Популярное

Музыка Кино и Анимация Автомобили Животные Спорт Путешествия Игры Юмор

Интересные видео

2025 Сериалы Трейлеры Новости Как сделать Видеоуроки Diy своими руками

Топ запросов

смотреть а4 schoolboy runaway турецкий сериал смотреть мультфильмы эдисон
dTub
Скачать

အလှမယ်ပွဲလား ငွေသဲ့ယူနေတဲ့ လုပ်ပွဲလား ? အားပေးရတာ တန်ရဲ့လား စဉ်းစားမိတာလေးတွေ

Автор: Story Bears

Загружено: 2024-10-21

Просмотров: 118780

Описание:

Follow me on

  / storybearsmm  
  / storybearsmm  
  / storybearsmm  
https://t.me/StoryBearsMM

Chapters
0:00 Do we need to support just because they are Myanmar?
1:01 Myanmar and International Beauty Pageant
4:25 Miss Supranational 2018 Controversy
9:55 Miss Grand Myanmar 2017 Controversy
15:26 Big 4 Pageants
24:59 Miss Grand International
27:11 Golden Era of Beauty Pageants
30:35 The Fall of Beauty Pageants
35:40 Reality of Miss Grand International
37:57 Miss Grand International and Myanmar
43:19 What do the Winners do?
45:05 Miss Grand Myanmar 2024
49:09 National Costume and Queen Pantra
50:47 Who owns Miss Grand Myanmar?

နိုင်ငံ့ကိုယ်စားပြု ယှဉ်ပြိုင်တယ်ဆိုတိုင်း အားပေးစရာလား? ဒီမေးခွန်းတစ်ခု ကျွန်တော့်ခေါင်းထဲမှာ ရှိနေခဲ့တာ ကြာပါပြီ။

နိုင်ငံ့ကိုယ်စားပြုတယ်ဆိုတဲ့နေရာမှာ ကျွန်တော်တို့တွေ ပြောလို့ရတဲ့နယ်ပယ်တွေ အများကြီး ရှိပါတယ်။ အနုပညာအားဖြင့်သော်လည်းကောင်း၊ ဓါတ်ပုံ၊ သီချင်း၊ ရုပ်ရှင်၊ အဆို၊ အက၊ အရေး၊ အတီး အစရှိသဖြင့် မျိုးစုံပါမယ်၊ နောက် အားကစားကဏ္ဍရယ်၊ ပြီးတော့ အခုနောက်ဆုံးပွဲထနေတဲ့ အလှမယ်ပွဲ အစရှိသဖြင့်ပေါ့။ ဒီကနေ့ ကျွန်တော်ပြောချင်တဲ့အပိုင်းက အခုနောက်ဆုံးပွဲဖြစ်နေတဲ့။ အလှမယ်အကြောင်းပေါ့လေ။

အခုချိန်မှာတော့ မြန်မာနိုင်ငံက အလှမယ်တွေလည်း နိုင်ငံတကာမှာ တခြားနိုင်ငံက အလှမယ်တွေနဲ့ ဝင်ပြိုင်လို့ရနေတဲ့ အနေအထားတစ်ခုတော့ ရှိနေတာပေါ့လေ။ ဒီအခုလို လာပြိုင်တဲ့ အလှမယ်တွေကို အားပေးတယ် အားမပေးဘူးဆိုတာကို ခဏမေ့ထားလိုက်ဦးနော်။ လာပြိုင်လို့ရတဲ့အခြေအနေတစ်ခု ရှိတယ်ဆိုတာကို ပြောချင်တာပါ။

ဒီလိုမျိုးပွဲတွေထဲကမှ အများသိကြတဲ့ပွဲတစ်ခုဖြစ်တဲ့ Miss Universe ကို မြန်မာနိုင်ငံက ၁၉၅၉ ခုနှစ်ကနေ ၁၉၆၁ အထိ ဝင်ပြိုင်ခဲ့တယ်လို့တော့ ဖတ်ဖူးတယ်။ အဲ့ဒီအထဲက ၁၉၆၀ ခုနှစ်မှာ ဝင်ပြိုင်ခဲ့တဲ့ ဒေါ်မြင့်မြင့်မေက Miss Congeniality ဆုကိုရရှိခဲ့ပါတယ်။ ဒီဆုက ပွဲပြိုင်တဲ့ မယ်တွေအချင်းချင်းက မဲပေးရတာဖြစ်တဲ့အတွက် ဒါက တော်တော်ကို ဂုဏ်ယူထိုက်တဲ့ ဆုလို့ပဲ ပြောရမှာပေါ့။ ၁၉၆၂ မှာ နေဝင်းအာဏာသိမ်းတဲ့အခါမှာ ဒီလို မယ်ပြိုင်ပွဲတွေက မြန်မာ့ယဉ်ကျေးမှုနဲ့ မညီညွှတ်ဘူးဆိုပြီးတော့မှ ပိတ်ချလိုက်တာကြောင့် နိုင်ငံတာကို ထွက်မပြိုင်ရတာ ၁၉၆၂ ကနေ ၂၀၁၁ အထိပဲဆိုပါတော့။

အဲ့ဒီတော့ မှတ်မိသလောက် ပြောရရင်ကျွန်တော်တို့တွေ ငယ်တုန်းက ရင်ဖုံးဂျိုင်းပြတ်နဲ့ ထမီဝမ်းဆက်ဝတ်ပြီး လှယဉ်ကျေးမယ်ဆိုပြီး ပြိုင်ကြတယ်။ ခါးသေး ရင်ချီ တင်စွင့်ကား အစရှိသဖြင့် အမျိုးသမီးတွေရဲ့ အလှကို အပေါ်ယံသဘောလောက်နဲ့ ဆုံးဖြတ်ပြီး ဘယ်သူကတော့ အလှဆုံး ဘယ်သူတော့ အကျော့ရှင်းဆုံးဆိုပြီး ပထမ ဒုတိယ တတိယ ပေးတာမျိုးပေါ့။ ဒါက အပေါ်ယံ အလှသက်သက်ပဲ။ ဒါက ဝင်ပြိုင်တဲ့ အမျိုးသမီးတွေသည် အသုံးမကျဘူး အရည်အချင်းမရှိဘူးလို့ ပြောတာ မဟုတ်ဘူး။ ကျွန်တော်ပြောချင်တာက ဟိုးအရင်တုန်းက ကျွန်တော်တို့ဆီမှာ ကျင်းပခဲ့တဲ့ လှယဉ်ကျေးမယ် ပြိုင်ပွဲတွေသည် အမျိုးသမီးတွေရဲ့ ဉာဏအရည်အချင်းထက် ကာယအရည်အချင်းနဲ့ အလှအပကိုပဲ ရွေးချယ် ဆုံးဖြတ်ခဲ့တာလို့ ပြောချင်တာ။

၂၀၁၂ ခုနှစ်တုန်းက နန်းခင်ဇေယျာက မြန်မာနိုင်ငံကို ကိုယ်စားပြုပြီးတော့မှ Miss International ကို ပြန်လည်သွားပြိုင်ခဲ့တာ။ အဲ့ဒီတုန်းက ရေကူးဝတ်စုံနဲ့ နန်းခင်ဇေယျာရဲ့ ပုံက လူတော်တော်များများ ဆဲခဲ့ကြတဲ့ ပုံတွေဖြစ်ခဲ့တယ်ဆိုတာ မှတ်မိတဲ့သူတွေ မှတ်မိကြပါလိမ့်မယ်။ အဲ့ဒီနောက်ပိုင်း ၂၀၁၃ ခုနှစ်ထဲမှာကျတော့ မိုးစက်ဝိုင်က Miss Universe Myanmar အနေနဲ့ မြန်မာနိုင်ငံကိုယ်စားပြုပြီးတော့ Miss Universe ကို ပြန်သွားပြိုင်ခဲ့ရတာ။

ဒီနှစ်ယောက်ကိုတော့ ခေါင်းထဲမှာ မှတ်မှတ်ရရရှိနေပေမယ့် နောက်ပိုင်း ကျန်တဲ့အလှမယ်တွေကိုတော့ ခေါင်းထဲမှာ သိပ်ပြီးတော့ မှတ်မှတ်ရရ မရှိလှဘူးရယ်။ ၂၀၂၁ တုန်းက Save Myanmar ဆိုပြီး လုပ်ခဲ့တဲ့ သူဇာဝင့်လွင်ကတော့ ချွင်းချက်ပေါ့။ နိုင်ငံတကာ စင်မြင့်ပေါ်မှာ ကိုယ့်နိုင်ငံအခြေအနေကို ထုတ်ဖော်ပြသခဲ့တဲ့ ကောင်မလေးအနေနဲ့ရော Top 21 ထဲကို ပထမဦးဆုံးရောက်ခဲ့တဲ့ Miss Universe ပြိုင်ပွဲဝင်အနေနဲ့ပါ မှတ်မိနေတာ။ ဒါက ကောင်းသောတရားနဲ့ မှတ်မိခြင်းပေါ့လေ။

ဒါပေမယ့် မြန်မာနိုင်ငံရဲ့မျက်နှာကို အိုးမည်းသုတ်ခဲ့တယ် လို့ ပြောလို့ရတဲ့ ကောင်မလေးတစ်ယောက်ကိုတော့ ကောင်းကောင်းကြီးကို မှတ်မိသေးတယ်။ 2018 ခုနှစ်တုန်းက Miss Supranational ပွဲကို ပိုလန်မှာ သွားပြိုင်ခဲ့တဲ့ ကောင်မလေးတစ်ယောက်ရှိတယ်လေ။ နာမည်ကတော့ မပြောတော့ဘူး။ ဒီကောင်မလေးက အင်္ဂလိပ်စကားကို တခြားသော မြန်မာကိုယ်စားပြုပြိုင်ပွဲဝင်တွေ တော်တော်များများထက် လည်လည်ဝယ်ဝယ် ပီပီသသ ပြောနိုင်တယ်။ အကုန်လုံးလို့ မပြောဘူးနော်။ ကျွန်တော့်အထင် သူ့ထက်အင်္ဂလိပ်စကားကို ကောင်းကောင်းမွန်မွန် လည်လည်ဝယ်ဝယ်ပြောနိုင်တယ် အလှမယ်တွေ ရှိလိမ့်မယ်။ အထင်ရှားဆုံးကတော့ မိုးစက်ဝိုင်ပေါ့။

ပွဲမစခင် မြန်မာနိုင်ငံမှာ သူ့ကိုအင်တာဗျူးတွေလုပ်တဲ့အချိန်မှာ သူပြောတာတွေကိုကြည့်ပြီးတော့ လူတွေက ဟာ တော်လိုက်တာ အရင်တုန်းက မယ်တွေနဲ့ မတူဘူး တော်တယ်။ ဒီကောင်မလေးသည် ငါတို့မြန်မာနိုင်ငံအတွက် ပထမဆုံး နိုင်ငံတကာသရဖူကို ယူလာပေးမှာဆိုပြီး ထင်ကြေးပေးကြ အားပေးကြပေါ့လေ။

အဲ့ဒီလိုနဲ့ သူ ပိုလန်ကိုရောက်သွားတယ်ပေါ့လေ။ အဲ့ဒီမှာ Pre Arrival Hot Pick တို့ ဘာတို့မှာလည်း သူက အနိုင်ရနိုင်တယ်ဆိုပြီးတော့ ပြည်တွင်းကရော နိုင်ငံတကာရော ထင်ကြေးတွေ ပေးကြတာပေါ့လေ။ အဲ့လိုရောက်သွားတဲ့အချိန်မှာ Miss Supranational က ပွဲအစီအစဉ်လေးတွေ လုပ်တဲ့အခါတိုင်း သူ့ပုံပါရင် သူ့ Video ပါရင် ကိုယ်တွေ မြန်မာတွေက အရမ်းအားပေးကြတဲ့အခါမှာ ဟိုဘက် Miss Supranational ရဲ့ Facebook နဲ့ Instagram က Reaction တက် Engagement တက်တာပေါ့လေ။ Like Share တွေ အရမ်းများတာကိုး။ အဲ့ဒီမှာ မှတ်မှတ်ရရ သူ့ကို Live Q&A လုပ်တဲ့အစီအစဉ်လေးတစ်ခု ရှိတယ်။ Facebook မှာ မယ်မြန်မာနဲ့ တခြား မယ်လေးယောက်ကို အရင်နှစ်က Miss Supranational 2017 Jenny Kim က မေးခွန်းတွေ မေးတာပေါ့လေ။


#storybears #storybearsmm #myanmar #beauty #beautypageant

အလှမယ်ပွဲလား ငွေသဲ့ယူနေတဲ့ လုပ်ပွဲလား ? အားပေးရတာ တန်ရဲ့လား စဉ်းစားမိတာလေးတွေ

Поделиться в:

Доступные форматы для скачивания:

Скачать видео mp4

  • Информация по загрузке:

Скачать аудио mp3

Похожие видео

နေပြည်တော် တဘောင်စစ်ခွေးပြောင် (655) (Part-1) (2.12.25) #seinthee #revolution #စိန်သီး #myanmar

နေပြည်တော် တဘောင်စစ်ခွေးပြောင် (655) (Part-1) (2.12.25) #seinthee #revolution #စိန်သီး #myanmar

ပယောဂအယူသီးမှုကြောင့် ဒုက္ခပင်လယ်ဝေခဲ့ရတဲ့ မိသားစု - Incantation - Scary Sunday #ep20

ပယောဂအယူသီးမှုကြောင့် ဒုက္ခပင်လယ်ဝေခဲ့ရတဲ့ မိသားစု - Incantation - Scary Sunday #ep20

Прекрасный национальный костюм, вдохновлённый бабочкой. Удивительный костюм #queenofmalhacan2025

Прекрасный национальный костюм, вдохновлённый бабочкой. Удивительный костюм #queenofmalhacan2025

MPA ရဲ့ နေ့လယ် ၁၂ နာရီသတင်း (၂ ရက်၊ ဒီဇင်ဘာ၊ ၂၀၂၅)

MPA ရဲ့ နေ့လယ် ၁၂ နာရီသတင်း (၂ ရက်၊ ဒီဇင်ဘာ၊ ၂၀၂၅)

Burning  Sun နဲ့ Go Hara

Burning Sun နဲ့ Go Hara

#မိုးကုတ်မိုးမိတ်တိုက်စစ်စပြီ#captainzinyaw#captainseagull

#မိုးကုတ်မိုးမိတ်တိုက်စစ်စပြီ#captainzinyaw#captainseagull

ဟိမဝန္တာ​တောင်တန်း​တွေ​ပေါ် 8ရက်ကြာ (full documentary)

ဟိမဝန္တာ​တောင်တန်း​တွေ​ပေါ် 8ရက်ကြာ (full documentary)

Беларусь атакована / Вторжение в воздушное пространство

Беларусь атакована / Вторжение в воздушное пространство

အမေရိကန်ရဲ့ အရက်စက်ယုတ်မာဆုံး ရာဇဝတ်ကောင် - Ted Bundy - Murder Monday - #ep17

အမေရိကန်ရဲ့ အရက်စက်ယုတ်မာဆုံး ရာဇဝတ်ကောင် - Ted Bundy - Murder Monday - #ep17

ထူးအိမ်သင် - ချစ်တိုင်းလည်းမညား [Live Music]

ထူးအိမ်သင် - ချစ်တိုင်းလည်းမညား [Live Music]

တော်လှန်ရေးအတွက် အလေးနက်ထားရမယ့် အရာတွေ

တော်လှန်ရေးအတွက် အလေးနက်ထားရမယ့် အရာတွေ

Kpop ရဲ့ အရှက်ရစရာအဖြစ်အပျက် (သို့) Burning Sun အရှုပ်တော်ပုံ အပိုင်း ၁  - Scandal Saturday #ep3

Kpop ရဲ့ အရှက်ရစရာအဖြစ်အပျက် (သို့) Burning Sun အရှုပ်တော်ပုံ အပိုင်း ၁ - Scandal Saturday #ep3

ဗုဒ္ဓ ၏ အရိုးဓါတ်တော်အိုး ရှာဖွေတွေ့ရှိခြင်း ၁

ဗုဒ္ဓ ၏ အရိုးဓါတ်တော်အိုး ရှာဖွေတွေ့ရှိခြင်း ၁

အွန်လိုင်းလောင်းကစားကြောင့် လူ ၁၄ ယောက်ကို သက်*ခဲ့သူ  -  Am Cyanide အကြောင်း - Murder Monday #ep10

အွန်လိုင်းလောင်းကစားကြောင့် လူ ၁၄ ယောက်ကို သက်*ခဲ့သူ - Am Cyanide အကြောင်း - Murder Monday #ep10

Miss Universe ဖြစ်ဖို့ အစွမ်းကုန် ကြိုးစားနေတဲ့ Na Na

Miss Universe ဖြစ်ဖို့ အစွမ်းကုန် ကြိုးစားနေတဲ့ Na Na

Khit Thit သတင်းဌာန၏ ဒီဇင်ဘာ ၂ ရက် မနက်ပိုင်း ရုပ်သံသတင်းအစီအစဉ်

Khit Thit သတင်းဌာန၏ ဒီဇင်ဘာ ၂ ရက် မနက်ပိုင်း ရုပ်သံသတင်းအစီအစဉ်

Мирная старая Бирма 60 лет назад

Мирная старая Бирма 60 лет назад

5 BIGGEST Financial Mistakes in Myanmar to Avoid

5 BIGGEST Financial Mistakes in Myanmar to Avoid

MGI လုပ်ပွဲကိုမှ အားပေးမိသူများကို ပြန်လှော်ခန်း.. ဒင်းတို့ ငိုခန်း.. အဟိ

MGI လုပ်ပွဲကိုမှ အားပေးမိသူများကို ပြန်လှော်ခန်း.. ဒင်းတို့ ငိုခန်း.. အဟိ

နယ်စပ်ခြင်းကြားတပ်ကို ဝင်တိုက်ခဲ့တဲ့ ရမ်ဘို - Recap by BTM ( ဘီတီအမ် )

နယ်စပ်ခြင်းကြားတပ်ကို ဝင်တိုက်ခဲ့တဲ့ ရမ်ဘို - Recap by BTM ( ဘီတီအမ် )

© 2025 dtub. Все права защищены.



  • Контакты
  • О нас
  • Политика конфиденциальности



Контакты для правообладателей: [email protected]