တရားရသပီတိ| ဣရိယာပုထ်မှန်ကန်စွာဖြင့်နည်းစံနစ် စည်းကမ်းလိုက်နာကြိုးစားနိုင်ခဲ့သူ
Автор: Yanpaing Soe
Загружено: 2023-01-05
Просмотров: 5370
ဣရိယာပုထ်မှန်ကန်စွာ ကြိုးစားတည်ဆောက်၍
၁/ ဣန္ဒြေမှန်ကန်မှု
၂/ အရှုအရှိူက် မှန်ကန်မှု
၃/ စိတ်နဲ့ရုပ်ကို ညှစ်ချုပ်မှုကင်းမှု
၄/ စိတ်ကို အာနာပါနကမ္မဋ္ဌာန်းဆီသို့
နိုင်နိုင်နင်းနင်း သိမ်းဆည်းနိုင်မှုအားများ
ပိုင်နိုင်စွာဖြည့်ဆည်းနိုင်၍
အနိမိတ္တသမာဓိအခြေခံကျင့်စဉ်အာနာပါနတွင်
ဒုက္ခဝေဒနာမှာ ဆက်စပ်သောတဏှာကို တဒင်္ဂပဟာန် ပယ်ခွါနိုင်ခဲ့သည့် ယောဂီသစ်တစ်ဦး၏ တရားရသပီတိ
ဣရိယာပုထ် ဆိုလိုရင်း အမှန်
ထိုင်ခြင်းဣရိယာပုတ်၌ အပေါ်ပိုင်းခန္ဓာကိုယ်ကို တုတ်ချောင်းထောင်ထားသကဲ့သို့ တည်မထားရ
ယိုင်ခြင်း ရွဲ့ခြင်း စောင်းခြင်း လန်ခြင်း မရှိစေပဲ
ပကတိအနေအတိုင်းသာ ထားရပါမည်
ဤသဘောကို မြတ်စွာဘုရားရှင်
ဤကဲ့သို့ ဟောကြားထားသည်။
ယထာဌိတံ- တည်မြဲတိုင်းသော
ယထာပဏိဟိတံ - ထားမြဲ တိုင်းသော
ဣမမေဝ ကာယံ - ဤရူပကာယခန္ဓာကိုယ်ကိုသာလျှင်
ဟူ၍ ဖွင့်ဆိုထားပါသည် (ကျမ်းကိုး-မဟာသတိပဋ္ဌာန်သုတ် ဆရာတော်ဦးဗုဓ်မူ နှာ -၆၉)
ဒေသနာတော်တို့၌ ဥဇုံ ကာယံ ပဏိဓာယ ဟုဆိုထားရာတွင်
(ကျမ်းကိုး-မဟာဝဂ္ဂပါဠိ မဟာသတ္တိပဋ္ဌာနသုတ္တံ ကာယာနုပဿနာ အာနာပါနပဗ္ဗ -၃၇၄)
အပေါ်ပိုင်း ခန္ဓာကိုယိကို ရှေ့သို့စိုက်နေခြင်း၊ နောက်သို့လန်နေခြင်း၊ ဘေးသို့ယိုင်ရွဲ့နေခြင်းမရှိခြင်းမျှကိုသာဆိုလိုသည်။
မိမိအလိုဖြင့် ညှစ်ချုပ် တင်းတောင့် ထောင်မတ်၍ ထားရမည်မဆိုလို။
စိတ်ဖြင့် တင်းတောင့်ထောင်မတ်ထားမှုမရှိသော၊ ရွဲ့စောင်းစိုက်လန်မှုမရှိသော ပကတိအနေအထားအတိုင်းတည်နေသော ရုပ်ခန္ဓာအိမ်ကို ဆိုလိုသည်
Доступные форматы для скачивания:
Скачать видео mp4
-
Информация по загрузке: