Khit Thit သတင်းဌာန၏ ဒီဇင်ဘာ ၁၈ ရက် ညနေပိုင်း ရုပ်သံသတင်းအစီအစဉ်
Автор: Khit Thit Media
Загружено: 2023-12-18
Просмотров: 1085976
Khit Thit သတင်းဌာန၏ ဒီဇင်ဘာ ၁၈ ရက် ညနေပိုင်း ရုပ်သံသတင်းအစီအစဉ်
By ရန်ကုန်ခေတ်သစ်
ဒီကနေ့ ဒီဇင်ဘာ ၁၈ ရက် ညနေပိုင်းတင်ဆက်ပေးမယ့်သတင်းတွေကတော့
တရုတ်အစိုးရအနေနဲ့ အကြမ်းဖက် မင်းအောင်လှိုင်ခေါင်းဆောင်တဲ့ ဖက်ဆစ် စစ်အုပ်စု သက်ဆိုးရှည်ရေး နဲ့ အာဏာတည်မြဲရေးအတွက် ထောက်ခံပံ့ပိုးပေးမယ်ဆိုရင် လုပ်သင့် လုပ်ထိုက်တာတွေကို မြန်မာပြည်သူ တွေက တုံ့ပြန်သွားမှာဖြစ်တယ်လို့ တော်လှန်ရေးအဖွဲ့ ၂၅၅ ဖွဲ့ကနေ တရုတ်သမ္မတ နဲ့ တရုတ်နိုင်ငံခြားရေး ဝန်ကြီးဆီကို အိတ်ဖွင့်ပေးစာ ပေးပို့လိုက်တယ်လို့ သိရပါတယ်။
ရှမ်းပြည်နယ်မြောက်ပိုင်းမှာ စစ်ကောင်စီက စစ်ကူမပေးနိုင်တော့တဲ့အတွက် စစ်ကောင်စီတပ်သားတွေ အနေနဲ့ အသက်မသေချင်ရင် ပြည်သူ့ရင်ခွင်ကို အမြန်ဆုံး ခိုဝင်ကြဖို့ ညီနောင် မဟာမိတ် ၃ ဖွဲ့က တိုက်တွန်း ပြောဆို ထုပ်ပြန်လိုက်ပါတယ်။
မကွေးတိုင်း၊ ထီးလင်းမြို့နယ်၊ ရေမျက်နီကျေးရွာမှာ တပ်စွဲထားတဲ့ အကြမ်းဖက် စစ်ကောင်စီ တပ်သား တွေကို တော်လှန်ရေးတပ်ပေါင်းစုကနေ ဝင်ရောက် တိုက်ခိုက်ခဲ့ရာမှာ စစ်ကောင်စီရဲ့ ခလရ ၅၀ က ဒုတိယ ဗိုလ်မှူးကြီး အေးမင်း အပါအဝင် ၃ ဦး သေသွားတဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။
Доступные форматы для скачивания:
Скачать видео mp4
-
Информация по загрузке: