲ့တိုင်းအတိုင်း ဒီရွာလေးမှာ ရိုးရိုးရှင်းရှင်း နေနိုင်တယ်ဆိုရင်ဒါက အေးချမ်းတဲ့ဘဝပဲ မဟုတ်လား။

ဒါပေမယ့် အင်တာနက်ပေါ်မှာတော့ တချို့လူတွေက ဒီရွာဟာ တကယ်ရှိတဲ့ရွာတစ်ရွာဖြစ်တယ်ဆိုပြီးတော့ အခိုင်အမာဆိုကြပါတယ်။ Aokigahara တောအုပ်အတွင်းက ရှိုဂျီရေကန်ဘေးနားလေးမှာ ရှိုဂျီရေကန်တည်းခိုရွာ ဆိုတဲ့နာမည်နဲ့ ရွာသေးသေးလေးတစ်ခု ရှိပါတယ်။ ဒီရွာက အိမ်ခြေ ခြောက်ဆယ်ဝန်းကျင်လောက်ပဲရှိတဲ့ ရွာကလေးတစ်ရွာဖြစ်ပြီးတော့ တောအုပ်ထဲမှာ တည်ရှိနေတဲ့ရွာဖြစ်ပါတယ်။ ဒါပေမယ့်လည်း သူ့နာမည်အတိုင်းပဲ ဒီရွာက ရှိုဂျီရေကန်ကို လာလည်ကြည့်တဲ့လူတွေအတွက် တည်းခိုဖို့ တည်းခိုခန်းလေးတွေ ဆိုင်ခန်းလေးတွေပဲ တည်ရှိတဲ့ ရွာလေးတစ်ခုပဲဖြစ်ပါတယ်။ အင်တာနက်ပေါ်က လူတချို့ကတော့ ဒီရွာသည် မရဏရွာကို နာမည်ပြောင်းထားတာဆိုပြီးတော့မှ ပြောဆိုကြပါတယ်။
မရဏရွာမှာ နေကြတယ်ဆိုတဲ့လူတွေက လူတွေနဲ့ဝေးရာတောအုပ်ထဲမှာ တသီးတသန့်နေချင်လို့မှ အပြင်လောကနဲ့ အဆက်အသွယ်ဖြတ်ပြီးနေနေကြတာဆိုရင် ဒီလူတွေက ဘာလို့ တည်းခိုခန်းတို့ စားသောက်ဆိုင်တို့ ဖွင့်နေဦးမလဲလေနော်။ ပြီးတော့ ဒီရွာမှာက စာတိုက်သေးသေးလေးတောင် ရှိလိုက်သေးတယ်၊ အဲ့ဒီတော့ကာ ဒီရွာက အများထင်ကြတဲ့ မရဏရွာဆိုတာ ဖြစ်နိုင်ခြေ မရှိတော့ဘူးပေါ့လေ။ သို့ပေမယ့်လည်း ယုံတမ်းပုံပြင်တစ်ခု မြို့ပြဒဏ္ဍာရီတစ်ခုအနေနဲ့တော့ စိတ်ကူးချင်စရာကောင်းတဲ့နေရာတော့ ဖြစ်နေတာပေါ့လေ။

မရဏတောအုပ်ထဲက မရဏရွာ၊ စိတ္တဇရာဇဝတ်ကောင်နဲ့ ကိုယ်ပျောက်ရေကန် - Scary Sunday

Поделиться в:

Доступные форматы для скачивания:

Скачать видео mp4

  • Информация по загрузке:

Скачать аудио mp3

Похожие видео

ကားလမ်းဘေးကအများသုံးတယ်လီဖုန်းရုံ နှင့် မရဏတောအုပ်၏ ခြောက်လှန့်မှုများ - Scary Sunday #ep29

ကားလမ်းဘေးကအများသုံးတယ်လီဖုန်းရုံ နှင့် မရဏတောအုပ်၏ ခြောက်လှန့်မှုများ - Scary Sunday #ep29

ပယောဂအယူသီးမှုကြောင့် ဒုက္ခပင်လယ်ဝေခဲ့ရတဲ့ မိသားစု - Incantation - Scary Sunday #ep20

ပယောဂအယူသီးမှုကြောင့် ဒုက္ခပင်လယ်ဝေခဲ့ရတဲ့ မိသားစု - Incantation - Scary Sunday #ep20

Min Aung Hlaing

Min Aung Hlaing

ကြောက်မက်ဖွယ် ရှင်လှရွာ

ကြောက်မက်ဖွယ် ရှင်လှရွာ

သမီးအရင်းကိုအဖေရင်းကဦးလေးတွေကိုမု/ဒိန်း/ကျင့်ခိုင်းပြီးမှ၄ယောက်ပေါင်းသ/တ်တဲ့ဖြစ်ရပ်မှန်မှုခင်း

သမီးအရင်းကိုအဖေရင်းကဦးလေးတွေကိုမု/ဒိန်း/ကျင့်ခိုင်းပြီးမှ၄ယောက်ပေါင်းသ/တ်တဲ့ဖြစ်ရပ်မှန်မှုခင်း

မင်းသိင်္ခအမှတ်တရစကားဝိုင်း | မင်းသိင်္ခ နှင့် ဆရာဇင်ယော်နီ

မင်းသိင်္ခအမှတ်တရစကားဝိုင်း | မင်းသိင်္ခ နှင့် ဆရာဇင်ယော်နီ

နံရံပေါ်မှာ သွေးစီးကြောင်းတွေနဲ့ ဟိုတယ်ကြီး  - Amber Court - Scary Sunday #ep17

နံရံပေါ်မှာ သွေးစီးကြောင်းတွေနဲ့ ဟိုတယ်ကြီး - Amber Court - Scary Sunday #ep17

သရဲမကိုပြည့်တန်တာထင်ကာ တဏှာရူးခဲ့ရာမှ သရဲမက အစ်မဖြစ်သူထံဝင်ပူးပြီး အချစ်နယ်ကျွံခဲ့ကြတဲ့ မောင်နှမ

သရဲမကိုပြည့်တန်တာထင်ကာ တဏှာရူးခဲ့ရာမှ သရဲမက အစ်မဖြစ်သူထံဝင်ပူးပြီး အချစ်နယ်ကျွံခဲ့ကြတဲ့ မောင်နှမ

ပဲဟင်းတစ်ခွက်၊ အသက်တစ်ချောင်း? ခင်ပွန်းနဲ့ မိသားစုဆွေမျိုးတွေကို ဘာလုပ်ခဲ့သလဲ - Murder Monday #ep9

ပဲဟင်းတစ်ခွက်၊ အသက်တစ်ချောင်း? ခင်ပွန်းနဲ့ မိသားစုဆွေမျိုးတွေကို ဘာလုပ်ခဲ့သလဲ - Murder Monday #ep9

သူ့သီချင်းဖွင့်ရင် ပြတင်းပေါက်က လာချောင်းတတ်တဲ့ တမလွန်က အဆိုတော်

သူ့သီချင်းဖွင့်ရင် ပြတင်းပေါက်က လာချောင်းတတ်တဲ့ တမလွန်က အဆိုတော်

ချင်းမိုင်တက္ကသိုလ်ရဲ့ ပင်မနတ်ကွန်းနဲ့ နာနာဘာဝတွေအကြောင်း - Scary Sunday #ep22

ချင်းမိုင်တက္ကသိုလ်ရဲ့ ပင်မနတ်ကွန်းနဲ့ နာနာဘာဝတွေအကြောင်း - Scary Sunday #ep22

ထူးဆန်းသော ရသေ့လေး

ထူးဆန်းသော ရသေ့လေး

သေတ္တာထဲမှ ၇နှစ်တာ လိင်ကျွန်ဘဝ #ဖြစ်ရပ်မှန်

သေတ္တာထဲမှ ၇နှစ်တာ လိင်ကျွန်ဘဝ #ဖြစ်ရပ်မှန်

#မိုးကုတ်မိုးမိတ်တိုက်စစ်စပြီ#captainzinyaw#captainseagull

#မိုးကုတ်မိုးမိတ်တိုက်စစ်စပြီ#captainzinyaw#captainseagull

လိုင်စင်ရသေမင်းတမန်  (လူ ၂၀၀ကျော်သတ်ခဲ့တဲ့ Efren Saldivar)

လိုင်စင်ရသေမင်းတမန် (လူ ၂၀၀ကျော်သတ်ခဲ့တဲ့ Efren Saldivar)

ပါးစပ်ဟပြဲ အမျိုးသမီးမိစ္ဆာ Kuchisake-Onna  Scary Sunday  #ep1

ပါးစပ်ဟပြဲ အမျိုးသမီးမိစ္ဆာ Kuchisake-Onna Scary Sunday #ep1

မင်းတိုင်ပင်ရွာက (လူဝင်စား ကုလားမလေး ဆာဒါးဘီ)

မင်းတိုင်ပင်ရွာက (လူဝင်စား ကုလားမလေး ဆာဒါးဘီ)

Как Один Сумасшедший Трюк Фермера Убил 505 Советских Солдат Всего За 100 Дней

Как Один Сумасшедший Трюк Фермера Убил 505 Советских Солдат Всего За 100 Дней

Если Вам Задают Эти 5 Вопросов — Вами Пытаются Манипулировать - Карл Юнг

Если Вам Задают Эти 5 Вопросов — Вами Пытаются Манипулировать - Карл Юнг

အိပ်မက်ထဲထိရောက်လာတဲ့ နတ်ဆိုး ၄ ကောင် နဲ့ တောင်ပေါ်က ကလေးလေး - Scary Sunday #scarysunday31

အိပ်မက်ထဲထိရောက်လာတဲ့ နတ်ဆိုး ၄ ကောင် နဲ့ တောင်ပေါ်က ကလေးလေး - Scary Sunday #scarysunday31

© 2025 dtub. Все права защищены.



  • Контакты
  • О нас
  • Политика конфиденциальности



Контакты для правообладателей: [email protected]