မသေချာ မရေရာတဲ့ ကမ္ဘာကြီးမှာ ခံနိုင်ရည်စွမ်းကောင်းတဲ့ ကလေးတွေ ဘယ်လိုမွေးမြူကြမလဲ
Автор: DrWaiYan
Загружено: 2025-04-14
Просмотров: 479
မသေချာ မရေရာတဲ့ ကမ္ဘာကြီးမှာ ခံနိုင်ရည်စွမ်းကောင်းတဲ့ ကလေးတွေ ဘယ်လိုမွေးမြူကြမလဲ
မသေချာတဲ့ ကမ္ဘာကြီးဆိုတာ ကြီးကျယ်လွန်းပါတယ်။ ဒီတော့ ချုံ့ပြီးပြောရရင် ကျနော်တို့ နိုင်ငံအနေနဲ့ပဲ ပြောကြပါစို့။
နိမ့်မြင့်တက်ကျ စတဲ့ လောကဓံတရားတွေဟာ ကျနော် တို့တွေဆီကို တချိန်မဟုတ် တချိန်ရောက်လာတတ်ကြတာပါပဲ။
ကျနော်တို့ နိုင်ငံမှာကျတော့ ဘုရားရှိခိုးထဲက မကြုံပါရပါစေနဲ့လို့ ဆုတောင်းထားသမျှ အကုန်လုံးနီးပါး စီးရီးဆွဲထားသလားအောက်မေ့ရတယ်။ တခုပြီးတခုကြုံနေကြရတယ်။
ရေဘေး၊ မီးဘေး၊ ရောဂါဘေး၊ စစ်ဘေး၊ အငတ်ဘေး၊ မအလဘေး ခုနောက်ဆုံး ငလျင်ဘေး…
ဒီလိုဘေးမျိုးတွေ၊ အထူးသဖြင့် သဘာဝဘေးတွေ စတာတွေနဲ့ ကြုံလာတဲ့အခါ တခါတလေ ကိုယ်ဘာမှ ပြန်လုပ်လို့မရဘဲ ငြိမ်ခံလိုက်ရတာတွေ ရှိတယ်ပေါ့။ ပြီးခဲ့တဲ့ ငလျင်မှာ ကြည့်ရင် ကိုယ်ချစ်တဲ့ ခင်တဲ့သူတွေ သေကြေပျက်စီးကြရတာတွေ၊ ဒဏ်ရာ အနာတရရပြီး ခြေလက်အင်္ဂါ ပျက်စီးတာတွေ ဒါတွေကြည့်ပြီး စိတ်သောကရောက်ကြရတယ်။
ဒီနေ့ပြောမှာက ဒီလို ဘေးတွေ ကြုံလာရင် စိတ်သောကမရောက်ရအောင် စိတ်မညစ်ဘဲနေနိုင်အောင် နေဖို့ နည်းလမ်းတွေ ပြောပြမှာမဟုတ်ဘူး… ပြောလို့လဲမဖြစ်နိုင်ဘူး… ဘာလို့လဲဆိုတော့ စိတ်သောကက အနည်းနဲ့ အများရောက်ကြမှာပဲ။
ဒါ့ကြောင့် ပြောချင်တာက ခုလို စိတ်ညစ်လာရင်၊ သောကဖိစီးလာရင် ဘယ်လိုသက်သာအောင်နေကြမလဲ။ အထူးသဖြင့် ကလေးသူငယ်တွေနဲ့ ဆယ်ကျော်သက်တွေကို ကျနော်တို့ လူကြီးတွေ အနေနဲ့ ဘယ်လိုဖေးမကြမလဲ… စိတ်ပိုင်းဆိုင်ရာ ခံနိုင်ရည်ကောင်းတဲ့ ကလေးတွေဖြစ်ဖို့ ကျနော်တို့ ဘယ်လိုပြုစုပျိုးထောင်ကြမလဲ… ဒါကိုဒီနေ့ပြောမှာဖြစ်ပါတယ်။
ကလေးတွေကို ဘာကြောင့် အဓိကဦးတည်ပြီးပြောရလဲဆိုရင် ကလေးဆိုတာ စိတ်ဓာတ်မရင့်ကျက်သေးဘူး… ကြောင်းကျိုးမဆင်ခြင်နိုင်သေးဘူး။ ကလေးဘဝမှာ တခုခုများ စိတ်ဒဏ်ရာစွဲသွားရင် တသက်လုံးကုစားဖို့ မလွယ်နိုင်တော့ဘူး။ တချို့ကလေးတွေ မိဘမဲ့သွားတယ်၊ သူတို့အိမ်တွေ ပျက်စီးသွားတယ်၊ သူတို့ သူငယ်ချင်းတွေ ဆရာဆရာမတွေ မရှိတော့ဘူး။ ဒါက ငလျင်ဘေးကြုံရတဲ့ ကလေးတွေကိုတင် ဦးတည်ပြောတာမဟုတ်ပါဘူး၊ ကျနော်တို့ စစ်ဘေးရှောင်နေရတဲ့ ကလေးတွေလည်း တပုံတပင်ကြီးရှိနေပါသေးတယ်။
အဲ့တော့ ဒီလိုကလေးတွေ ကိုယ့်အနားမှာ ရှိနေလား…ကိုယ်နဲ့ သွေးသားတော်စပ်သည်ဖြစ်စေ မတော်စပ်သည်ဖြစ်စေ… ရှိနေရင် အခုပြောမဲ့ အချက်ကလေးတွေနဲ့ အတတ်နိုင်ဆုံး ဖေးမ ကူညီနိုင်ပါတယ်။
YouTube link / @everythingawesomeburma
Facebook link / everythingawesomebydrwaiyan
/ htunwaiyan.lwin
🚑MEDICAL DISCLAIMER
This content is for educational and informational purposes only. It is not intended to be a substitute for professional medical advice, diagnosis, or treatment. Please consult with a physician with any questions that you may have regarding a medical condition. Never disregard professional medical advice or delay in seeking it because of something you watch in this video. We strive for 100% accuracy, but errors may occur, and medications, protocols, and treatment methods may change over time.
#Everythingawesomeburma #drwaiyan #myanmar #myanmarearthquake
music original - ABBA Gimme! Gimme! Gimme! Remixed by myself
music use is not for profit for entertaining purpose
Доступные форматы для скачивания:
Скачать видео mp4
-
Информация по загрузке: