NUG ပြည်တွင်းမှာ ရုံးစိုက်နိုင်တော့မလား
Автор: RFA လွတ်လပ်တဲ့အာရှအသံ
Загружено: 2025-01-17
Просмотров: 222154
RFA စကားဝိုင်း
“NUG ပြည်တွင်းမှာ ရုံးစိုက်နိုင်တော့မလား”
~~~
■ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ဝန်ကြီးဌာနတွေ ပြည်တွင်းမှာ အခြေစိုက်ရုံး ဖွင့်လှစ်တော့မယ်လို့ ဒီရက်ပိုင်းမှာ သတင်းတွေ ထွက်လာပါတယ်။ တရုတ်နိုင်ငံရဲ့ ဖိအားအပါအဝင် တခြားအကြောင်းတွေကြောင့် ပြည်တွင်းမှာ အင်အားပြန်တည်ဆောက်ဖို့ NUG ယာယီသမ္မတက ဝန်ကြီးတွေကို ၂၀၂၄ နိုဝင်ဘာလ ၂၆ ရက်နေ့က NUG အစိုးရအဖွဲ့ အစည်းအဝေးမှာ ပြောခဲ့ပါတယ်။ NUG အစိုးရအဖွဲ့မှာ ဝန်ကြီးဌာန ၁၇ ခုရှိပြီး ဝန်ကြီးနဲ့ ဒုဝန်ကြီး စုစုပေါင်း ၃၄ ယောက် ရှိပါတယ်။ ဘယ်ဌာနတွေ အရင်ဆုံး ပြည်တွင်းမှာ ရုံးပြန်စိုက်မယ်ဆိုတာတော့ NUG ဘက်က တိတိကျကျ ထုတ်ပြန်ပြောဆိုတာ မရှိသေးပါဘူး။
တကယ်ရော ပြည်တွင်းမှာ ရုံးစိုက်နိုင်ပါ့မလား၊ ဒီလိုရုံးထိုင်ပြီး ပြည်တွင်းနိုင်ငံရေး အပြောင်းအလဲ ဖော်ဆောင်နိုင်မလား။ လက်တွေ့မှာ ဘယ်လိုအခက်အခဲတွေ ရှိလာနိုင်မလဲ။ ဒီအကြောင်းတွေကို ဒီတစ်ပတ် RFA စကားဝိုင်းမှာ ဆွေးနွေးထားပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရ (NUG) သမ္မတရုံးပြောခွင့်ရသူ ဦးကျော်ဇော်၊ တရုတ်နိုင်ငံအခြေစိုက် မြန်မာ့နိုင်ငံရေးလေ့လာသုံးသပ်သူ ဒေါက်တာလှကျော်ဇော၊ အကြမ်းမဖက် အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) မှာ ပါဝင်ထားတဲ့ ဗိုလ်ကြီးကောင်းသူဝင်းနဲ့ စစ်တပ်အရာရှိဟောင်းတစ်ဦးတို့ ပါဝင်ဆွေးနွေးထားပါတယ်။ RFA ဝိုင်းတော်သူ မသီရိမင်းဇင် စီစဉ်တင်ဆက်ထားပါတယ်။
____________
#စကားဝိုင်း #လွတ်လပ်တဲ့အာရှအသံ #rfaburmese
Subscribe ▶ / @rfaburmese
ဝဘ်ဆိုက် ▶ https://www.rfa.org/burmese
မိုဘိုင်းအက်ပ် ▶ https://smarturl.it/RFAburmeseapp
Follow us on:
ဖေ့စ်ဘွတ်ခ် / rfaburmese
တွစ်တာ / rfaburmese
အင်စတာဂရမ် / rfaburmese
တယ်လီဂရမ် https://t.me/rfaburmeseofficial
(လွတ်လပ်တဲ့အာရှအသံရဲ့ တာဝန်နဲ့ရည်ရွယ်ချက်ဟာ သက်ဆိုင်ရာအစိုးရတွေရဲ့ ပိတ်ပင်ဟန့်တားမှုတွေကြောင့် သတင်းလွတ်လပ်ခွင့်မရှိတဲ့ အာရှနိုင်ငံတွေအတွက် တိကျမှန်ကန်တဲ့ သတင်းအချက်အလက်တွေ ထုတ်လွှင့်ပေးဖို့ ဖြစ်ပါတယ်။)
Доступные форматы для скачивания:
Скачать видео mp4
-
Информация по загрузке: