ဖက်ဆစ်၃၀၉ဦးကို သမိုင်းဝင်ရှင်းပစ်ခဲ့သူ ယူကရိန်းသူ စနိုက်ပါသူရဲကောင်း || Battle for Sevastopol (2015)
Автор: Full House 4 Recap
Загружено: 2024-12-03
Просмотров: 51144
ဒုတိယကမ္ဘာစစ်အတွင်း ထင်ရှားခဲ့တဲ့ ယူကရိန်းသူ ဆိုဗီယက်စနိုက်ပါ အမျိုးသမီးသူရဲကောင်း။
သူ့ကို သမိုင်းတစ်လျှောက် အအောင်မြင်ဆုံး အမျိုးသမီးစနိုက်ပါ အဖြစ်သိကြသလို World Deadliest Sniper ၁၀ ယောက်စာရင်းမှာ နံပါတ် (၃) ချိတ်ခဲ့တဲ့ တဦးတည်းသော အမျိုးသမီးစနိုက်ပါလည်း ဖြစ်ပါတယ်။
Battle for Sevastopol ဇာတ်ကားဟာ 2015 ခုနှစ်ထုတ် အတ္ထုပ္ပတ္တိ စစ်ပွဲရုပ်ရှင်ပါ။
ဆိုဗီယက် ပြည်ထောင်စုရဲ့ Red Army ထဲက ယူကရိန်းသူ စနိုက်ပါသူရဲကောင်း တစ်ဦးအကြောင်း ရိုက်ကူးထားတာပါ။ ရုရှား-ယူကရိန်း ပူးပေါင်းထုတ်လုပ်တဲ့ ဒီရုပ်ရှင်ကို 2015 ခုနှစ် ဧပြီလ 2 ရက်နေ့မှာ နှစ်နိုင်ငံလုံးမှာ ဖြန့်ချိခဲ့ပြီး နှစ်ပတ်အကြာ မှာတော့ ပေကျင်းနိုင်ငံတကာ ရုပ်ရှင်ပွဲတော်မှာ ပြသခဲ့သည်။
အမေရိကန် အိမ်ဖြူတော်မှာ ကျင်းပတဲ့ ဖက်ဆစ်ဆန့်ကျင်ရေး နိုင်ငံတကာလူငယ်တွေ့ဆုံပွဲမှာ နာဇီဘယ် နှစ်ယောက်ကို ရှင်းခဲ့သလဲဆိုတဲ့ မေးခွန်းကို ဖက်ဆစ်တွေကို သတ်တာပါ ၃၀၉ ယောက်ရှိပါပြီ ဆိုတဲ့ အဖြေနဲ့ အားလုံး အံ့သြသွားစေခဲ့ပြီး သူ့ဘဝ ဇာတ်ကြောင်းကို စဖွင့်ပြထားပါတယ်။
စစ်သမိုင်းမှာ သူပြောခဲ့တဲ့”ကျွန်မ အသက် ၂၅ နှစ်မှာ ဖက်ဆစ် ၃၀၉ ယောက် သုတ်သင်ခဲ့ပြီးပါပြီ။ လူကြီး မင်းတို့၊ ရှင်တို့တွေ ကျွန်မနောက်ကျောမှာ ပုန်းကွယ်နေခဲ့တာ အချိန်အတော်ကြာပြီလို့များ မတွေးမိကြဘူးလား” ဆိုတဲ့စကားဟာ အမှတ်တရဖြစ်ကျန်ခဲ့ပါပြီ။
လက်နက်ပေးတာကောင်းပါတယ်။ လက်နက်ကိုင်ပြီး ရန်သူကို ရင်ဘောင်တန်း တိုက်ခိုက်ပေးမယ့် မိတ်ဆွေတွေ ဆိုရင်တော့ ပိုကောင်းပါတယ်လို့ ပြောပါတယ်။
ဒီဇာတ်ကားကို ဒါရိုက်တာ Sergey Mokritskiy က ရိုက်ကူးထားပြီး Pavlichenko အဖြစ် Yulia Peresild က သရုပ်ဆောင်ထားပါတယ်။ Peresild ဟာ ဒီဇာတ်ကားနဲ့ ပေကျင်းနိုင်ငံတကာ ရုပ်ရှင်ပွဲတော်မှာ ဆုရရှိခဲ့ပါတယ်။
ဒီဇာတ်ကားကို Cannes ရုပ်ရှင်ပွဲတော်မှာလည်း ပြသခဲ့တယ်။
ဖက်ဆစ်၃၀၉ဦးကို သမိုင်းဝင်ရှင်းပစ်ခဲ့သူ ယူကရိန်းသူ စနိုက်ပါသူရဲကောင်း || Battle for Sevastopol (2015)
Copyright Disclaimer:
Every Video, Audio, Footage, and Image … in this content under terms of Fair Use, Permitted by Copyright Statute.
Every Content in this Channel for reviewing, learning, and information for entertainment.
Thank you for watching.
#BattleforSevastopol #fullhouse4recap #movie #film #warfilm #drama
#recap
Доступные форматы для скачивания:
Скачать видео mp4
-
Информация по загрузке: