ကုသိန္နာရုံ - မာမာအေး
Автор: သုံးရွေ့လယ်
Загружено: 2025-05-10
Просмотров: 2227
ကဆုန်လပြည့်နေ့ဟာ ရာသီအားဖြင့်ပြိဿရာသီဖြစ်ပါတယ်။ ဒီရာသီ ဒီနေ့မှာ ကျွန်တော်တို့ဗုဒ္ဓဘာသာ၀င်တွေ အထွဋ်အမြတ်ထားရတဲ့ မြတ်စွာဘုရားရှင်ဟာ " ဖွား၊ပွင့်၊ဟော၊စံ၊ဗျာဒိတ်ခံ " ဆိုတဲ့ ထူးခြားတဲ့ဖြစ်တော်စဥ်တွေ ဖြစ်ခဲ့ပါတယ်။
ထိုဖြစ်တော်စဥ်များအနက်မှ " ပရိနိဗ္ဗာန်စံတော်မူခြင်း "အကြောင်းကို ရေးစပ်ထားတဲ့သီချင်းတပုဒ်ရှိပါတယ်။ ရေးစပ်သူကတော့ " ရောင်တော်ဖွင့်၊ အန္တရာယ်ကင်း၊ မင်္ဂလာဆယ့်နှစ်ပါး " စတဲ့နာမည်ကြီးအထင်ကရ ဓမ္မတေးများစွာကိုရေးစပ်ခဲ့သူ ဆရာကြီး "ရွှေတိုင်ညွန့်" ပဲဖြစ်ပါတယ်။
ဒီသီချင်းမှာဆိုရင် ဆရာရွှေတိုင်ညွှန့်က မြတ်စွာဘုရားပရိနိဗ္ဗာန်စံတော်မူပုံကို ကိုယ်တိုင်မျက်မြင်ကြုံတွေ့ရသကဲ့သို့ ခံစားပြီး၊ နားဆင်နေတဲ့သူတွေအပေါ် ဆုံးရှုံးမှုကြီးတခုအနေနဲ့ ၀မ်းနည်းတသလာအောင် သူရဲ့ပညာစွမ်းနဲ့ ရေးဖွဲ့နိုင်ခဲ့ပါတယ်။
နောက်ပြီးသီချင်းမစခင်မှာ အမေမာအေးပြောခဲ့သလို " ဒီလိုတေးတွေကြောင့် အပူကလေးတော့လှိုက်ခဲ့ရပါတယ် "လို့ ဆိုတဲ့အတိုင်း၊ တကယ့်တကယ်တမ်း ဆိုတဲ့အခါမှာလဲ အမေအေးက
အပူဇောလေးလှိုက်ပြီး ရှိုက်ကာ ရှိုက်ကာ ဆိုသွားလေတော့ နားထောင်ရတဲ့ကျွန်တော်တို့အဖို့မှာလဲ
မြတ်စွာဘုရားကိုမမှီလိုက်၊ မဖူးမြှော်လိုက်ရသည့်တိုင်အောင် မျက်ရည်စို့ ၀မ်းနည်းရတဲ့အထိပါပဲ။
ကောင်းမွန်တဲ့စာသားကျစ်လစ်မှု၊ ကောင်းမွန်တဲ့
သံစဥ်တွေအဖွဲ့အနွဲ့တွေနဲ့ ထုံးမွှန်းထားတဲ့ ဆရာ
ရွှေတိုင်ညွှန့်ရဲ့ " ကုသိန္နာရုံ " ဆိုတဲ့ဂန္တ၀င်လက်ရာကို အမေအေးရဲ့ အဆိုပညာစွမ်းနဲ့ ပေါင်းစပ်လိုက်တဲ့အခါမှာတော့ ပြီးပြည့်စုံတဲ့ ဓမ္မတေးတပုဒ် ဖြစ်လာပါတော့တယ်။
Admin Too🌿
#သုံးရွေ့လယ်
#မြန်မာသံစဥ်တေးဂီတ
#မာမာအေး
#ရွှေတိုင်ညွန့်
#ကဆုန်လပြည့်
Доступные форматы для скачивания:
Скачать видео mp4
-
Информация по загрузке: